အရူးတစ်ယောက်၏ကဗျာများ(၃၉)
Dec17
နောက်ဆုံးတော့လည်း
ငါတို့ဟာ ကလေးလေးတွေပြန်ဖြစ်သွားသလိုပဲနော်
စိတ်ကြည်နူးစွာနဲ့လေ
အမှတ်တရတစ်ခု အတူရေးခြစ်ခဲ့ကြတာ
အဲဒီ ကရဝိတ်ရဲ့ရှေ့နားက
ခုံတန်းပြာပြာ.....။
ရင်ထဲမှာ လွတ်လပ်ပေါ့ပါးနေရင်းနဲ့
အရမ်းချစ်ဖို့ကောင်းတာပဲဆိုတဲ့ စကားမျိုး
ရုတ်တရတ် လွှတ်ခနဲ မင်းပြောလိုက်တဲ့အခါ
မင်းအတွတ် အနမ်းတို့မှာ
ငါရဲ့ စိတ်ကျေနပ်ခြင်းတွေနဲ့ သုတ်လိမ်းစီခြယ်မိတော့
အချစ်ရယ်...ဘာမှမလိုတော့ဘူးပေါ့ကွာ
ရေမွန်ဆိုထားတဲ့ သီချင်းလို
ငါ သေလို့ရနေပြီ..မှတ်လား..
အဲဒါပါပဲ..ကွာ
ငါတို့မာနတွေ၊အတ္တတွေကို ဝှတ်ပြီး
တို့ကြားက နားလည်မူကို အသက်သွင်းရတာ
အချစ်ရဲ့ရသပါလို့..
ငါ..ပြောပြချင်မိရုံပါ။
အချစ်ဟာ အနှောင်အဖွဲ့ကို ကွာကျစေခဲ့
အချစ်ဟာ လွတ်လပ်ပေါ့ပါးမူကို စားသုံးစေခဲ့
အချစ်ဟာ မနေ့ကကို မေ့ပျောက်ပစ်စေခဲ့
အချစ်ဟာ..ငါကို..တန်ခိုးကြီးစေခဲ့
အဲလိုမျိုး
အချစ်ဟာ...အစစ..အရာရာမဖြစ်သည့်တိုင်အောင်
ဘဝကိုမောင်းနှင်အား ကောင်းမွန်စေတဲ့
ဆီတစ်မျိုးလိုမျိုး
တစ်စိတ်တစ်ပိုင်းမှာ အရေးပါနေသေးရဲ့..။
အဲဒီနေ့အတွတ်
ကျေးဇူးအထူးတင်ပါတယ် ချစ်ရယ်။
Dec21.2016
Minsetwai
Dec17
နောက်ဆုံးတော့လည်း
ငါတို့ဟာ ကလေးလေးတွေပြန်ဖြစ်သွားသလိုပဲနော်
စိတ်ကြည်နူးစွာနဲ့လေ
အမှတ်တရတစ်ခု အတူရေးခြစ်ခဲ့ကြတာ
အဲဒီ ကရဝိတ်ရဲ့ရှေ့နားက
ခုံတန်းပြာပြာ.....။
ရင်ထဲမှာ လွတ်လပ်ပေါ့ပါးနေရင်းနဲ့
အရမ်းချစ်ဖို့ကောင်းတာပဲဆိုတဲ့ စကားမျိုး
ရုတ်တရတ် လွှတ်ခနဲ မင်းပြောလိုက်တဲ့အခါ
မင်းအတွတ် အနမ်းတို့မှာ
ငါရဲ့ စိတ်ကျေနပ်ခြင်းတွေနဲ့ သုတ်လိမ်းစီခြယ်မိတော့
အချစ်ရယ်...ဘာမှမလိုတော့ဘူးပေါ့ကွာ
ရေမွန်ဆိုထားတဲ့ သီချင်းလို
ငါ သေလို့ရနေပြီ..မှတ်လား..
အဲဒါပါပဲ..ကွာ
ငါတို့မာနတွေ၊အတ္တတွေကို ဝှတ်ပြီး
တို့ကြားက နားလည်မူကို အသက်သွင်းရတာ
အချစ်ရဲ့ရသပါလို့..
ငါ..ပြောပြချင်မိရုံပါ။
အချစ်ဟာ အနှောင်အဖွဲ့ကို ကွာကျစေခဲ့
အချစ်ဟာ လွတ်လပ်ပေါ့ပါးမူကို စားသုံးစေခဲ့
အချစ်ဟာ မနေ့ကကို မေ့ပျောက်ပစ်စေခဲ့
အချစ်ဟာ..ငါကို..တန်ခိုးကြီးစေခဲ့
အဲလိုမျိုး
အချစ်ဟာ...အစစ..အရာရာမဖြစ်သည့်တိုင်အောင်
ဘဝကိုမောင်းနှင်အား ကောင်းမွန်စေတဲ့
ဆီတစ်မျိုးလိုမျိုး
တစ်စိတ်တစ်ပိုင်းမှာ အရေးပါနေသေးရဲ့..။
အဲဒီနေ့အတွတ်
ကျေးဇူးအထူးတင်ပါတယ် ချစ်ရယ်။
Dec21.2016
Minsetwai
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်