ဝါး
ဝါးပင်များသည်ထူးခြားသောဂုဏ်သတ္တိများရှိသည်။ဝါးအမျိုးအစား များပြားစွာရှိသောလည်း ထိုအများအပြားထဲမှ ဝါးသစ်တံခါးမှာအရှားပါးဆုံးဖြစ်သည်။ထိုဝါးသစ်တံခါး၏ အစွမ်းသတ္တိမှာ ယင်းပေါက်ရောက်သောနေရာတစ်ဝိုက်တွင်ဝိညာဉ်လောကနှင့်ဆိုင်သောအရာများ၊သိုက်ဝင်ဆေးပင်ဂမုန်းပင်များ၊မြေမြှပ်ပစ္စည်းအမျိုးမျိုးများ၊အင်း၊ပေစာ၊ပုရပိုက်များကဲ့သို့လျိုဝှတ်ပစ္စည်းများ တစ်ခုမဟုတ်တစ်ခုရှိနေတတ်သည်။ရှေးပညာရှိများကလည်း ထိုဝါးသစ်တံခါးကိုအသုံးပြုပြီး ကျတ်ကုန်းများကိုကြည့်နိုင်သည်ဟု ဆိုကြသည်။ယင်းဝါးသစ်တံခါးပုံစံမှာ အဂ်လိပ်အက္ခရာ yပုံစံနှင့်ဆင်တူ၏။
နောက်ထပ်ထူးဆန်းသောဝါးတစ်မျိုးမှာ ဝါးပျံဖြစ်သည်။ဝါးပျံသည် သစ်ပင်၊ဝါးပင်တို့၏ အပေါ်အဖျားဘက်တွင်မြစ်တွယ်ပေါက်ရောက်နေသော ဝါးပင်မျိုးဖြစ်သည်။ယင်းသို့ပေါက်ရောက်နေသော ဝါးပျံများထဲမှာ
ဝါးပျံဇောက်ထိုးမှာ အစွမ်းအထက်ဆုံးဖြစ်၏။ဝါးပျံဇောက်ထိုးသည်ယင်း၏ဝါးအလတ်များမှာ အပေါ်ဘက်သို့ ထိုးထွက်မြင့်တတ်နေခြင်းမရှိဘဲ အောက်ခြေဘက်သို့ ထိုးထွတ်နေကြ
သည်။ယင်းတို့ကို ဈေးခေါ်၊လာဘ်ခေါ်ရာတွင် အများဆုံးအသုံးပြုကြသည့်အပြင် ရုပ်တုများလည်းပြုလုပ်ကိုးကွယ်တတ်ကြသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်