အရူးတစ်ယောက်၏ကဗျာများ (၃၈)
အိမ်လွမ်းသူအတွတ်ကဗျာ

တစ်ယောက်တည်း အိမ်လွမ်းစိတ်တွေနဲ့ အားငယ်နေလားကွယ်
ဒီလမ်းပေါ်မှာ ဒီအလွမ်းတွေကို ငါ့ကဗျာက ချွေးသိပ်စေမှာပါ
မင်းဖတ်ကြည့်ဖို့လေ
ဟော့ဒီကဗျာတွေရေးခဲ့တယ်..
မင်း မသိတဲ့အချိန်တစ်ခုဆီမှာလေ
မင်းအတွတ် ငါ့ကဗျာတွေ
မင်းဆီမှာ အာရုံကျက်စားခဲ့တယ်...။
တဒင်္ဂလို့တော့မထင်နဲ့ကွယ်
မင်းအိမ်လွမ်းစိတ်နဲ့ မွန်းကျပ်ချိန်
မင်းစိတ်တွေဖြေလျော့ပေးဖို့
ငါဟာ ကဗျာလောက်ပဲရေးတတ်သူဆိုတော့
ဟော့ဒီကဗျာထဲမှာ
မင်းအတွတ် အဖော်တစ်ယောက်
ဖန်ဆင်းရေးဖွဲ့ပေးလိုက်တယ်..။
အဖော်မွန်ကို ဒီကဗျာထဲမှာတွေ့လိုက်တဲ့အခါ
မင်းရဲ့ဝမ်းသာကြည်နူးစိတ်ဟာ
ငါ့အတွတ်ပိတိဖြစ်တယ်ဆိုတာ
အမြဲအမှတ်ရမယ်ဆို
ဟော့ဒီကဗျာဟာ
တန်ဖိုးမြင့်မြတ်နေတော့မှာ..။
ဆိုတော့
လွမ်းတာ လွမ်းတာပေါ့နော်
ဒါပေမယ့်
ဖြေစရာတော့.
ရှာရင်တွေ့တတ်ပါတယ်ကွယ်...။
Dec19.2016
Minsetwai
အိမ်လွမ်းသူအတွတ်ကဗျာ

တစ်ယောက်တည်း အိမ်လွမ်းစိတ်တွေနဲ့ အားငယ်နေလားကွယ်
ဒီလမ်းပေါ်မှာ ဒီအလွမ်းတွေကို ငါ့ကဗျာက ချွေးသိပ်စေမှာပါ
မင်းဖတ်ကြည့်ဖို့လေ
ဟော့ဒီကဗျာတွေရေးခဲ့တယ်..
မင်း မသိတဲ့အချိန်တစ်ခုဆီမှာလေ
မင်းအတွတ် ငါ့ကဗျာတွေ
မင်းဆီမှာ အာရုံကျက်စားခဲ့တယ်...။
တဒင်္ဂလို့တော့မထင်နဲ့ကွယ်
မင်းအိမ်လွမ်းစိတ်နဲ့ မွန်းကျပ်ချိန်
မင်းစိတ်တွေဖြေလျော့ပေးဖို့
ငါဟာ ကဗျာလောက်ပဲရေးတတ်သူဆိုတော့
ဟော့ဒီကဗျာထဲမှာ
မင်းအတွတ် အဖော်တစ်ယောက်
ဖန်ဆင်းရေးဖွဲ့ပေးလိုက်တယ်..။
အဖော်မွန်ကို ဒီကဗျာထဲမှာတွေ့လိုက်တဲ့အခါ
မင်းရဲ့ဝမ်းသာကြည်နူးစိတ်ဟာ
ငါ့အတွတ်ပိတိဖြစ်တယ်ဆိုတာ
အမြဲအမှတ်ရမယ်ဆို
ဟော့ဒီကဗျာဟာ
တန်ဖိုးမြင့်မြတ်နေတော့မှာ..။
ဆိုတော့
လွမ်းတာ လွမ်းတာပေါ့နော်
ဒါပေမယ့်
ဖြေစရာတော့.
ရှာရင်တွေ့တတ်ပါတယ်ကွယ်...။
Dec19.2016
Minsetwai
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်