Thursday, December 15, 2016

တစ်ချိန်တုန်းက ကဗျာလေး

အရူးတစ်ယောက်၏ကဗျာများ(၃၆)
တစ်ချိန်တုန်းက ကဗျာလေး

မင်းခြေ၇င်းမှာ
ကြွေနေတဲ့ပန်းတွေ............
မင်းလွတ်ပစ်တတ်တဲ့ 
ပီကေခွံနဲ့ စက္ကူစုတ်တွေ......
မင်းအတွတ်
အသုံးမ၀င်တဲ့အပေါစားလက်ဆောင်တွေ........
ငါနဲ့ ... ညီမျှခြင်းထိုးလိုက်၇ုံနဲ့တင်
မင်း..
အနိုင်ရခဲ့ပြီသားပဲလေ..။
မင်းသိပါတယ်.........................
အချစ်ဆိုတာ
လူ၇ွင်တော် ပါးစပ်ထဲက စကားလုံးမို့
မင်းဇတ်လမ်းပေါ်......မှာ
အ...သုံးလုံးမကြေပဲ....၀င်ကမိတာဟာ
အမှားကြီးကြီး
ငွေပေးဝယ်ရတာမျိုးပါ...။
ဒါပေမယ့်
မကျေနပ်တဲ့ စိတ်တွေနဲ့ ငါ ကျေနပ်နေခဲ့ပါတယ်
မောဟတစ်ချို့နဲ့ အရိုးစွဲပြီး
ညနေတိုင်းမှာလည်း.. ငါအခါခါသေဆုံးနေခဲ့ပါတယ်....။
အိမ်စာမလုပ်တဲ့
ကျောင်းသားတယောက်လိုမျိုးပဲပေါ့ဟာ
ငါ့ မနက်ဖြန်က
ထိတ်တလန့်လန့်နဲ့ကိုဖြစ်လို့
အတွေးတွေ တိမ်တွေစွဲရင်း
မီးေ၇ာင်အောက်က ပိုးဖလံတွေတောင်.
ငါနဲ့ တူနေသယောင်ယောင်မို့
ငါ့ ဟောင်းလောင်းပေါက် အိပ်ကပ်ထဲက
နင့်အကြောင်းရေးထားတဲ့ ........
ကဗျာစာ၇ွတ်လေး........
ငါပြန်နှမျှောနေမိခဲ့တာ
ဖြတ်သွား၊ဖြတ်လာတွေတောင် သိနေတယ်။
Dec15.2016
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်