ယုတ်ညံသောအစီအရင်
မှော်ပညာတွင် ယုတ်ညံသော
အစီအရင်များပြုလုပ်ခြင်းကို ကွင်းထောင်ခြင်း(သို့မဟုတ်)ဘူးသွင်းခြင်းဟု ခေါ်ကြသည်။
ထိုကွင်းထောင်ခြင်းမှာ ငါးမျိုးရှိ
ပြီး ထိုငါးမျိုးမှာ _
၁။လူကိုကွင်းထောင်ခြင်း
၂။ပညာကို ကွင်းထောင်ခြင်း
၃။ဥစ္စာကို ကွင်းထောင်ခြင်း
၎။ရန်မူလိုသောကြောင့် ကွင်းထောင်ခြင်း
၅။အပိုင်စီးလိုသောကြောင့် ကွင်းထောင်ခြင်းတို့ပင် ဖြစ်သည်။
လူကို ကွင်းထောင်ခြင်းဆိုသည်မှာ အနုနည်း၊အကြမ်းနည်းသုံး
ပြီး ရအောင်ယူခြင်းပင်ဖြစ်သည်။
ထိုအတူ ရန်မူလိုသောကြောင့် ကွင်းထောင်ခြင်းဆိုသည်မှာလည်း လူတစ်ဦးတစ်ယောက်ကို နစ်နာစေလိုသောစိတ်ဖြင့် ဥစ္စာပစ္စည်းများပျတ်စီးအောင်၊အရှက်
တကွဲအကျိုးနည်းဖြစ်အောင် လုပ်ခြင်းပင်ဖြစ်သည်။
ထိုသို့မကောင်းမူများကို စီရင်ခြင်းမှာ ယုတ်ညံခြင်းမည်၏။ဟိန္နူတို့၏ မှော်ပညာဝါဒတွင် မှော်ပညာကို ကောင်းမွန်စွာအသုံးချခြင်းမျိုးကို
ပင် ခွင့်ပြုသည်။ထိုသို့မှော်ပညာကို ကောင်းစွာအသုံးချသောသူများမှာ ဆာဒူးများနှင့် ဖကီးများပင်ဖြစ်သည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်