အမြူတေ
သဘာဝအလျောတ်ဖြစ်ပေါ်လာသော အစွမ်းထက်ပစ္စည်းများကို အမြူတေဟု လူတို့က ခေါ်ဝေါ်ကြပါသည်။ထိုအမြူတေများသည်မှော်ဝင်နေသော၊သိဒ္ဓိဝင်နေသော အဆောင်ပစ္စည်းများဖြစ်လာကြသည်။အမြူတေနှင့်ပတ်သတ်ပြီး၁၉၉၇ခုနှစ်၊မတ်လထုတ်နက္ခတ္တရောင်ခြည်မဂ္ဂဇင်းတွင်ထူးထူးခြားခြား အကြောင်းအရာတစ်ခုကိုတွေ့ရှိခဲ့ရသည်။ဖော်ပြထားသည်မှာ အလောင်းမင်းတရားကြီးဦးအောင်ဇေယျကွယ်လွန်ချိန်တွင်သူ၏အလောင်းအား မီးသဂြိုလ်ကြသောအခါ သူ့၏ဦးခေါ်င်းသည် မီးစွဲလောင်ခြင်းမရှိခဲ့ချေ။ထိုမီးစွဲမလောင်သော ဦးအောင်ဇေယျ၏ဦးခေါ်င်းကို စစ်ဆေးကြည့်ရှုကြသောအခါ ဦးခေါ်င်း၏ငယ်ထိတ်တွင် ဖုနေသော အရာဝထ္ထူတစ်ခုကိုတွေ့ရှိကြလေသည်။ယင်းကိုခွဲထုတ်ကြည့်ကြရာလွန်စွာမှမာကျောပြီးဇီးစေ့အရွယ်ခန့်ရှိသော အမြူတေကျောက်တစ်လုံးကို
ရရှိကြလေသည်။ထိုအမြူတေကိုထုတ်ယူပြီးနောက် မီးရှို့သောအခါ ဦးခေါ်င်းသည်ကောင်းစွာ မီးလောင်ကျွမ်းတော့၏။ထိုအမြူတေကို
ဆောင်ထားခဲ့သူမှာလည်း
ဗဒုံမင်းလက်ထပ်၌ ကာယသိဒ္ဓိပြီးမြောက်ခဲ့သည်ဟူ၏။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်