Saturday, December 10, 2016

ဖရီ​မေဆင်​ဂိုဏ်း

ဖရီ​မေဆင်​ဂိုဏ်း
ဖရီ​မေဆင်​ဂိုဏ်းကို မြန်​မာတို့က ပသျူး​ခေါ်င်းပြတ်​ဂိုဏ်းဟု ​ခေါ်ခဲ့ကြသည်​။ထိုဂိုဏ်းသည်​လျို့ဝှတ်​သိပ်​သည်းပြီး ပ​ဟေဠိ ဆန်​ကာ နားလည်​ရခက်​​သော ဂိုဏ်းပင်​ဖြစ်​သည်​။ယင်း၏မူလအစ ဇစ်​မြစ်​မှာ အီဂျစ်​မှဖြစ်​သည်​ဟုလည်းဆိုကြသည်​။
ထိုဂိုဏ်း၏မူလအစတွင်​ယင်းတို့သည်​ယင်းတို့၏အ​ဆောက်​အဦးများကို ​ကျောက်​တုံးများဖြင့်​တည်​​ဆောက်​ခဲ့ကြသည်​။အ​ဆောင်​ပစ္စည်းများကို ​ကြေးထည်​ဖြင့်​လုပ်​ကြသည်​။ထို​ကျောက်​တုံးနှင့်​​ကြေးထည်​များကို အ​ခြေခံ​သော ​ရှေးကျလှသည့်​ပန်းရန်​နှင့်​ပန်းတဉ်းအတတ်​ပညာရှင်​များသည်​သူတို့၏အတတ်​ပညာများကို လျိုဝှတ်​ထား​လေ့ရှိကြပြီး အသင်းဖွဲ့ခဲ့ကြသည်​။ထိုသို့​သော ဂိုဏ်းမျိုးကို အင်္ဂလန်​နိုင်​ငံတွင်​ ၁၄ရာစုခန့်​က ​တွေ့ရှိခဲ့ကြသည်​။ဖရီ​မေဆင်​ ဂိုဏ်းအ​ကြောင်းကို ၁၈၃၉ခုနှစ်တွင်​သု​တေသီ​ဟောလီဝဲလ်​ ဖီလစ်​ပတ်​(Halli Well Philippes)က ဖရီ​မေဆင်​ဂိုဏ်း၏အဖွဲ့ဝင်​များထဲတွင်​​​ခေါမ​ခေတ်​သချာင်္ပညာရှင်​ ယူကလစ်​ကို အသင်းတည်​​ထောင်​သူများစာရင်းတွင်​ထည့်​ထားသည်​ဟု ​ဖော်​ပြခဲ့ဖူးသည်​။ထိုဂိုဏ်းသည်​ အများထင်​မြင်​ယူဆထားသလို ရက်​စက်​ကြမ်းကြုတ်​​သော ဂိုဏ်းတစ်​ခုမဟုတ်​​ချေ။ယင်းတို့သည်​ အဖွဲ့ဝင်​အချင်းချင်း ​ဆွေမျိုးသားချင်းသဖွယ်​ ရိုင်းပင်းကူညီကြသူများသာ ဖြစ်​သည်​။ထိုဖရီ​မေဆင်​ဂိုဏ်းသားတို့သည်​ဂန္ဓာရီပညာနှင့်​ပတ်​သတ်​​သောအစီအရင်​များကို အဓိကထားပြီး ​လေ့လာကြသည်​။ယင်းတို့၏ အစီအရင်​ပညာဟူသည်​မှာ အခင်းအကျင်း၊အ​ဆောင်​အရွက်​၊ပရိ​ဘောဂစသည့်​တို့ကို သူ့​နေရာသူ တိတိကျကျ​နေရာချခြင်းပင်​ဖြစ်​သည်​။ထိုသို့ ​နေရာချရာတွင်​အ​ဆောက်​အဦးများကို အ​ရှေ့ဘက်​သို့သာ မျတ်​နှာမူထားတတ်​ကြပြီး ဂိုဏ်းဌာနချုပ်​အခင်းကိုလည်း အဖြူ၊အနတ်​​ကျောက်​ပြားများဖြင့်​သာခင်းကြ​လေသည်​။ယင်းမှာ ကမ္ဘာ​မြေကြီး၏ ​မြေသားအတွင်းရှိ စွမ်းအင်​တို့နှင့်​လိုက်​​လျောညီ​ထွေဖြစ်​​အောင်​စီမံခြင်းပင်​ဖြစ်​သည်​။ထိုအပြင်​ အမိုးများကိုလည်း ​ရောင်​စုံခြယ်​သကြကာ အာကာသအတွင်းမှ cosmic rayတို့၏ စွမ်းအင်​ကို ရယူကြ​လေသည်​။ခန်းမ​ဆောင်​ကို စီရင်​ရာတွင်​မူ ခန်းမအလယ်​တွင်​ ပလ္လင်​ကို ထားရှိ​စေပြီး အထက်​တွင်​မူ ​ခြောက်​​မြှောင့်​ကြယ်​တစ်​လုံးကို ​ရေးဆွဲထားကြသည်​။ထိုကြယ်​​နေရာတွင်​ မီးထွန်းထားကြသည်​။ဂိုဏ်းချုပ်​ထိုင်​​သော ပလ္လင်​အ​ပေါ်တည့်​တည့်​တွင်​မူ ငါး​မြှောင့်​ကြယ်​ကို ​ရေးဆွဲထားကြသည်​။ထိုကြယ်​ကို ​ဆော်​လမွန်​ကြယ်​တာရာဟုလည်း ​ခေါ်သည်​။ထို​နောက်​ အခန်း၏​ထောင့်​၎​ထောင့်​တွင်​ပန်းဟွးများကို တပ်​ဆင်​ထားကြပြီး ထိုပန်းဟွး၎ခု၏ ​ဖော်​ညွှန်းချက်​မှာ ဖရီ​မေဆင်​ဂိုဏ်းများသည်​ တရားမျှတမူ၊သည်းခံနိုင်​မူ၊ချင့်​ချိန်​နိုင်​မူ၊​လောကဓံကို ခံနိုင်​ရည်​ရှိမူတို့ပင်​ဖြစ်​သည်​။ဖရီးမေဆင်ဂိုဏ်းတို့၏ ထုံးစံအရ အသင်းသားအသစ်တစ်ယောက် ရောက်လာပြီဆိုလျှင် ဂိုဏ်းချုပ်က အမေးအဖြေပြုလုပ်ရသည်။ပြီးလျှင် အသင်းသားသစ်သည် မိမိလည်းပင်းပြတ်လိုကပြတ်ပါစေ အသင်း၏လျိုဝှတ်ချက်များကို မပေါ်က်ကြားစေရပါဟူသော အဓိပ္ပါယ်ကိုရည်ညွှန်းသည့်အနေဖြင့် မိမိလည်ပင်းပေါ်သို့ ညာလက်ကိုတင်ပြီး ဖြတ်ဟန်ပြုသည့်သဘောနှင့် နူတ်ဆတ်ရလေသည်။ထိုနောက် ဂိုဏ်းချုပ်က ဂိုဏ်းသားသစ်ကို စကားဝှတ်ပေးရသည်။ထိုစကားဝှတ်ကို Boaz ဟုခေါ်၏။Boaz၏အဓိပ္ပါယ်မှာ မြင့်မြတ်သောနယ်မြေ Holy Landရှိ ဆော်လမွန်ဘုရင်ကြီး၏ ဝတ်ကျောင်းတော်အဝင်ဝမှ ဘယ်ဘက်ခြမ်းရှိတိုင်ကို ခေါ်ခြင်းပင်ဖြစ်သည်။ထိုအချိန်က ထိုဂိုဏ်းတို့သည် အမျိုးသမီးများကို ဂိုဏ်းဝင်အဖြစ် လက်သင့်မခံကြသေးပေ။ထိုနောက်ပိုင်း 1781ခုနှစ်တွင် အီဂျစ်တို့၏ ဖရီမေဆင်ဂိုဏ်းကြီကို ကတ်ဂလီယိုစကြိုက စတင် တည်ထောင်ခဲ့သည်။သူသည် အမျိုးသမီးများကိုလည်း ဂိုဏ်းဝင်အဖြစ် လက်ခံပေးခဲ့သည်။ထိုအီဂျစ်အစီအရင် ဖရီးမေဆင်ဂိုဏ်းကြီးဖွင့်ပွဲတွင် ထိုစဉ်က လျှမ်းလျှမ်းတောက်နေသော မိဖုရားကြီး အင်တွိုင်းနတ်ကိုယ်တိုင် တတ်ရောက်အားပေးခဲ့ဖူးသည်ဟူ၏

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်