ကျား
ရှေးလူတို့သည်နဂါးကို ကိုးကွယ်ယုံကြည်မူရှိခဲ့ကြသလိုပင်ကျားအပေါ်ကိုးကွယ်ယုံကြည်မူများလည်းရှိခဲ့ကြသည်။ထိုကဲ့သို့ပင်ကျွန်တော်တို့၏ရှေးမြန်မာကြီးများမှာလည် ကျားနှင့်ပတ်သတ်ပြီးယုံကြည်စွဲလမ်းမူများရှိကြသည်။ယင်းမှာ ကျား၏ဘယ်ဘက်လက်သည် အားအသန်ဆုံးဖြစ်ပြီး သားကောင်ငယ်များကို ထိုလက်ဖြင့်တစ်ချက်ပုတ်ခတ်ရုံမျှဖြင့်သေကြေကြလေသည်။ထိုကြောင့်ထိုကျား၏လက်ဝဲဘက်လက်ဖျံရိုးကို ဆောင်ထားနိုင်ပါက ကာယသိဒ္ဓိပြီးမြောက်သည်ဟူပေ၏။ထိုအပြင်ကျားအားဟူသည်လည်းရှိပြန်သည်။ထိုကျားအားသည်ကျား၏ရှေ့လက်မောင်းအိုးနှစ်ခုဆုံရာ လည်ကုပ်နားတွင်ရှိတတ်သည်။ယင်းမှာ ဘဲဥနှစ်လုံးစာခန့်ရှိသော အသားမာလုံးကြီးပင်ဖြစ်သည်။ယင်းကိုဆေးစီရင်ပြီးစားသုံးပါလျှင်ကာယသိဒ္ဓိအကျိုးကို
ခံစားရသည်ဟူ၏။တစ်ဖန်ကျားနှင့်ပတ်သတ်ပြီး အလွန်ထူးဆန်းသောဖြစ်ရပ်များလည်း ရှိပြန်သည်။ထမံသီနယ်၌ သမန်ကျားဟူသော ဝေါဟာရမှာ အလွန်ကျော်ကြားသည်။ထမံသီနယ်မှ သမန်းကျားမျိုးမှာ လူစင်စစ်မှ ကျားအသွင်ပြောင်းခြင်းဖြစ်သည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်