အစွမ်းရှိသော တိရိစ္ဆာန်များ
ကြောင်
ကြောင်တို့သည် မှော်အစွမ်းများကိန်းဝပ်နေသော သတ္တဝါတစ်မျိုးဖြစ်သည်။တစ်ချိန်က ဥရောပတိုက်တွင်ကြောင်များကို စုန်းနှင့်ဆက်စပ်မူရှိသောသတ္တဝါများဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ယင်းမှာ
အချို့စုန်းမများသည်ကြောင်အဖြစ်သို့ဖန်းဆင်နေထိုင်နိုင်ကြသောကြောင့်ဖြစ်သည်။ထိုအပြင်စုန်းမများအတွတ်ကြောင်သည်အချစ်တော်သတ္တဝါဖြစ်ပြန်ပါ၏။၁၇၁၈ခုနှစ်က မောင်ဂိုမာရီဆိုသူသည်သူ့အိမ်အနီးအနားတွင် ကြောင်များလာစကားပြောနေကြသောကြောင့် စိတ်အနှောင့်အယှတ်ဖြစ်ရသည်ဆိုပြီး ရဲဒင်းဖြင့်ထွက်ခုတ်ရာ ကြောင်နှစ်ကောင်သေဆုံးပြီး တစ်ကောင်မှာဒဏ်ရာရရှိသွားခဲ့သည်။နောက်တစ်နေ့မနက်တွင်မူ ရွာထဲမှ အဖွားကြီးနှစ်ယောက်မှာ အိပ်ယာထဲတွင်သေဆုံးနေပြီး အဖွားအိုတစ်ယောက်မှာမူ ခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေတော့သည်။
တစ်ဖန်အီဂျစ်ရာဇဝင်တွင်လည်း ကြောင်ကလေးနတ်ဖုရား(Bust)နှင့်ကြောင်ကြီးနတ်ဖုရားမ(Sekhment)ဟူသော နတ်ဘုရားနှစ်ဆူရှိနေပါသည်။ကြောင်ကြီး နတ်ဘုရားမကို လူကိုယ်၊ကြောင်ဦးခေါ်င်းဖြင့် သရုပ်ဖော်ကြသည်။ထိုကြောင့်ရှေးတုန်းက အီဂျစ်တွင် ကြောင်ကို ကိုးကွယ်မူဆိုင်ရာအဖြစ်အထွတ်တင်ကြည်ညိုခဲ့ကြပုံရသည်။ယနေ့ အီဂျစ်နိုင်ငံ ဘူဘတ်စ်တက်စ်မြို့တွင် လူတစ်ချို့သည်Bustခေါ် ကြောင်နတ်ဘုရားကို ယနေ့တိုင် ပူဇော်နေကြဆဲဖြစ်သည်။
ထိုအကြောင်းများအပြင်ရှေးခေတ်အနောက်တိုင်သားသင်္ဘောသားတို့သည်ယင်းတို့သင်္ဘောပေါ်တွင်ကြောင်များမွေးထားတတ်ကြသည်။ထိုမွေးထားသောကြောင်သည် သင်္ဘောကို စွန့်ခွါထွက်ပြေးသွားခဲ့သည်ဆိုလျှင်ထိုသဘောင်္သည်ပင်လယ်ထဲတွင်နစ်မြှပ်တတ်သည်ဟူ၏။ထပ်မံပြီး ထိုမွေးထားသောကြောင်ကို သင်္ဘောပေါ်မှပစ်ချလျှင်လေပြင်းမုန်းတိုင်ဖြင့်ကြုံရသည်ဟူ၏။
လူနှင့်ကြောင်ပတ်သတ်ပြီး ထပ်၍တွေ့ရသော အယူအဆများကျပြန်မူ အမျိုးသမီးတစ်ဦး၏ နဖူးအား ကြောင်မှလျက်ပါက ထိုအမျိုးသမီး၏ယောကျာင်္းသေဆုံးတတ်သည်။အမျိုးသမီး၏ခြေထောက်ကို ကြောင်လာလျက်ပါက သူမယောကျာ်း၏အဖေကွယ်လွန်တတ်သည်ဟူ၏။နောက်ပြီးကြောင်၏ချက်ကြိုးရရှိပိုင်ဆိုင်သူသည် အလွန်ချမ်းသာကြွယ်ဝမူကို ရရှိတတ်သည်ဟူပြန်၏။ထိုထက်လွန်သော ယုံကြည်စွဲလမ်းမူများကမူ အသုဘ အလောင်းကောင်ကို ကြောင်တစ်ကောင်ကောင်က ဖြတ်ကျော်သွားလျှင် ထိုလူသေကောင်မှာကောင်းရာသုဂတိဘုံသို့မရောက်နိုင်ဟူ
ပြန်၏။ကျွန်တော်တို့၏ရှေးမြန်မာကြီးများကလည်း လူသေကို ကြောင်တစ်ကောင်ဖြတ်ကျော်သွားလျှင် ဖုတ်ဝင်တတ်သည်ဟု ယုံကြည်ထားကြပြန်သည်။ထို့အပြင်
ကျွန်တော်တို့မြန်မာနိုင်ငံတွင်မူကြောင်နှင့်ပတ်သတ်သော မယုံနိုင်ဖွယ်ရာများ များစွာရှိပါသည်။။ဥပမာပြရလျှင် ကေလာသတောင်မှ ကြောင်ရုပ်တစ်ရာသည်မှော်အစွမ်းများကိန်းဝပ်နေလျှက်ရှိသည်။ထိုကြောင်ရုပ်တစ်ရာထဲမှာ ကြောင်ရုပ်တစ်ရုပ်ကို ဓာတ်လုံးထည့်သွင်းထားခဲ့ရာ ထိုကြောင်ရုပ်တစ်ရာမှ မည်သို့ပင်ရေတွတ်
ရေတွတ်နောက်ဆုံးတွင်ကြောင်တစ်ကောင် ပိုလျှင်ပို၊မပိုလျှင်လျော့နေသည်ကို ထူးထူးခြားခြားမြင်တွေ့ရပါသည်။ထိုကြောင့်ကြောင်ဆိုသော သတ္တဝါမှာ နယ်နယ်ရရမဟုတ်သည်မှာ အမှန်ပင်ဖြစ်သည်။ကြောင်တကာ့ကြောင်တို့ထဲတွင် အမွှေးအရောင်ကလည်းအနတ်၊မျတ်စိအနတ်နှင့် ကြောင်နတ်မျိုးမှာ ရှားပါးပြီး သိဒ္ဓိဝင်ကာ အစွမ်းထက်သော ကြောင်မျိုးပင်ဖြစ်သည်။ထိုကြောင်နတ်သည် ကောင်းကင်တွင်ပျံသန်းနေသော ဌက်အရိပ်၊သစ်ပင်ပေါ်နားနေသော ဌက်နှင့်အခြားသတ္တဝါတို့၏အရိပ်အား မြေပြင်မှ အုပ်ကာဖမ်းရုံမျှဖြင့် မြေပြင်သို့ပြုတ်ကျရပြီး ကြောင်နတ်၏အစာ ဖြစ်ရပေသည်။ထိုကြောင်နတ်မျိုးကို ထွက်ရပ်စခန်းလိုက်သူများ တွေ့မြင်ရတတ်ကြသည်။ ထိုအတူ ပထမံဘိုးဘိုးအောင်မှာ ထိုကြောင်နတ်မျိုးကို ရွှေရောင်တော်ဘုရားတွင် တွေ့ရှိခဲ့ဖူးသည်ဟူ၏။
ရာဇဝင်ထဲတွင်လည်းသူခိုးကြီးငတတ်ပြားမှာကြောင်မျတ်ရှင်ကို ရခဲ့သည့်အတွတ် စွမ်းအင်ထူးများကို ပိုင်ဆိုင်ခဲ့သည်မှာလည်း အမှန်ပင်ဖြစ်ချေသည်။ထိုစွမ်းအင်ထူးမှာငတတ်ပြားကို ဌက်ပျောရွတ်ပေါ်မှာတောင်တတ်အိပ်နိုင်စေခဲ့ပါသည်။မြန်မာတို့၏လောကီပညာရပ်တွင်ဖီလာကြောင်မှော်သွင်းနည်း၊နေမိန္နြကြောင်မှော်သွင်းနည်း၊လေပြည်ကြောင်မှော်သွင်းနည်းများရှိနေခြင်းမှာလည်း ကြောင်သည် မှော်ပညာသို့နွယ်သော သတ္တဝါတစ်ကောင်ဖြစ်ကြောင်းကို သက်သေပြလျှက်ရှိပေသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်