Sunday, January 1, 2017

ဘောပင်

အရူးတစ်ယောက်၏ကဗျာများ (၄၇)
ဘောပင်

မနေ့ကတော့...
ကိုယ့်သမိုင်းကိုယ်ရေးနိုင်ဖို့
ပျောက်ဆုံးပြီထင်တဲ့ ဘောပင်ကို ရှာဖွေခဲ့ရတယ်။ ။
ဒီနေ့မှာတော့...
အသစ်ချွတ်ချွတ် ဘောပင်နဲ့
စွမ်းသလောက်ရေးထိုးဖို့ စဉ်းစားနေဆဲပဲ။ ။
မနက်ဖြန်ကျတော့
သမိုင်းကို လည်ပြန်ကြည့်ပြီး
ဘာမှမထင်တဲ့ ဒီဘောပင်ကိုပဲ အပြစ်တင်နေပါလိမ့်မယ်။ ။
အဲလိုနဲ့...
ဘောပင်တစ်ချောင်း မှင်ကုန်သွားခဲ့တယ်။
June30.2013
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်