ဆား
®®®
ဆားသည်လည်းမှော်ပညာတွင် အသုံးချနိုင်သော ပစ္စည်းတစ်မျိုးပင်ဖြစ်သည်။လူတစ်ယောက်အား အညှီအဟောက်သဖွယ်သဘောထားပြီး သူ၏နောက်ကျောကို ဆားဖြင့်ပေါ်က်ပါက ထိုသူသည် ညဘက်တွင်လုံးဝအိပ်မရဘဲ လမ်းချည်းလျောတ်နေရမည်ဖြစ်သည်။တစ်ဖန်ဆားကို ကြက်၏လည်ချောင်းသွေးဖြင့်ရောပြီး အိမ်တစ်အိမ်၏ တံစက်မြိတ်အောက်တွင် ၃ညတိတိ ပတ်ဖျန်းပါက ထိုအိမ်ရှင်မှာ အိမ်တွင်မနေနိုင်တော့ဘဲ ပြောင်းရွေ့ပြေးရလေသည်။တစ်စုံ
တစ်ယောက်သောသူသည်မိမိချစ်ခင်စုံမတ်သော မိန်းမပျို၏အိပ်ယာထဲသို့ ဆားပတ်ဖျန်း၍လည်းကောင်း၊ထိုမိန်းမပျို အိပ်ပျော်နေစဉ် သူမ၏ဆံပင်ပေါ်သို့ ဆားဖြူး၍လည်းကောင်း၊ထိုမိန်းမပျို၏အချစ်ကို ရယူနိုင်သည်ဟူ၏။ထိုသို့အစွမ်းထက်သော ဆားကိုအချို့ကလည်း မကောင်းဆိုးဝါးများ အိမ်အတွင်းသို့ ဝင်မလာစေရန် အိမ်တံခါးများတွင် ဆားကိုဖြူးထားခြင်းဖြင့်စီရင်အသုံးချတတ်ကြပြန်သည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်