အဲဘက်စ် မက်ဂနပ်စ်(Albertus Magnus )
(c. 1200 –November 15, 1280),
သူတော်စင် အဲလ်ဘက်ကို ထူးချွန်သော ပုဂ္ဂိုလ်အဖြစ် သိရှိကြပြီး ဂျာမန်တွင် ခရီးလှည့်လည် သွားလာနေထိုင်တတ်သော ဒိုမီကန် ခရစ်ယာန်ဂိုဏ်းဝင် ဘုန်းတော်ကြီးတစ်ပါးအဖြစ်နှင့် ကတ်သိုလစ် ဂိုဏ်းအုပ်တစ်ယောက်အဖြစ်ပါ သိထားကြသည်။
နောက်ပိုင်း၌ ကတ်သိုလစ်သူတော်စင်ကဲ့သို့ ဓမ္မပါရဂူ ဖြစ်လာခဲ့သည်။
တစ်ကမ္ဘာ့လုံးကိုအခြေခံသော ပါရဂူအဖြစ်နှင့် ကျွမ်းကျင်သော ပါရဂူအဖြစ်နှင့်ပါ
သူဘဝ၏ နောက်ပိုင်းကာလ အချိန်အတောအတွင်းကို သူသိခဲ့သည်။
သူ၏နာမည်တွင် magnus ဆိုသော စကားလုံးကို သူဖြည့်စွတ်ခဲ့သည်။
အဲလ်ဘတ်သည် အေဒီ၁၂၀၀မတိုင်မီက မွေးဖွားခဲ့ပုံရသည်။ထိုအတွတ် အကောင်းဆုံးသက်သေကိုပြရလျှင် သူ့အသက်၈၀ကျော်ပြီးနောက်
1280ခုနှစ်တွင် သူကွယ်လွန်ခဲ့သည်။အများစုပြောကြသော ရင်းမြစ်တစ်ခုမှာ အဲလ်ဘက် ၈၇နှစ်တွင် သေဆုံးခဲ့ခြင်း ဖြစ်သည်ဟူ၏။
ထိုကြောင့် ယေဘုယျအားဖြင့် အဲလ်ဘက်မွေးဖွားသော ခုနှစ်ကို 1193
ခုနှစ်ဟု အလွယ်သတ်မှတ်နိုင်သည်။ Albert ကို
Lauingen (ယခု Bavaria )တွင် မွေးဖွားခဲ့သည်။သူကိုယ်သူ
Lauingen၏ အဲလ်ဘက်ဟု ခေါ်ခဲ့သည်။သို့သော် ထိုအမည်မှာ ရိုးရှင်းသော မိသာစု၏ အမည်နာမပင်ဖြစ်သည်။ဖြစ်နိုင်ချေအများစုမှာ သူ၏မိသားစုသည် ဝန်ကြီးမျိုးနွယ်များပင်ဖြစ်နိုင်သည်။ ထိုအပြင်
Albertသည် Paduaတက္ကသိုလ်တွင်
ပညာသင်ကြားခဲ့သည်မှာလည်း သေချာသလောက်ရှိသည်။ထိုနေရာမှာပင် သူသည် အရစ္စတိုတယ်၏ အရေးအသားများထဲမှ အဆိုအမိန့်များကို
လက်ခံခဲ့သည်။1223 ခုနှစ်(သို့မဟုတ် 1229ခုနှစ်) တွင် သူသည်
ဒိုမီနီကန် အစီအစဉ်၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာခဲ့ပြီး ဘိုလော့နာမြို့တွင် ခရစ်ယာန်ဘာသာကို လေ့လာသင်ကြားခဲ့သည်။
ထိုနောက် 1245ခုနှစ်တွင် Albertသည် သူတော်စင် Quentin၏ လက်အောက်၌ခရစ်ယာန်ဘာသာလေ့လာမူတွင်
ဆရာတစ်ယောက်ဖြစ်လာခဲ့သည်။ပထမဦးဆုံးသော ဂျာမန်ခရစ်ယာန် ဂိုဏ်းဝင်ဘုန်းတော်ကြီးအဖြစ် စွမ်းဆောင်ရာတွင်လည်း ထူးချွန်ပြောင်မြောက်ခဲ့သည်။ထိုကြောင့်
အဲလ်ဘက်စ်သည် ပဲရစ်တက္ကသိုလ်၌ အချိန်ပြည့်ပါမောက္ခအဖြစ် ခရစ်ယာန်ဘာသာကို လေ့လာ သင်ကြားဖို့ စွမ်းဆောင်ခဲ့သည်။
St. James.၏ကောလိပ်တွင်လည်း ခရစ်ယာန်ဘာသာလေ့လာမူ၏ ပါမောက္ခရာထူးကို ဆုတ်ကိုင်ထားနိုင်ခဲ့သည်။
ထိုအတောအတွင်း
Albertသည် အရစ္စတိုတယ်၏ ရေးသားချက်များအားလုံးပေါ်တွင်
ထင်မြင်ချက်ပေးဖို့ ပထမဆုံးဖြစ်ခဲ့သည်။သို့ဖြင့်၍ သူတို့သည် ပို၍ကြီးသော စကားစစ်ထိုးပွဲများကို နားလည်လွယ်ရန်ပြုလုပ်ခဲ့သည်။
Aristotle ၏ သငြ် ကားမူကို ပြန်သင်ကြားဖို့အတွတ် သူယူလာခဲ့ပြီး
Muslim အကယ်ဒမီကျောင်းများ၏ သင်ကြားမူများပေါ်တွင် ထင်မြင်ချက်ပေးခဲ့သည်။1254ခုနှစ်တွင်
Albert က ဒိုမီကန် ခရစ်ယာန်ဂိုဏ်းဝင် ဘုန်းကြီးများ၏ အစီအစဉ်များမှာ ခေတ်မမီကြောင်း ဖော်ထုတ်ပြပြီးနောက်
ကြီးမားသော မေတ္တာနှင့်အတူ ကျေနပ်စေရန်
ါတာဝန်အပေါ် အချိန်တိုတိုနှင့် အကျိုးများစေခဲ့သည်။
သူ လုပ်ပိုင်ခွင့်ရနေစဉ် အတောအတွင်း ပဲရစ်တက္ကသိုလ်၏ ဌာနတစ်ခု၌ ဘုန်းတော်ကြီးများနှင့်မသက်ဆိုင်သော လောကီအရေးအားဖြင့် ဒိုမီကန်ခရစ်ယာန်ဂိုဏ်းဝင်ဘုန်းကြီးများကို ဆန့်ကျင်တိုက်ခိုက်မူကြောင့် လူသိရှင်ကြား ထုချေခဲ့ရပြန်သည်။St. John ကျောင်း အပေါ်မှာလည်း ထင်မြင်ယူဆချက်ဖြင့် အဖြေပေးခဲ့သည်။ထိုအဖြေမှာ သူ သည် အစ္စလာမ်မစ် ပါမောက္ခ Averroes၏ မှားယွင်းချက်များအပေါ် လေ့လာခဲ့မိသည် ဟူ၏။
1260 ခုနှစ်တွင်
Pope Alexander IV က သူကို Regensburgမြို့၏
ခရစ်ယာန်ဂိုဏ်းအုပ်အဖြစ် ပြုလုပ်ပေးခဲ့သည်။သူသည် တာဝန်များကို လုပ်ဆောင်နေစဉ်အတွင်း သူ့ပိုင်ဆိုင်ရာ ခရစ်ယာန်နယ်မြေအတွင် ခြေကျင်မလျှောတ်ဘဲ မြင်းစီးခြင်းကို အမိန့်အာဏာနှင့်အတူ သဘောတူညီချက်တွင် ကန့်ကွတ်လိုက်ခြင်းအားဖြင့်
သူ၏ ဂုဏ်သတင်းကို နိမ့်ကျသောအခြေအနေမှ တိုးမြှင့်နိုင်ခဲ့သည်။
ထိုသို့ဖြင့် သူတော်စင် Albert၏ စားသောက်ပွဲနေ့ကို
November 15ရက်နေ့ အဖြစ်သတ်မှတ်လာခဲ့သည်။
Albertus Magnusရေးသာမူများကို Cologneတက္ကသိုလ်တွင် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။
.1899ခုနှစ်တွင် အဲလ်ဘက်ရေးသားခဲ့သော စာ ၃၈တွဲကို စုစောင်းခဲ့သည်။ထိုအရာက သူ၏ ပေါ်က်ဖွားလာသော အလေ့အကျင်များကို ပြခဲ့ပြီး ခရစ်ယာန်ဘာသာလေ့လာရေး၊ရုက္ခဗေဒ၊ပထဝီ၊နက္ခတ္တဗေဒ၊ နက္ခဗေဒင်၊တွင်းထွက်ဓာတ်သတ္တူပညာ၊အဂ္ဂိရိတ်၊သတ္တဗေဒ၊ဇီဝကမ္မဗေဒ၊
ဦးခေါင်းပြင် အနေအထားအားဖြင့် ဉာဏ်စွမ်းရည် သိနိုင်သည်ဆိုသော အယူဝါဒ။ တရားမျှတမူ၊ဥပဒေ၊လူမူရေးနှင့်အချစ်ရေးကဲ့သို့ ခေါင်းစဉ်များစွာဖြင့် ဗဟုသုတနှံစပ်စုံလင်လှသည်။သူက အရစ္စတိုတယ်၏ လုပ်ဆောင်မူ တစ်ခုလုံးကို အဓိပ္ပါယ်ကောက်၍ အကျဉ်းချုံခဲ့ပြီး စနစ်နှင့် ကိုက်ညီစေခဲ့သည်။လက်တင် ဘာသာပြန်ချက်များမှာ ကောက်နူတ်ပြီး အာရေဘီယံမှတ်စုများကို ပြန်လည် ဖော်ထုတ်တင်ပြခဲ့သည်။
သူ၏ ခရစ်ယာန်ဘာသာလေ့လာရေး လုပ်ဆောင်မူ နိယာမမှာ Peter
Lombard၏ပြစ်ဒဏ်များစာအုပ် အတွဲသုံးတွဲပေါတွင် ရှင်းလင်းပြထားသော မှတ်စုတစ်ခုမျှသာဖြစ်သည်။မည်သို့ပင်ဖြစ်ဖြစ်
Albert၏ လုပ်ဆောင်မူသည် ခရစ်ယာန်ဘာသာအပေါ်လေ့လာမူထက်
ဒဿနပိုင်းဆိုင်ရာသို့ ပိုရောက်ရှိနေလေသည်။
Albertက အရစ္စတိုတယ်၏ အတားအစီးအနည်းငယ်ကိုပင်
ဟန်မဆောင်သော
သဘာဝဒဿနသို့
ကိုင်တွယ်ဖြေရှင်းနည်းကို
ယုံကြည်ခဲ့သည်။
Albert၏သက်မဲ့ သဘာဝရုပ်ဝတ္တုများကို လေ့လာရာတွင် အသုံးပြုသည့် သိပ္ပံပညာတစ်ရပ်မှာ အင်မတန်ကြီးကျယ်ပြီး အမှားကင်းခဲ့သောခေတ်ကို အမှတ်ရနေစေလေသည်။Albert သည် ကောင်းစွာ စစ်ဆေးပြီးမှရသော
အတွေ့အကြုံကို အလေးထားခဲ့သူဖြစ်သည်။
သို့သော် သူသည် အမိန့်အာဏာနှင့်အစဉ်အလာများကို လေးစားခဲ့သည်။
ထို့ကြော့င် Albertက ရူပဗေဒနှင့်နက္ခတ္တဗေဒကဲ့သို့ မကြာခဏ
ငြင်းဆိုကျသည့်အကြောင်းအရာများအပေါ်တွင်
ဆိတ်ဆိတ်နေခြင်းဖြင့် စောင့်ထိန်းနေထိုင်လေသည်။
သူကွယ်လွန်ခဲ့သည့် ရာစုနှစ်အတွင်း
Albert သည် အဂ္ဂိရိတ်နှင့်မှော်ပညာရှင်တစ်ဦးဖြစ်သည်ဆိုသော အကြောင်းအရာများ ပေါ်ပေါ်က်လာခဲ့သည်။အဲလ်ဘက်၏ အဂ္ဂိရိတ်ဆိုင်ရာ လုပ်ဆောင်မူများ၏ ထိုအကျိုးသက်ရောက်မူရလဒ်မှာ ခေတ်သစ်ကို ရှုပ်ထွေးစေခဲ့လေသည်။အဂ္ဂိရိတ်နှင့် ဓာတုဗေဒ၏ အခြေအနေသည်
အဂ္ဂိရိတ်ပညာရပ်၌ သူပါဝင်ပတ်လျက်ရှိသော ကျမ်းစာအုပ်များစွာနှင့် ဆက်စပ်နေလေသည်။သူ၏ ထိုအခြေအနေများအပေါ် အနည်းငယ်ပြောဆိုခဲ့ခြင်းများသည်
အစစ်အမှန်များကို ရေးသားခဲ့ခြင်းဖြစ်သည်ဟု တွေးတောကြသည်။
သူက ကျောက်တုံးများ၏ စွမ်းအားကို ရည်ညွှန်းကိုးကားပြသည်။သို့သော် ထိုစွမ်းအားများအကြောင်းကို အသေးစိတ်ပြုစုထားခြင်းမျိုး မရှိချေ။
သူသေဆုံးသွားပြီးနောက်ပိုင်းတွင်လည်း သူကိုယုံကြည်ခဲ့သူများရှိခဲ့လေရာ မျိုးဆက်များဖွံဖြိုးလာခဲ့ပြီး သူသည်
အလယ်ခေတ်၏ အခြေခံကျသော လောကဓာတ်ပညာတစ်ခုဖြစ်သည့်
အဂ္ဂိရိတ်တွင် ဆရာတစ်ဆူ ဖြစ်လာလေသည်။ထိုအရာတွင် သတ္တူနှင့်
ဆက်စပ်ပစ္စည်းများပါဝင်သည်။ဓာတုဗေဒ၏ လျို့ဝှတ်ချက်များပင်ဖြစ်သည်။မူရင်းသတ္တူစစ်စစ်များ၊မူရင်းဒြပ်ပေါ်င်းများ၊
နှင့် စာဆိုတစ်ဦးက သုံးနူန်းခဲ့သော ဝေါဟာရများကို စုဆောင်းခဲ့သည်။
ထိုသို့ဖြင့် သူသည် စိန် ဖြစ်နိုင်သည့် ဓာတ်ဆင်များနှင့် silver nitrateပါဝင်သော
အလင်းကို တုန့်ပြန့်နိုင်သည့် ဓာတုပစ္စည်းများကို
လေ့လာဖော်ထုတ်နိုင်ခဲ့ခြင်းကြောင့် အသိအမှတ်ပြုခံခဲ့ရသည်။သူသည် ကျောက်တုံးများတွင် ဆန်းကြယ်သော ဂုဏ်သတ္တိရှိသည်ဟု ယုံကြည်ခဲ့သည်။မည်သို့ပင်ဖြစ်ဖြစ် သူကိုယ်တိုင်ဆောင်ရွတ်ခဲ့သော အဂ္ဂိရိတ်ဆိုင်ရာ တွေ့ကြုံမူများကို သက်သေ
အထင်အရှားပြသဖို့ မလုံမလောက်ဖြစ်စေခဲ့သည်။ရှေးလူကြီးစကားများအရဆိုလျှင်မူ
Albertက ဒဿနဆန်သော ကျောက်တုံးများကို
ရှာဖွေတွေ့ရှိခဲ့သည်ဟု ပြောကြသည်။သို့သော်
Alberသည် သူအရေးအသားများတွင်ပါဝင်နေသည့် ကျောက်တုံးများကို သူလေ့လာခဲ့ပါသည်ဟု အတည်မပြုခဲ့ပေ။သို့သော် သူသည် ရွှေသို့ ပြုပြင်ပြောင်းလဲယူ ရယူနိုင်ကြောင်းကို သူကိုယ်တိုင်မှန်ကန်ကြောင်း အတည်ပြုထားမူဖြင့် မှတ်တမ်းတင်ထားခဲ့သည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်