ဘုရင်ဆော်လမွန်(King Solomon)
ရှေးစကားများအရ ဘုရင်ဆော်လမွန်(King Solomon)သည် အမြော်အမြင်ရှိသော် ဘုရင်တစ်ပါးအဖြစ်သာမဟုတ် မှော်ပညာဆိုင်ရာ စွမ်းဆောင်မူအရှိဆုံးပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်ပြန်သည်။တစ်ကျော့ပြန်
ခေတ်စားလာခြင်းမှာ မှော်ပညာဆိုင်ရာစာများမှာ ဖော်ပြချက်များကြောင့်လည်းဖြစ်သည်။ယင်းကို ဂရီမိုရီးယပ်စ် (grimoires)က စာရေးသားထားခဲ့သည်။တစ်ချိန်က ဆော်လမွန်ဘုရင် မှော်ပါဝါများ မည်သို့ရလာသည်ဆိုသော ဂရီမိုးရီယပ်စ်၏ဆောင်ပါးတွဲများ အရင်းအမြစ်ကို လိုက်ရှာဖို့ ကြိုးပမ်းခဲ့ကြသည်။
ဆော်လမွန်သည် ရှေးရိုးစဉ်လာအရ ဆင်းသက်လာသော မင်းတစ်ပါးဖြစ်သည်ဟု အစောဆုံးကိုးကားချက်များ ရှိခဲ့သည်။ဆော်လမွန်၏အသိညဏ်သည် အရှေ့ဘက်ရှိ
လူအားလုံးနှင့် အီဂျစ်ရှိပညာရှိအားလုံးထက်တောင်မှ
လွန်ကဲနေသည်ဟူ၏။ ဘုရင်တစ်ပါး၏စာဆိုသည် ဆော်လမွန်ဘုရင်၏အကြောင်းကို အကျယ်ချဲ့၍ ဝေဝေဆာဆာဖော်ပြမည်မှာ အမှန်ပင်ဖြစ်သည်။
အထူးသဖြင့် ဆော်လမွန်ကပြောခဲ့သည့် စကားပုံ ၃၀၀၀နှင့် သီချင်း၁၀၀၅ပုဒ်ကို မပါမဖြစ်ဆိုရပေမည်။ထိုအရာများဖြင့်
ယုဒပြည်နှင့် အစ္စရေး
ပြည်ရှိ အတော်များများက ပျော်ရွှင်မြူးတူးစွာဖြင့်
ပင်လယ်ကမ်းခြေမှ အစားအသောက်ရရှိဖို့ ဆုတောင်းမေတ္တာ
ပို့သကြသည်။ဆော်လမွန်သည်
တိဆတ်မှ ဂါဇာအထိ
သူ့ပိုင်နတ်အတွတ်
အီဂျစ်နယ်နိမိတ်အတွင်းရှိ မြစ်၏အရှေ့ဘက်မှ
ဘုရင်များအပေါ်မှာ စိုးမိုးထားခဲ့နိုင်ပြီး အဖက်ဖက်မှာ ငြိမ်းချမ်းမူရှိခဲ့သည်။
ထိုကြောင့် ဂျူဒါနှင့်အစ္စရေးသည် အန္တရာယ်ကင်းခဲ့သည်။နတ်ဖုရားက ဆော်လမွန်ကို
ညဏ်ပညာပေးခဲ့သည်မှာ
အလွန်မှ သိသာမြင်သာလွန်းသည်။
ထိုကြောင့် အရှေ့ဘက်ရှိညီအစ်ကိုများအားလုံးထက် ၊အီဂျစ်ရှိ ပညာရှင်များ
အားလုံးထက်၊
သူ၏ညဏ်ပညာမှာ စံချိန်တင်နိုင်ခဲ့သည်။လူအားလုံးထက် သူကပိုပြီး အမြော်အမြင်ရှိသူဖြစ်ကာ သူသည် နက္ခတ်ဗေဒင်ကိုလည်း သိရှိပြီး စိတ်၏စွမ်းအားကိုလည်း သိသူဖြစ်သည်။ကမ္ဘာ၏တည်ဆောက်ပုံကိုသိဖို့ မပြောင်းလဲသောအသိညဏ် တည်ရှိနေသူဖြစ်ပြီး ပစ္စူပ္ပန်၊အနာဂတ်နှင့်
ဓာတ်ကြီး၎ပါး၏ သဘောတရား၊ ရာသီဥတု တလှည့်စီဖြစ်ပေါ်နေမူနှင့် ပြောင်းလဲခြင်းများ၊ကြယ်တာရာများနှင့်နက္ခတ်လှည့်ပတ်ပုံ၊တိရိစ္ဆန်များ၏ သဘာဝနှင့် ရုတ်တရတ်ပေါ်ပေါ်က်တတ်သော လေပြင်းမုန်တိုင်းများ၊
စိတ်စွမ်းအားများနှင့် လူတို့၏အတွေး၊အပင်များကို ခွဲခြားတတ်ခြင်းနှင့်
သူတော်ကောင်းတရားကို နားလည်ခြင်း၊စသည့်အရည်အချင်းများဖြင့် သိသာထင်ရှားသူဖြစ်သည်။မကောင်းဆိုးဝါး
များကိုလည်း ဆက်သွယ်
အမိန့်ပေးခိုင်းစေနိုင်ပြန်သည်။နတ်ဘုရားသည် ဆော်လမွန်ကို ကြီးကျယ်မူများပေးခဲ့သည်။သို့ဖြစ်ရကား အီဂျစ်လူမျိုးတို့ထက် မနိမ့်ကျသည်မှာ အမှန်ဖြစ်သည်။သူက လူအားလုံး နားလည်မူရှိနေကြဖို့ ဆိုခဲ့သည်။ယင်းမှာ တကယ့်စကားလက်ဆောင်ကောင်းဖြစ်သည်။သူဟာ
အဆင့်အတန်းမြင့်မားသော ပုဂ္ဂိုလ်ဖြစ်ပြီး ညဏ်ပညာဖြင့် သူကိုယ်သူ ခွဲခြားသိမြင်ခဲ့ချေသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်