Monday, January 2, 2017

မှော်ဆန်သောသင်္ကေတများ

၇။ ။မှော်ဆန်သောသင်္ကေတများ


သင်္ကေတဟူသည်
သ​င်္ကေတဟူသည်​မှာ အမှတ်​အသား အထိမ်းအမှတ်​၊ရည်​ရွယ်​ချက်​၊ကိုယ်​စားပြု​သောအရာဟူ၍ အဓိပ္ပါယ်​အမျိုးမျိုးဖွင့်​ဆိုပြနိုင်​​လေသည်​။ယဉ်​​ကျေးမူမထွန်းကား
သေ​သော​ခေတ်​ကာလ သို့မဟုတ်​ဘာသာစကားဟူ၍ မ​ခေါ်​ဝေါ်နိုင်​​သေး​သော အချိန်​ကာလက လူသားတို့သည်​တစ်​ဦးနှင့်​တစ်​ဦး သ​င်္ကေတများဖြင့်​သာ ဆက်​သွယ်​ခဲ့ရပါသည်​။ထိုသို့ လူသားတို့သုံးစွဲခဲ့ကြ​သော သ​င်္ကေတများသည်​ တန်​ခိုးသတ္တိများရှိခဲ့ကြသည်​။ထို​ကြောင့်​အ​နောက်​တိုင်းဂန္ဓာရီ​လောကတွင်​ သ​င်္ကေတမှာအလွန်​အ​ရေးပါခဲ့ခြင်းဖြစ်​သည်​။အင်္ဂလိပ်​​ဝေါဟာရ(Sign)သည်​ လက်​တင်​​ဝေါဟာရ (Signum)မှ ဆင်းသက်​လာပြီး သ​င်္ကေတ၊တံဆိပ်​အမှတ်​အသားဟု အဓိပ္ပါယ်​ရသည်​။ယင်း၏အဓိပ္ပါယ်​ဆိုလိုရင်းကို ၃မျိုးခွဲခြားထားသည်​။
၁။ ။လူတို့သိပြီး​သော တစ်​စုံတစ်​ခု(သို့)အ​ကြောင်းအရာတစ်​ခုကို ကိုယ်​စားပြုခြင်း။
၂။ ။တစ်​စုံတစ်​ခုရှိ​နေ​ကြောင်း(သို့)ယင်းဆီသို့ ချဉ်းကပ်​​နေ​ကြောင်းကို ညွှန်​ပြ
နိုင်​​သောအရာ။
၃။ ။တစ်​စုံတစ်​ခု မှန်​ကန်​​ကြောင်းကို အတည်​ပြုခြင်း၊အခွင့်​အာဏာ​ပေးခြင်း (သို့)ပိတ်​​စေခြင်း(သို့)လုံခြုံ​စေခြင်းတို့ပင်​ဖြစ်​သည်​။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်