Thursday, January 5, 2017

ကြိဂံ

ကြိဂံ



ထိုကြိဂံသင်္ကေတသည် သမာဓိစွမ်းအားကို ဖော်ညွှန်းပြသော အရာဖြစ်သည်။ထိုကြောင့် ယင်းကို သမထ၏သင်္ကေတဟု ခေါ်ဆိုကြသည်။ယင်းသည် အာရုံစူးစိုက်မူ၊ဈာန်ဝင်စားမူ၊စိတ်တန်ခိုးရရှိစေမူတို့၏ အခြေခံ သင်္ကေတပင်ဖြစ်သည်။ထိုကြိဂံတွင် အဓိပ္ပါယ်နှစ်မျိုးရှိသည်။ယခုဖော်ပြထားသောကြိဂံမှာ ပုလ္လိုင်၊အဖို၊ကျား၊ရဲစွမ်းသတ္တိ၊ဇွဲကောင်းခြင်း၊ဦးဆောင်နိုင်ခြင်း၊ထက်မြတ်ခြင်း၊အပြုသဘောဆောင်ခြင်း၊တန်ခိုးပြည့်စုံခြင်း၊ရန်သူကို အောင်နိုင်ခြင်းတို့၏ သဘောကိုပြဆိုပေသည်။



အထက်ပါ အောက်သို့ခေါ်င်းစိုက်ထားသော ကြိဂံပုံမှာမူ အမ၊ကြောက်ရွံခြင်း၊လုံလဝိရိယမရှိခြင်း..စသဖြင့် ဆန့်ကျင်ဘက်ကို ပြဆိုပေသည်။ဆိုရပါလျှင် ယင်းသင်္ကေတကို ဆုံးရှုံးမူအတွတ်သာလျှင် အသုံးချကြသည်။






ဖော်ပြထားသော ပုံမှာ ကြိဂံနှစ်ခု ခေါ်င်းချင်းဆိုင်ထားသောပုံဖြစ်သည်။ထိုသင်္ကေတကို အန္တာရာယ်သင်္ကေတဟုခေါ်၏။ယင်းသည် စကြာဝဠာကြီး ပျတ်စီးတော့မည့်သဘော၊အပ္ပါယ်လေးပါး၊ကပ်သုံးပါး၊ရန်သူမျိုးငါးပါး၊တို့ကျရောက်လာတော့မည့် သဘောကိုဖော်ဆောင်သည်။ကမ္ဘာအမှန်တကယ်ပျတ်စီးတော့မည့်အချိန်သို့ရောက်လျှင် လူတို့သည် ထိုသင်္ကေတကို သုံးစွဲလာကြလိမ့်မည်ဖြစ်သည်။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်