အစွမ်းရှိသောသစ်ပင်များ
မှော်အစွမ်းသည်လူတို့သည်သာ ရရှိနိုင်သော အရာတော့မဟုတ်ချေ။သက်ရှိသက်မဲ့တိုင်းတွင် ထိုမှော်အစွမ်းများရှိနေနိုင်ကြသည်ချည်းဖြစ်သည်။ထိုအထဲမှာအစွမ်းရှိသောသက်ရှိသက်မဲ့များကို အနည်းငယ်စီဖော်ပြပေးချင်ပါသည်။
မှို
အချို့သည် မှော်အစွမ်းရရှိရန် သစ်ပင်များကိုလည်းအသုံးချတတ်ကြသည်။ရှားစောင်းပင်တစ်မျိုးမှထွက်သော ပေယိုတေးနှင့်အချို့သော မှိုပွင့်ကြီးများသည် စိတ်အာရုံအမြင်ကို ဖြစ်ပေါ်စေသော အာနိသင်များပါရှိလေသည်။ထိုကြောင့်ထိုအရာများကို ပယောဂဆရာများ၊ဘုန်းတော်ကြီးများနှင့်နတ်ဆရာများ၊ရှေးခေတ်ဆေးဆရာများမှ အသုံးပြုခဲ့ကြသည်။မွန်ဂိုနှင့်ရှေးခေတ်အီဂျစ်များသည်အာမာနိတာ မတ်စ်ကားရီးယားဟုအမည်ရသော မှိုပွင့်တစ်မျိုးတွင် ဒေဝတာစွမ်းရည်များရှိသည်ဟု ယုံကြည်လက်ခံထားကြသည်။သူတို့သည် အနာဂတ်ကိုဟောပြောရန်အတွတ် ထိုမှိုပွင့်ကို စားသုံးခဲ့ကြသည်။ယနေ့
ခေတ်တွင်လည်း မက္ကဆီကိုမှ နိုင်ငံသားတစ်ချို့သည်ထိုမှိုပွင့်များကို နတ်ကြီးသည်ဟု ယူဆကာ ဘာသာရေးအခမ်းအနားများတွင် သုံးစွဲတတ်ကြသည်။ထိုသူများသည် မှိုပွင့်များကိုစားသောက်ပြီး
နောက် အမြင်စွမ်းရည်ထူးကဲလာသည်ဟုဆိုကြ
သည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်