စိတ်ညို့ခြင်း(သို့)အိပ်မွေ့ချခြင်း
စိတ်ညို့ခြင်း၊အိပ်မွေ့ချခြင်း အလုက်များကို များသော အားဖြင့် စိတ်ရောဂါကုဆရာဝန်များသာအသုံးပြုကြပါသည်။သို့သော်လည်း မှော်ပညာတွင်လည်း တစ်ခါတစ်ရံထိုပညာရပ်ကို ထုတ်ယူသုံးစွဲကြောင်းတွေ့ရှိရပါသည်။အိပ်မွေ့ချခံထားရသူသည် မနော၏လွှမ်းမိုးခြင်းကို ခံထားရသူဖြစ်သည်။
စိတ်တန်ခိုးဟူသည် မနောစွမ်းအင်သာဖြစ်ပြီး မနောကလွှမ်းမိုးခံထားရသောကြောင့် အိပ်မွေ့ချခံထားရသည့်ကာလတွင် စိတ်၌စွမ်းအင်ပြည့်ဝနေရခြင်းဖြစ်သည်။စိတ်ညို့နည်းပညာမှာ ပထမဆုံးပြန့်နေသောစိတ်ကို ငြိမ်သက်စုစည်းအောင် လုပ်ဆောင်ရသည်။ထိုသို့ လုပ်ဆောင်ရာတွင် ပစ္စည်းကိရိယာ အကူအညီကိုလည်း လိုအပ်လျှင် ယူရသည်။1970ပြည့်နှစ်လောက်က ရုရှားစိတ်ညို့ပညာရှင်များသည် လူ၏ စွမ်းရည်ပုန်းများကို ထုတ်ယူအသုံးချရန် ကြိုးပမ်းခဲ့ကြသည်။ဗလာဒီမာရိုင်ကော့ဗ်သည် ဂီတကျောင်းတတ်နေသော ကျောင်းသားတစ်ဦးကို စိတ်ညို့စမ်းသပ်ကြည့်ခဲ့သည်။ပြီးလျှင် ထိုကျောင်းသားအား မင်းဟာ တယောဆရာကြီး ခရိုက်စလာဖြစ်သွားပြီ ခရိုက်စလာသေပြီး မင်းကိုဝင်စားတာ၊ မင်းဟာ လူဝင်စား ခရိုက်စလာပဲ။အရင် ခရိုက်စလာ ဘဝက တယောထိုးသလို မင်းလည်းထိုးနိုင်တယ်ဟု အမိနမ့ပေးလေရာ ကျောင်းသားမှာ သူကိုယ်သူ တကယ်ပဲ ခရိုက်စလာဝင်စားသည်ဟု ယုံကြည်လက်ခံသွားသည်။ထိုနောက်ပိုင်း၌ ထိုကျောင်းသားသည် ခရိုက်စလာ တယောထိုးသကဲ့သို့ တယောထိုးတတ်လာခဲ့သည်။သို့
သော် သူကို ခရိုက်စလာပုံစံမျိုးဖြစ်အောင် အကြိမ်သုံးဆယ်လောက် လေ့ကျင့်ပေးခဲ့ရသည်ဟူ၏။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်