Sunday, February 12, 2017

အာလတ်စတာကရိုလီ(Aleister Corwley)

အာလတ်စတာကရိုလီ(Aleister Corwley)

ကရိုလီသည်​နာမည်​ဆိုးဖြင့်​​ကျော်​ကြားခဲ့​သော​မှော်​ဆရာတစ်​ဦးပင်​ဖြစ်​သည်​။သူသည်​ဘာသာတရားအလွန်​ကိုင်းရှိုင်း​သောမိဘနှစ်​ဦးမှဆင်းသက်​လာပါ​သော်​လည်း ​လောကီနှင့်​ပတ်​သတ်​​သော က​ဝေပွဲများနှင့်​တဏှာပွဲကီးများအ​ကြောင်းကို ​ဆောင်းပါး​ရေးပြီး အ​နောက်​တိုင်းသားတို့ကို တုန်​လှုပ်​​အောင်​လုပ်​ခဲ့သည်​။ထို​ကြောင့်​သူကိုလူအများကမိစ္ဆာ​ကောင်​ဟုပင်​​ခေါ်ခဲ့ကြသည်​။သို့​သော်​လည်းဂမ္ဘီရပညာကို ​လေး​လေးနတ်​နတ်​လိုက်​စားသူတစ်​ချို့ကမူ ကရိုလီသည်​​လောကုတ္တရာပိုင်းဆိုင်​ရာ အမှန်​တရားကို ရှာ​ဖွေ​နေသူဖြစ်​သည်​ဟုဆိုကြသည်​။အမှန်​တကယ်​ပင်​ ကရိုလီသည်​အိန္ဒိယနှင့်​တိဗတ်​ဂမ္ဘီရပညာတို့ကို ​လေ့လာလိုက်​စားခဲ့သည်​။ထို​နောက်​ကရိုလီသည်​စစ္စလီကျွန်းရှိ ဆီဖာလူမြို့တွင်​ဂိုဏ်းတစ်​ဂိုဏ်းတည်​​ထောင်​ခဲ့သည်​။ထိုဂိုဏ်းတွင်​ ​လောကီထုံဓ​လေ့အရ ​ကြောင်​တစ်​​ကောင်​၏​သွေးကို ​သောက်​မျိုကြရာမှ ​နောက်​လိုက်​တစ်​ဦး​သေဆုံးသွားရသည်​။ထိုဖြစ်​ရပ်​​ကြောင့်​သူ၏ဂိုဏ်းကို ရဲများကဝင်​စီးဖြိုခွဲပစ်​လိုက်​သည်​။ပြီး​နောက်​သူကို ပြည်​နှင်​ဒဏ်​​ပေးလိုက်​ကြသည်​။ထိုသို့ဖြင့်​ကရိုလီ၏ဘဝ အဆုံးသတ်​သွား​ချေသည်​။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်