ချန်ကော
ချန်ကောသည် အေဒီ၈ရာစုတွင်ထွက်ရပ်ပေါ်က်သွားသော တရုတ်မှော်ဂန္ဓာရီပညာရှင်ရသေ့ တစ်ဦးဖြစ်သည်။သူကို နန်းတွင်းသို့ကြွရန်အတန်တန်ပင့်ခေါ်သော်လည်း သူသည်မသွားခဲ့ချေ။သို့သော်လည်း အေဒီ၇၀၅တွင် သူကို ဝူဘုရင်မကြီးက ဖိတ်ခေါ်သဖြင့်နန်းတွင်းသို့အသွားတွင်လမ်း၌အသတ်ခံရလေသည်။ချန်ကောသည် ထိုသို့အသတ်ခံရသော်လည်း သေဆုံးသွားခြင်းမရှိဘဲ ကျန်းမာစွာဖြင့်ဂန္ဓာရီခရီးလှည့်လည်နေလေသည်။သူသည် စက္ကူကို ပါးစပ်ထဲမှရေဖြင့်မန်းမှုတ်ပြီး မြင်းဖြူဖြစ်အောင်ဖန်ဆင်းကာ ထိုမြင်းဖြူကိုစီးလျှက် မိုင်ပေါ်င်းများစွာခရီးသွားခဲ့သည်။လိုရာခရီးသို့ရောက်လျှင်မြင်းဖြူကို စက္ကူကဲ့သို့ပြန်ခေါ်က်သိမ်းဆည်းထား၏။ထိုသို့အစွမ်းထက်သော ချန်ကောသည်အေဒီ ၇၂၃၊မင်းဟန်ဘုရင်လက်ထပ်တွင်ပရိတ်သတ်ဗိုလ်ပုံအလယ်၌ ကိုယ်ယောင်ဖျောက်ပြခြင်း၊အဆိပ်သောက်ပြခြင်း၊လက်ဖြင့်ညွှန်ရုံဖြင့် ပန်းများကြွေကျခြင်းများကိုပြုလုပ်ပြခဲ့လေသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်