ဇိုဆီမော့ (Zosimos
)
Zosimos ၏လက်တင်အမည်မှာ အဂ္ဂိရိတ်ဆရာZosimusဖြစ်သည်။သူသည် အေဒီ သုံးရာစုနှင့်လေးရာစုခေတ်မှ
ဂရိအဂ္ဂိရိတ်ဆရာတစ်
ယောက်ဖြစ်ပြီး လျိုဝှတ်ဆန်းကြယ်သော ဂမ္ဘီရဆရာတစ်ဦးလည်း ဖြစ်သည်။သူကို အီဂျစ်တောင်ပိုင်း ၊Panopolisတွင် မွေးဖွားခဲ့သည်။
သူသည်အဂ္ဂိတ်ဆိုင်ရာ စာများကိုရေးခဲ့သည်။ယင်းကို သူက ဂရိဘာသာကိုအသုံးပြုပြီး"Cheirokmeta," ဟု ခေါ်ခဲ့သည်။ထိုစကားလုံး၏ အဓိပ္ပါယ်မှာ လက်ဖြင့်ပြုလုပ်သော အရာများဟုဆိုနိုင်သည်။ဇိုဆီမော့ကို စာရေးဆရာ၄၀လောက်က အဂ္ဂိရိတ်ဆိုင်ရာ သုတပေါ်င်းချုပ်တွင် ဖော်ပြခဲ့ကြသည်။
၁၉၉၅ခုနှစ်တွင် Zosimos ၏စာများကို အာရဗီဘာသာသို့ ဘာသာပြန်ဆိုထားသည့် ကော်ပီတစ်ခုအား လေ့လာတွေ့ရှိခဲ့ကြသည်။ထိုစာအုပ်မှာ သနားညှာတာမူ၏
သော့ချက်များနှင့် ညဏ်ပညာ၏လျိုဝှတ်ချက်များဟု အမည်ရပြီး ဘာသာပြန်သူမှာ ပါရှားအဂ္ဂိရိတ်ဆရာ Ibn Al-Hassan Ibn Ali ဖြစ်သည်။သို့သော် ဘာသာပြန်မူမှာ ပြည့်စုံမူမရှိဘဲ စကားလုံးတိကျမူမရှိချေ။ကျော်ကြားသော အာရဗီစာအုပ်အညွှန်းအရ Kitab al-Fihrist by Ibn Al-Nadim၏Kitab al-Fihristတွင်ဇိုဆီမော့၏စာအုပ်လေးအုပ်ကို အစောဆုံးဘာသာပြန်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်နူတ်ပြောဆိုထားသည်။မည်သို့ပင်ဖြစ်ဖြစ် ထိုစာများကို
"Thosimos၊"Dosimosနှင့်"Rimosဆိုသော အမည်များဖြင့် ဘာသာပြန်ဆိုထားသောကြောင့် ကိုက်ညီမူမရှိချေ။
F. Sezgin က ဇိုဆီမော့၏လက်ရေးစာမူ၁၅ခုကို
Tehran၊Caire၊ Istanbul၊ Gotha၊ Dublin နှင့် Rampurရှိ စာကြည့်တိုက်များတွင် ရှာဖွေတွေ့ရှိခဲ့သည်။
Michèle Mertensစီစစ်ချက်များအရ ၊သူမ၏ ဘာသာပြန်ဆိုချက်များအရ ထိုလက်ရေးစာမူအကြောင်းကို သိရခြင်းဖြစ်သည်ဟုလည်း ကောက်ချက်ချကြသည်။ဘာသာပြန်ဆိုခဲ့ကြသည်မှာ မှန်သောလည်း
ထိုအကြောင်းအရာမှာ လွန်စွာကြွယ်ဝသော အာရဗီအစဉ်အလာ ဖြစ်လာခဲ့ပြီး ထိုသတ္တူပစ္စည်းများကိုရှာဖွေဖို့အခွင့်အလမ်းမှာ လွန်စွာ ခက်ခဲလေသည်။
် Zosimos သည် ရေ၏ပေါ်င်းစပ်ဖွဲ့စည်းမူ ၊ဦးတည်လှုပ်ရှားမူ၊တိုးတတ် ကြီးဟွးလာမူ၊ယူဆချက်များနှင့် ကိုယ်ခန္ဓမှ ကင်းကွာမူများ၊ ခန္ဓာကိုယ်မှ ဝိညာဉ်ရုပ်ပုံနှင့် ခန္ဓာနှင့်ဝိညာဉ်ချိတ်ဆတ်ပုံတို့ကို လေ့လာရင်း
အဂ္ဂိရိတ်ကို ပထမဦးဆုံးဖွင့်ဆိုရေးသားခဲ့သူ ဖြစ်သည်။
ယေဘုယျအားဖြင့် Zosimosသည် ဂမ္ဘီရဆိုင်ရာဝိညာဉ်ရေးရာနှင့် အနန္တဝိညာဉ်၏ လွှမ်းမိုးမူ ကို အဂ္ဂိရိတ်ဖြင့် တုန့်ပြန့်နိုင်ခြင်းအား သိနားလည်ခဲ့သည်။သူဘက်က သတ္တူဗေဒပညာကို နတ်များ၏အိမ်မက်ပေးမူမှ သင်ယူရရှိခဲ့သည်ဟု
အခိုင်အမာ ဆိုသည်။သူ၏ စိတ်ကူးတစ်ခုကို ဧနောက်၏
စာအုပ်နှင့် ဂျွန်၏ ခရစ်ယာန်ဓမ္မဟောင်းကျမ်းထဲတွင် မပါဝင်သော လျိုဝှတ်ဆန်းကြယ်မူများ၌ အထပ်ထပ်အခါခါ ပြောထားသည့်ကို
မှတ်သားထားခဲ့ရသည်။ဇိုဆီမော့ ရေးသားခဲ့သည့် အပိုင်းအစများ၏
မူလအခြေအနေကို ဆိုင်ဆီလီးယပ်စ်မှ
ထိန်းသိမ်းထားခဲ့သည်။ဇိုဆီမော့သည် သတ္တူအသွင်ပြောင်းခြင်း၏ ဖြစ်စဉ်ကို တိုင်းတာခဲ့သည်။ခဲနှင့်သတ္တူမှ ရွှေနှင့်ငွေ အဖြစ်သို့ပြောင်းလဲခြင်း(စတော့ဟုမ်း စာတမ်းတွင်လေ့လာနိုင်သည်။)သန့်စင်ခြင်းနှင့် ကတိအတိုင်းပြုလုပ်ခြင်း၏
အတွင်းဖြစ်စဉ် သည် မှန်ကဲ့သို့ အမြဲရှိခဲ့သည်။ Zosimosက Sophe၏ အမှန်တရားစာအုပ်နှင့် ပတ်သတ်ပြီး အီဂျစ်၊ဟီးဘရူးတို့၏ ဘုရားသခင်၊ကောင်းကင်ဘုံစွမ်းအားတို့ကို ရေးခဲ့သည်။ထိုအထဲတွင် လောကဓာတ်ပညာနှစ်ခုနှင့် ညဏ်ပညာနှစ်ခုပါဝင်သည်။ယင်းမှာ အီဂျစ်နှင့် ဟီးဘရူးဖြစ်သည်။ထိုစာကို ဘုရားသခင်၏ တရားမျှတမူဖြင့်
အတည်ပြုခဲ့သည်။လောကဓာတ်ပညာနှင့် ညဏ်ပညာသည် လောကကို စိုးမိုးခြယ်လှယ်ပါသည်။နှစ်ခုစလုံးမှာ လွန်လေပြီးသောကာလကတည်းက ရှိနေခဲ့ပြီးသားဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိမူနှင့် အဓိကကျသော ဘုရင်မပါဘဲ စတင်ခဲ့သည်။ယင်းသည် ရုပ်ဝထ္ထူနှင့် မသက်ဆိုင်ချေ။ခန္ဓာကိုယ်အား ခြစားမူ၊ယင်းကို ထူးခြားသောအရှိန်အဝါဖော်ပြမူမပါဘဲနှင့်
စီမံဆောင်ရွတ်သည်။ဆုတောင်းခြင်းနှင့် ထူးခြားသော ဂုဏ်တော်များက
ထောက်ခံပေးသည်။ဓာတုဗေဒ၏ သင်္ကေတသည် ၎င်း၏ကျွမ်းကျင်မူဖြင့် ဖန်တီးမူမှ ထုတ်နူတ်ထားခြင်းဖြစ်သည်။သူသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ဒြပ်စင်များထဲတွင် စင်ကြယ်သုတ်သင်ပြီး သိမ်းဆည်းခဲ့သည်။ယင်းကို သတ္တဝါတို့၏အသားများနှင့် ရောနှောခြဲ့ပီးမှ ဝိညာဉ်မှာ လွတ်လပ်စွာ ပေါ်က်ဖွားလာခဲ့ခြင်းဖြစ်သည်။ထိုအတိုင်း
နေ ကပြောသည်။မီးပန်းတစ်ပွင့်နှင့် တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံက နေ ၊ကမ္ဘာ၏မှန်ကန်သောအမြင်များဖြင့် ကြေးနီမှ ပန်းများပွင့်လန်းလာသည်။ယင်းက သန့်စင်ထားမူကို ကျော်ဖြတ်လာကာ
ရွှေရောင်တောက်နေသည်။မြေပြင်မှနေထွက်လာသည်။ယင်းမှာ ကမ္ဘာမြေ၏ဘုရင်ပင်ဖြစ်သည်။နေသည် ကောင်းကင်ဘုံ၏ဘုရင်လည်းဖြစ်သည်။တစ်ချိန်က ဂရိအဂ္ဂိရိတ် ပညာရှင်များသည် ကန့်ဓာတ်ပါသောရေ၊အလွန်သန့်စင်သော
ရေကို အသုံးပြုခဲ့ကြသည်။ Zosimosအတွတ်ကမူ အဂ္ဂိရိတ်ဆိုင်ရာ
ရေဖျန်းမင်္ဂလာတွင် နှစ်ခြင်းရေဖျန်းခံသည့် အိုးကို စိတ်ကူးရလာခဲ့သည်။
ပြီးနောက် ပြဒါးနှင့်ဆာဖာကို
အငွေ့ပျံစေသော တင်ချာဖြင့် ကန့်ပါသည် သန့်စင်ထားသောရေနှင့် ဆင်တူစေခဲ့သည်။ယင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းခဲ့ပြီး ဂမ္ဘီရကို အစပျိုးခဲ့သည်။
Zosimos က ခရေတာ(သို့မဟုတ်)ရောနှောထားသော အဂ္ဂိရိတ်အိုး၏
အနန္တဝိညာဉ်ပုံရိပ်ကို သင်္ကေတတစ်ခုဖြင့် မနောကိုအခြေခံကာ
ရေးဆွဲခဲ့သည်။ယင်းတွင် သန့်စင်သောရေမှ အနန္တဝိညာဉ်သည် ကောင်းကင်ဘုံကို ဖြတ်သန်းပြီးမှ ၊ ရုပ်လွန်နယ်ပယ်ကို ဖြတ်သန်းပြီးမှ
အမြော်အမြင်ရှိခြင်း၏ တိုးတတ်မူဖြစ်စဉ်
လမ်းကြောင်းသို့ ပုံစံသွင်းစေခဲ့သည်။နောက်ထပ်
ဇိုဆီမော့စ်၏ စာသားတစ်ခုမှာ အဂ္ဂိရိတ်သို့ ဆက်နွယ်နေသော အိမ်မက်များ၏အစီအစဉ်အကြောင်းဖြစ်သည်။သူ့၏အိမ်မက်တွင် ပထမဆုံး အလှည့်ကျဆီ လွန် နှင့်တွေ့ဆုံခဲ့သည်။လွန် ဆိုသည်မှာ မြင့်မြတ်သောနေရာမှ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးကို သူဟာသူမှည့်ခေါ်ထားခြင်းဖြစ်ပြီး အလွန်းအမင်း သည်းမခံနိုင်အောင်ဆိုးဝါးသောကြောင့် သူ့ကိုယ်တိုင် အညံခံထားရသည်။
Ion သည် ဇိုဆီမော့ကို ဓားရှည်ဖြင့် ထိုးစိုက်တိုက်ခိုက်သည်။သဟဇာတဖြစ်အောင် သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ဖြတ်တောက်ပစ်သည်။ရည်ညွှန်းချက်မှာ ခန္ဓာကိုယ်ကို သဘာဝကျသောဒြပ်စင်များအဖြစ် လေးပိုင်းပိုင်းပစ်လိုက်သည်၊။လွန်က ဇိုဆီမော့၏ခန္ဓာကိုယ်အပိုင်းများကို တစ်လှည့်စီယူဆောင်သွားပြီး ပါရမီဆို
သောမီးတောက်ပေါ်မှာ လောင်ကျွမ်းစေခဲ့သည်။ထိုအချိန်တွင် ဇိုဆီမော့သည် ခန္ဓာကိုယ်၏ပြောင်းလဲ သွားပုံကို လေ့လာခဲ့မိသည်။ထိုပြောင်းလဲသွားမူသည် သူ၏ဝိညာဉ်ပင်ဖြစ်သည်။ထိုနေရာတွင်
Ion က သွေးမျတ်ရည်များဖြင့် ငိုပြီး ကိုယ်လက်အင်္ဂါများ ကြောက်စရာကောင်းလောက်အောင်
အပူဖြင့် အရည်ပျော်သွားသည်ကို မျတ်ဝါးထင်ထင်တွေ့မြင်ရလေသည်။ယင်းကို Carl Jung က အဂ္ဂိရိတ်စာပေတွင် ပထမဦးဆုံးအမြင်ဖြင့် လေ့လာခဲ့သည်။
Zosimosသည် အိပ်ယာကနိုးလာသောအခါ သူကိုယ်သူပြန်မေးမိသည်။ယင်းမှာ ရေ၏ပေါ်င်းစပ်ဖွဲ့စည်းထားမူ၏ မဖြစ်နိုင်ခြင်းကို ဆိုလေသလော။ပြီးနောက် သူပြန်အိပ်ပျော်သွားသည်။အပိုင်းအစများကို ပြန်မြင်မက်မိပြန်သည်။ထိုသို့ဖြင့်
သူသည် အိပ်နေရာမှ ခဏခဏနိုးလာခဲ့သည်။ထိုသို့နိုးထတိုင်းလည်း သူဟာသူ တစိမ့်စိမ့်ပြန်လည်ချင့်ချိန် တွေးဆလေသည်။ပြီးလျှင် ထိုအာရုံဖြင့် ပြန်အိပ်ပျော်သွားရပြန်သည်။ထိုအကြောင်းအရာများကို ပြန်လည်အိပ်မက်ပြန်ပါသည်။Zosimos သည် အငွေ့အဖြစ်နှင့် အသက်ရှင်နေသော လူတစ်ယောက်ကိုရှာဖွေနေခဲ့မိသည်။ထိုသူသည် သူအမြင်အာရုံတွင်မြင်ရသည်များမှာ ပြောင်းလဲခြင်းတရားများ၏ ဝင်ပေါ်က်နှင့်ထွက်ပေါ်က်ဖြစ်သည်ဟု သူကိုပြောခဲ့သည်။ထိုအထဲတွင်
ထိုအရာများ၏ ဖန်တီးမူကိုရရှိဖို့ သို့မဟုတ် ပြီးပြည့်စုံသော ကိုယ်ကျင့်တရားကို ရှာဖွေစုံစမ်းသည်။ထိုအခါ ခန္ဓာကိုယ်မှာ လွန်မြောက်နေခြင်းအားဖြင့် ဝိညာဉ်ဖြစ်ပေါ်လာခဲ့သည်။ယင်းမှာ သန့်စင်သွားသော လူသားတစ်ဦးကဲ့သို့ စောင့်ကြည့်နိုင်သည်။ရေကို သန့်စင်သွားအောင် မည်သို့ပေါ်င်းခံသည်လဲ။ထိုနည်းအတိုင်း ခန္ဓာကိုယ်ကိုလည်း သန့်စင်အောင် ပေါ်င်းခံလေသည်။ထိုသို့ဖြင့် ဇိုဆီမော့သည် ကျော်ကြားသော အဂ္ဂိရိတ်ပညာရှင်တစ်ယောက် ဖြစ်လာသည်။
ရှးကျပြီး အံသြဖွယ်ကောင်းသည့် ရေးသားထားချက်များက ပြောပြသည်မှာ
နတ်တို့သည် အမျိုးသမီးကို စွဲမက်နှစ်သက်လာခဲ့ပြီး သဘာဝ၏အလုပ်အားလုံးကို သင်ပေးရန် ဆင်းသက်လာခဲ့ကြသည်။
ထို အတွတ့် သူတို့မှ သင်ပေးခဲ့သော ပညာမှ
အစဉ်အလာဖြစ်လာခဲ့ကာ ဓာတုဗေဒနှင့် သက်ဆိုင်နေခဲ့သည်

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်