အစွမ်းရှိသောပစ္စည်းများ
သဘာဝဓမ္မ၏စွမ်းအား
လောကဓာတ်တစ်ခွင်တွင် သဘာဝဓမ္မ၏စွမ်းအားကို ခံယူသိုမှီးရာအပိုင်းနှင့် ထိုစွမ်းအားကို ထုတ်လွှင့်စေသော အပိုင်းဟူ၍နှစ်ပိုင်းရှိသည်။ထိုသဘာဝဓမ္မ၏စွမ်းအားကို ခံယူသိုမှီးရာအပိုင်းနှင့် စပ်ဆိုင်သမျှတို့သည် ထိုစွမ်းအားကိုပင် သူဘာသာသူ တဖြည်းဖြည်းချင်း ပြန်လည်ထုတ်ပေးခြင်းဖြစ်ရာ အသုံးပြု၍မရနိုင်ချေ။ကျန်သည့် သဘာဝဓမ္မ၏စွမ်းအားကို ထုတ်လွှင့်ပေးသော အပိုင်းသည်ကား မိမိနှင့်နီးစပ်ပူးတွဲနေသော အရာဝထ္ထူများမှ စွမ်းအားများကို၎င်း၊သဘာဝဓမ္မ၏စွမ်းအားများကို ၎င်း၊ဆွဲငင်၍ ထုတ်လွှင့်ပေးတတ်သည်။ထိုပစ္စည်းအချို့ကို ဖော်ပြရပါလျှင် သုတ်သွေး၊အသက်ပါလာသောသွေး၊အပင်အချို့၏အရွက်၊အညွန့်၊အမြစ်၊အနှစ်များနှင့် ကျောက်မြတ်ရတနာအချို့ပင်ဖြစ်သည်။ထိုကဲ့သို့ သဘာဝ၏စွမ်းအားကို ခံယူသိုမှီးကြရာတွင် ပစ္စည်းတိုင်းလိုလို အနည်းနှင့်အများ ခံယူတတ်ကြပါသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်