[ရေမွှေး
]
ရေမွှေး၊ဆီမွှေး၊အမွှေးနံသာ အစရှိသောအရာများသည် လောကီပညာဆိုင်ရာ အစီအစဉ် အခမ်းအနားတို့တွင် ရှေးပဝေသဏီကတည်းက ပါဝင်ပတ်သတ်ခဲ့ကြသည်။ထိုပတ်သတ်မူမှာ အီဂျစ်တို့၏ခေတ်၌ အထွတ်အထိတ်သို့ပင် ရောက်ခဲ့သည်။ထိုမှတဆင့် လောကီပညာဆိုင်ရာ အစီအရင်အခမ်းအနားတို့တွင် အမွှေးနံသာများ အသုံးပြုခြင်းမှာ ဓလေ့တစ်ခုလိုဖြစ်လာခဲ့သည်။ယနေ့ခေတ်တွင်မူ ရေမွှေးဆွတ်သည့်အလေ့အထမှာ ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ကြိုက်နှစ်သက်ရာပစ္စည်းတစ်ခုကဲ့သို့ ဖြစ်လာခဲ့သည်။ရေမွှေးသည် မိမိနှင့်လိုက်ဖတ်ညီနေရမည်ဟု ဆိုခြင်းမှာလည်း ခေတ်သစ်အယူအဆတစ်မျိုးပင်ဖြစ်လာခဲ့ပြန်သည်။ရေမွှေးတို့သည် တုန်ခါမူကို ပြုလုပ်ပေးသည်။ထိုတုန်ခါမူသည် ရေမွှေးဆွတ်ထားသူ၏ ကိုယ်ရောင်ကိုယ်ဝါကို ဖြတ်သန်းပြီး သူ့အနီးသို့ကပ်လာသော အခြားသူတစ်ဦးဦး၏ ကိုယ်ရောင်ကိုယ်ဝါဆီသို့ စိမ့်ဝင်ပျံနှံနိုင်သည်။ရေမွှေး၏အစွမ်းသည် ကျဲပါးသော ကိုယ်ရောင်ကိုယ်ဝါ၏ထုထည်နှင့် အကျိုးသက်ရောက်မူနယ်ပယ်ကို ချဲ့ကားပေးသည်။ထိုကြောင့် အချို့သော ရေမွေးများသည် လူတို့ကို ကံကောင်းစေတတ်ပြီး အချို့မှာ ကံဆိုးစေတတ်ခြင်းဖြစ်သည်။ယင်းကို အသုံးချပြီး နောက်ပိုင်းကာလများ၌ ရေမွှေးကို ပီယဘက်တွင်လည်းကောင်း၊ အောင်မြင်မူ ရရှိရန်လည်းကောင်း လူတို့ အသုံးချလာခဲ့ကြသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်