မှော်ဆရာဆိုင်မွန်(Simon)
ပညာရှင်မှော်ဆရာများနှင့် ဥရောပတိုက်ပြန်လည်ထွန်းကားခြင်းခေတ်တွင်အစီအရင်ပိုင်းဆိုင်ရာနှင့် မှော်ပညာကို လေ့လာလိုက်စားမူများ မပေါ်ပေါ်က်မီအချိန်တွင်ထူးခြားသောတန်ခိုးစွမ်းအင်ရှိသူများသည် မြေထဲပင်လယ် အရှေ့ဘက်ကမ်းခြေရှိ နယ်မြေများတွင်ပေါ်ထွန်းခဲ့သည်။ထိုသူတို့၏ လေ့လာလိုက်စားမူများသည်ထိုစဉ်က အညှောင့်ထွက်ခါစဖြစ်သည့် ဘာသာရေးယုံကြည်ချက်များနှင့်မကြာခဏထိတ်တိုက်တွေ့ဆုံခဲ့ကြပေသည်။ထိုအထဲမှဆိုင်မွန်(simon)ဆိုသူသည်သု၏မှော်အစီအရင်များကို မြို့ထဲတွင်ဆောင်ရွတ်ကာ ဆူမာရီးယား
နိုင်ငံကိုအံသြသင့်စေခဲ့ဖူးသည်။ခရစ်ယာန်တို့ရေးခဲ့သော ကျမ်းစာများထဲတွင် ဆိုင်မွန်သည်ကိုယ်ပျောက်နိုင်သည်ဟုဆိုကြသည်။သူသည်တိရိစ္ဆာန်များကဲ့
သို့ အသွင်ပြောင်းနိုင်သည်။ကျောက်နံရံကိုဖောက်ထွင်းသွားနိုင်သည်။မီးတောက်မီးလျံများကိုလည်း အန္တာရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်သည့်အပြင် လေထဲတွင်ပါ ပျံနိုင်လေသည်။သူကို ဧကရာဇ်ဘုရင်နီဇိုးက ခေါ်င်းဖြတ်သတ်ခဲ့ရာ မသေဘဲပြန်ရှင်သန်လာခဲ့သည်။ထိုဖြစ်ရပ်ကြောင့်ပင်သူသည် မှော်ဆရာကြီးဆိုင်မွန်အဖြစ်နာမည်ပိုကြီးသွားခဲ့သည်။သူနှင့်ပတ်သတ်ပြီး အကျော်ကြားဆုံးဟု ယူဆရသောဖြစ်ရပ်မှာမူ သူ၏နောက်ဆုံးပိတ်အထိနာခဲ့သော ဖြစ်ရပ်ပင်ဖြစ်သည်။ထိုဖြစ်ရပ်တွင်မှော်ဆရာဆိုင်မွန်သည်တမန်တော်ပီတာအား မှော်ပညာပြိုင်ရန်စိန်ခေါ်ခဲ့ရာ သူသည်ပြတင်းပေါ်က်ကထွက်ကာ မိုးပေါ်ပျံတတ်ပြခဲ့သည်။ထိုအခိုက်တွင်တမန်တော်ပီတာသည်ဘုရားရှစ်ခိုးဆုတောင်းလိုက်ရာ ဆိုင်မွန်သည်မြေပေါ်သို့ဇောက်ထိုးပြုတ်ကျပြီး သေဆုံးသွားရလေတော့သည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်