အရူးတစ်ယောက်၏ကဗျာများ (၂၄)
ရင်ဘတ်ထဲမှာ တစ်ခုခုဟာ ကန့်လန့်ခံနေတယ်
ငါ့ရှေ့မှ.တားစီးထားသမျှ
ငါ..ပြန်မတားစီးဖြစ်တဲ့အခါ
မနက်ဖြန်ဟာ ဘေးဖိတ်ကျသွားတဲ့ ထမင်းလုံးလိုပဲ။
(ဆိုတော့.......)
အူတူတူ..အတတ..ကောင်လေးတစ်ယောက်ခမျ
မွတ်သိပ်ခြင်းတွေနဲ့...မွန်းတယ်....။
ရင်ထဲကအတိုင်း မြွေပွေးတစ်ကောင်ရဲ့အိုက်တင်မျိုး
ဆင်ကန်းတောတိုးသလို မိုက်မိုက်မဲမဲနဲ့..
ကိုယ့်နူတ်ခမ်းကိုယ် ဖိကိုက်ဖြစ်ခဲ့တယ်။
ငါသယ်ဆောင်လာသမျှ..
ပျောက်ရှလို့သွားတဲ့ အကြောင်းတရားတွေဟာ
အကောင်းလား၊အဆိုးလား
တော်တာလား၊မတော်တာလား
(သင့်၏/မသင့်၏)
ဘာတစ်ခုမှ..မစဉ်းစားမဆင်ခြင်ဖြစ်ဘဲနဲ့
ကိုယ်ဘဝ..ကိုယ်ဝှတ်လို့
ကိုယ့်ဟာကိုယ်...ခပ်တည်တည် လမ်းသလား
ရင်ဘတ်ထဲမှာလား
ချုပ်ရိုးပေါ်င်းများစွာနဲ့ ညမှာကျောခင်း
အပျင်းပြေ ခြေလတ်ဆန့်ချင်တာတောင်
ကိုက်ခဲမူကိုတော့..ရှောင်ဖို့ခက်တယ်..။
ဒီတော့လည်း
ငါလိုကောင်အတွတ်
အသားမာတတ်ဖို့ ခက်တာ
ဘာများဆန်းသလဲ...။
Dec1.2016
Minsetwai
ရင်ဘတ်ထဲမှာ တစ်ခုခုဟာ ကန့်လန့်ခံနေတယ်
ငါ့ရှေ့မှ.တားစီးထားသမျှ
ငါ..ပြန်မတားစီးဖြစ်တဲ့အခါ
မနက်ဖြန်ဟာ ဘေးဖိတ်ကျသွားတဲ့ ထမင်းလုံးလိုပဲ။
(ဆိုတော့.......)
အူတူတူ..အတတ..ကောင်လေးတစ်ယောက်ခမျ
မွတ်သိပ်ခြင်းတွေနဲ့...မွန်းတယ်....။
ရင်ထဲကအတိုင်း မြွေပွေးတစ်ကောင်ရဲ့အိုက်တင်မျိုး
ဆင်ကန်းတောတိုးသလို မိုက်မိုက်မဲမဲနဲ့..
ကိုယ့်နူတ်ခမ်းကိုယ် ဖိကိုက်ဖြစ်ခဲ့တယ်။
ငါသယ်ဆောင်လာသမျှ..
ပျောက်ရှလို့သွားတဲ့ အကြောင်းတရားတွေဟာ
အကောင်းလား၊အဆိုးလား
တော်တာလား၊မတော်တာလား
(သင့်၏/မသင့်၏)
ဘာတစ်ခုမှ..မစဉ်းစားမဆင်ခြင်ဖြစ်ဘဲနဲ့
ကိုယ်ဘဝ..ကိုယ်ဝှတ်လို့
ကိုယ့်ဟာကိုယ်...ခပ်တည်တည် လမ်းသလား
ရင်ဘတ်ထဲမှာလား
ချုပ်ရိုးပေါ်င်းများစွာနဲ့ ညမှာကျောခင်း
အပျင်းပြေ ခြေလတ်ဆန့်ချင်တာတောင်
ကိုက်ခဲမူကိုတော့..ရှောင်ဖို့ခက်တယ်..။
ဒီတော့လည်း
ငါလိုကောင်အတွတ်
အသားမာတတ်ဖို့ ခက်တာ
ဘာများဆန်းသလဲ...။
Dec1.2016
Minsetwai
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်