Wednesday, March 22, 2017

မင်းသမီး

စတုဂံလွင်ပြင်(၂)
မင်းသမီး


ငိုသံတစ်ချက်နဲ့ စတင်တဲ့ဘဝ
ငိုသံတွေနဲ့ပဲ အဆုံးသတ်ရတော့မလား
အလွမ်း………အကြမ်း
အက်ရှင် ဒရမ်မာ
ဇာတ်စုံနဲ့ မင်းသမီး ( ကျွန်မ )
နှလုံးသားတစ်ခုလုံး ထောင်းလမောင်းကြေနေတာတောင်
ဘဝရုပ်ရှင်မှာ
နောက်ဆုံးရတဲ့ဆုက
''မာယာများသတဲ့''လား
( ဟက် )
ဒါရိုက်တာကြီးရေ………
ငိုသံတစ်ချက်နဲ့ စတင်တဲ့ဘဝ
ငိုသံတွေနဲ့ပဲ အဆုံးသတ်ရတော့မလား
တကယ်တော့
( ကျွန်မ ) က ''မင်းသမီး''ပဲမဟုတ်လားကွယ်……။

ဝိုင်းဝိုင်း

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်