အက်ဆင်နီမဟာဂန္ဓာရီဂိုဏ်း
ပါလတ်စတိုင်းတွင် ဂျုဒါဝါဒခေါ် ဂျူးလူမျိုးတို့ တစ်ယူသန်ဝါဒ မိုးကောင်းနေချိန်တွင် သဒ္ဓမ္မသူတော်စင်အဖွဲ့၏အနွယ်ဝင်အက်ဆင်နီတို့မှာ အက်ဆင်နီမဟာဂန္ဓာရီဂိုဏ်းကို ထူထောင်ခဲ့သည်။ထိုဂိုဏ်းသည်အထင်ကရဂိုဏ်းတစ်ခုဖြစ်သော်လည်း လူသိနည်းလှသည်။၁၉၅၀ခန့်က အင်ဂါနီအရပ်အနီး ပင်လယ်ကမ်းပါးပေါ်ရှိ ကျောက်လှိုင်ဂူအတွင်း၌ သားရေဖြင့်ရေးမှတ်ထားသော အက်ဆင်နီတို့၏မှတ်တမ်းကို တွေ့ရှိခဲ့ရသည်။
ယင်းဂိုဏ်းဝင်တို့သည်လူ၏ခန္ဓာကိုယ်နှင့်စိတ်တွင်ဖြစ်ပေါ်သော ရောဂါဝေဒနာများကို ကုသပေးကြသည်။ထိုသို့ကုသပေးရာတွင်ဆေးပင်ဆေးရွက်များရှာဖွေစုဆောင်းခြင်း၊ဆေးဖော်ခြင်း၊ရောဂါရှာဖွေခြင်းနှင့်ကုသခြင်းတို့ကို ဂါထာမန္တန်များရွတ်ဖတ်ခြင်းဖြင့်လည်းကောင်း၊အစီအရင်များပြုလုပ်၍လည်းကောင်း၊မနောဓာတ်ဖြင့်လည်းကောင်း အသုံးပြုကုသကြခြင်းဖြစ်သည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်