ကဗလာမဟာဂန္ဓာရီဂိုဏ်း
ကဗလာပညာကို အစ္စရေးလူမျိုးတို့၏ ရှေးဟောင်းဟီဘရူးဘာသာဝင်တို့မှ စတင်ခဲ့ကြသည်ဟုဆိုကြသည်။အာဒမ်နှင့်ဧဝတို့၏အနွယ်တော်အီဘရာဟမ်သည် အီဂျစ်သို့ရောက်လာပြီးနောက်ကဗလာဂန္ဓာရီပညာကို ဂျူးတို့အားလက်ဆင့်ကမ်းပေးခဲ့သည်။ထိုကြောင့်ယနေ့ ကမ္ဘာပေါ်တွင်ရှိသော ထင်ရှားသည့်ဂန္ဓာရီဂိုဏ်းများထဲတွင် ကဗလာဂန္ဓာရီပညာမှာ ရှေးအကျဆုံးဖြစ်ပေသည်။အချို့သော သုတေသီများ၏အဆိုအရ ဂျူးတို့သည်ကဗလာပညာကိုအာရှအရှေ့ပိုင်း ဟိမဝန္တာရှိ သူတော်စင်ဂိုဏ်းကြီးမှ စတင်ရရှိခဲ့သည်ဟု ဆိုကြပြန်သည်။ကဗလာပညာရှင်များသည်နေ့စဉ်လက်တွေ့နေထိုင်မူဘဝတွင်ကာယကံ၊ဝစီကံ၊မနောကံ သုံးပါးကို ဖြူစင်သန့်ရှင်းအောင်ကျင့်သုံးနေထိုင်ကြသည်။ထိုသို့နေ့စဉ်ကျင့်သုံးနေထိုင်ခြင်းဖြင့်သူတို့၏ရုပ်နှင့်စိတ်ကိုပိုင်နိုင်အောင်၊သန့်ရှင်းအောင်ပြုလုပ်ကြသည်။ထိုနောက်ဂိုဏ်း၏ကျင့်စဉ်များကိုကျင့်ကြသည်။ထိုသို့ကျင့်ကြံရင်းဖြင့်အောင်မြင်သွားကြသော ကဗလာပညာရှင်များလည်းပေါ်ပေါ်က်လာခဲ့သည်။ထိုသူတို့မှာပါရာဆဲလ်ဆပ်၊စပင်နိုဇာ၊ဆော်လမွန်ဘုရင်၊နော်စတြာဒါးလ်မတ်၊အပိုလိုနီးယပ်စ်၊ဗလာဗက်စကီးတို့ပင်ဖြစ်သည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်