သန္ဓေသား
သန္ဓေသားမှာ အဆောင်အဖြစ်ဆောင်၍ရသည် မရသည်ကို ကျွန်တော်
အသေအချာမသိပါ။သို့သော် ကျွန်တော် ဖတ်ဖူးသော သတင်းတစ်ပုဒ်ကို ပြန်လည်ဖော်ပြချင်ပါသည်။ထိုဖြစ်ရပ်၌ ဘန်ကောက်ရှိ ဟိုတယ်မှ အင်္ဂလန်နိုင်ငံသားတစ်ဦးသည် ရွှေရောင်စက္ကူဖြင့်ပတ်ထားသော သန္ဓေသား၆ခုကို တွေ့ရှိခဲ့သည်။ထိုမှတစ်ဆင့် စုံစမ်းကြလေရာ ထိုနေရာသို့ သယ်ဆောင်လာသူမှာ ဟောင်ကောင်နွယ်ဖွား ချော့ဟောင်ကွန်းဖြစ်သည်။ သူသည် ထိုသန္ဓေသားအခြောက်များကို အောက်လမ်းမှော်ပညာအတတ်တွင် အသုံးပြုရန် စုဆောင်းထားခြင်းဖြစ်သည်။သူကို ခြေရာခံမိခြင်းမှာ ဝက်ဆိုဒ်တစ်ခုတွင် တင်ထားသော မှော်အောက်လမ်းဆိုင်ရာ ကြေညာတစ်ခုမှဖြစ်သည်။
ထိုင်းနိုင်ငံသည် မှော်နှင့်အောက်လမ်းဆိုင်ရာပညာရပ်
များကို ပိတ်ပင်ထားသောနိုင်ငံဖြစ်သည်။သူအနေဖြင့် ထိုင်းသို့ သန္ဓေသားများယူဆောင်လာခြင်းမှာ မကောင်းသောကံများကို ကျော်လွှားချင်သူများအား ရောင်းချပေးဖို့ဖြစ်သည်ဟု ဆိုပေသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်