သင်္ကေတရေးဆွဲခြင်
း
ဂန္ဓာရီစာပေများတွင် သရုပ်သင်္ကေတ အမှတ်တံဆိပ်တို့ကို အကြောင်းအရာ အမျိုးမျိုးအတွတ် အသုံးချခဲ့ကြပါသည်။တစ်ခါတစ်ရံတွင်လည်း သင်္ကေတပါဝင်သော အဆောင်လက်ဖွဲ့များ၊မှော်တုတ်တံများ၊စက်ဝိုင်းများကို စက်ရုံများနှင့်မြေပြင်ပေါ်တွင် ရေးဆွဲပီး လုံခြုံမူကို ရယူကြသည်။ထိုသို့သော သင်္ကေတများနှင့်ပတ်သတ်ပြီး အော်စတင်အော်စမန်ဆိုသူက သင်္ကေတတို့ကို အဓိပ္ပါယ်ဖွင့်ပြခဲ့သည်။သင်္ကေတသည်တစ်စိတ်တစ်ပိုင်းသော လွတ်လပ်စွာ ယုံကြည်မူနှင့်လမ်းညွှန်မူများကို ပေါင်းစပ်ပေးနိုင်စွမ်းရှိ၏။တစ်စိတ်တစ်ပိုင်းသော လွတ်လပ်စွာ ယုံကြည်မူဆိုသည်မှာ မိမိ၏စိတ်ကို စွဲလမ်းဖိစီးမူမရှိသော မည်သည့်လိုလားတောင့်တမူမျိုးကိုမဆိုဆိုလိုခြင်းပင်ဖြစ်သည်။ဂန္ဓာရီပညာကျော် အလိုင်ယတ်စတာခရိုလေကမူ သင်္ကေတအသုံးပြုမူကိုပြောပြရာတွင် ဖြစ်လာမည့်ရလဒ်၏ အလိုရမ္မက်ပြင်းပြမူ မပါသင့်ဟူသည်ကို အမှတ်ရနေရမည်။ဆိုလိုသည်မှာ သင်သည်ကံကောင်းစေသော သင်္ကေတတစ်ခုကို ပြုလုပ်စီစဉ်ပြီးပါက ကံကောင်းစေသော လုပ်ငန်းများကို စတင်ဆောင်ရွတ်ရပါလိမ့်မည်။ ဥပမာ ပီယသင်္ကေတတစ်ခုကို ပြုလုပ်စီစဉ်ပြီးပါက ကံကောင်းစေသောလုပ်ငန်းများကို စတင်ဆောင်ရွတ်ရပေလိမ့်မည်။ထိုသို့မဟုတ်ဘဲ အိမ်ထဲထိုင်နေမည်ဆိုလျှင် ကံကောင်းခြင်းက ရောက်လာမည်မဟုတ်ချေ။ထိုကြောင့်သင်္ကေတသည် ပြုလုပ်သူ၏ ယုံကြည်မူကြောင့်သာ အကျိုးရလဒ်ကို ဖြစ်ထွန်းစေလိမ့်မည်ဖြစ်သည်။သင်္ကေတတစ်ခုကို ဖန်တီးရာတွင် တည်ဆောက်ခြင်းနှင့်စွမ်းအားသွင်းခြင်းဟူပြီး နှစ်ပိုင်းရှိသည်။ပထမပိုင်းသည်သရုပ်သင်္ကေတနှင့်ပတ်သတ်သော အစီအစဉ်၊ဒီဇိုင်းစသော ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်မူများကို ပြုလုပ်ရခြင်း ဖြစ်ပြီး ဒုတိယပိုင်းမှာ ထိုသင်္ကေတကိုရှင်သန်လာစေရန် စွမ်းအားသွင်းပေးရခြင်းတို့ပင် ဖြစ်သည်ဟူ၏။
အထက်ပါပုံမှာ ပညာရှင်အယ်လ်မာဒေးလ်၏မှော်သင်္ကေတများပင်ဖြစ်သည်။ထိုကဲ့သို့
သင်္ကေတပေါ်င်းများစွာထဲတွင် full stop(.)ကဲ့သို့ အစက်ကလေးမှာလည်း မှော်ဝင်နေသော သင်္ကေတတစ်ခုပင် ဖြစ်သည်။ထိုအစက်ကလေးကို ဟိန္နူလူမျိုးတို့၏ နဖူးတွင် ဆေးဖြင့်တို့ထိထားကြသည်ကို တွေ့ရှိနိုင်သည်။Sanskrit ဘာသာအားဖြင့် ထိုအစက်ကလေးကို ဗိန္ဓုဟုခေါ်သည်။ယင်းသည် အာကာသအတွင်းရှိ စွမ်းရည်သတ္တိအမျိုးမျိုးနှင့် ဆက်စပ်ပတ်သတ်နေသည်။ထိုသင်္ကေတကို သင်္ကေတအားလုံးအနတ် တန်ခိုးအကြီးဆုံး၊စွမ်းအင်အထက်မြတ်ဆုံး သင်္ကေတဟု ပညာရှင်တို့က သတ်မှတ်ထားခဲ့ကြသည်။
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်