မှော်
---
ဒီစာအုပ်နဲ့ပတ်သတ်ရင် ကျွန်တော်မှာ ပြောစရာတစ်ပုံတစ်ခေါ်င်းရှိပါတယ်။ ဒီစာအုပ်ဟာ လေးနှစ်ကျော်လောက် အချိန်ယူရေးနေတာတောင် ပြည့်စုံမလာနိုင်သေးတဲ့စာအုပ်ပါ။ ဒါကလည်း ကျွန်တော်ညံဖျင်းမူလည်း ပါပါတယ်။ အဓိက ကြုံရတဲ့ အခက်အခဲက ဘာလဲဆိုတော့ အကြောင်းအရာတစ်ခုကို ရှာဖွေကြည့်လိုက်တိုင်း အဲဒီကိုရှာဖွေလိုက်တဲ့ အကြောင်းအရာထဲမှာ နောက်ထပ်ရှာဖွေရမယ့် အကြောင်းအရာက ဆယ်ခုထက်မနည်း ထပ်တွေ့ရလို့ပါပဲ။ ဥပမာပြောရရင် ကျွန်တော်က ရှေးအီဂျစ်တွေရဲ့မှော်ပညာကို လေ့လာတယ်ဆိုပါတော့။အီဂျစ်တွေရဲ့မှော်ပညာထဲမှာပဲ ပီရမစ်တွေ၊မံမီတွေ၊ အဆောင်လက်ဖွဲ့တွေ၊ မန္တန်တွေ ထပ်ပြီးတွေ့လာရတယ်။တစ်ခါ မန္တန်ကိုပြန်ရှာတော့ ကျိန်စာတိုက်ခြင်းတွေ၊ကာကွယ်ခြင်းတွေ၊ စီရင်ခြင်းတွေ ပါလာပြန်ရော။ ဒီတော့ ကျွန်တော့်ညံဖျင်းမူကြောင့် တစ်ယောက်တည်း လိမ့်ပတ်မလည်ဖြစ်နေရတယ်။ ဒီကြားထဲ အင်္ဂလိပ်စာက မကျွမ်းကျင်ပြန်တော့ စာပိုဒ်တစ်ပိုဒ်ကို နှစ်ပတ်လောက်အချိန်ယူပြီး ဘာသာပြန်နေရတယ်။ ပြောရရင် ကျွန်တော် ဖင်မနိုင်ဘဲ ပဲကြီးဟင်းစားတာပါ။ ဒါပေမယ့် ကျွန်တော်လက်မလျော့ချင်ဘူး။ ဒီအကြောင်းအရာတွေကို ကျွန်တော်စိတ်ဝင်စားတယ်။ ဒီအကြောင်းအရာတွေကို ကျွန်တော်အလေးအနတ်ထားပြီး ရေးချင်တယ်။ ဒီလိုနဲ့ ကျွန်တော်ရှေ့ဆက်ရေးခဲ့ပါတယ်။ဆိုတော့က ဒီစာအုပ်ဟာ ဆန္ဒဇောကြောင့် ရေးနေတာဆိုတော့ အမှားတွေလည်းပါတယ်လို့ ထင်မိပါတယ်။ အကယ်၍ မှားခဲ့သည်ဆိုသော စာဖတ်သူများအနေနဲ့ နားလည်ပေးဖို့ ဆိုချင်ပါတယ်။ ပညာရပ်တစ်ခုကို ရှာဖွေဖော်ထုတ်ပြရာမှာ ပညာရှင်တစ်ယောက်ကသာ လုပ်ပြနိုင်တဲ့အရာမျိုးပါ။ ကျွန်တော်က ပညာရှင်တစ်ယောက်မဟုက်တာကြောင့် တစ်ချို့ကိစ္စတွေမှာ နားလည်သဘောပေါ်က်အောင် မရှင်းပြနိုင်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ဥပမာ အဆောင်တွေအကြောင်း၊အစီအရင်တွေအကြောင်း၊ လူ့ပုဂ္ဂိုလ်တွေအကြောင်းစသဖြင့်ပါ။ လူ့ပုဂ္ဂိုလ်တွေထဲမှာ ဆိုရင်လည်း ဂျွန်ဒီးနဲ့ကယ်လီတို့ရဲ့ အကြောင်းအရာဟာ ကျွန်တော်ကိုယ်တိုင် ဝေခွဲမရ ဖြစ်နေမိတာတွေရှိနေပါတယ်။ ဆိုတော့ စာဖတ်သူကလည်း ဝေခွဲမရဖြစ်မှာပါ။ ဒီးကြားထဲ တစ်ခြားသမိုင်းတွေကလည်း ရှာမရခဲ့ဘူး။ဥပမာ တရုတ်ပညာရှင် ချန်ကော။ ပြီးတော့ ထည့်ချင်ရဲ့သားနဲ့ ထည့်မရေးဖြစ်တဲ့ ပုဂ္ဂိုလ်တွေလည်း အများကြီး ကျန်ခဲ့ပါတယ်။ဥပမာ အဂ္ဂါကေစီ၊ မဒမ်ဘလာ ဘတ်စကီ၊ ဒိုင်နမို ၊ စသဖြင့်ပါ။ အကြောင်းအရာတွေထဲမှာတော့ အလိုအလျောတ်စာရေးခြင်းတွေ ကျန်ခဲ့ပါတယ်။ ဒီအကြောင်းအရာတွေက အလွန်ရှည်လျားစွာ ဖော်ပြရမှာမို့ မချန်ချင်ပဲ ချန်ထားခဲ့ရပြန်တယ်။ နောက်ဆုံးပြောချင်တာကတော့ ဒီရေးထားသမျှလေးကို ကျွန်တော်စာတွေအများကြီး ဖတ်ရှုလေ့လာပြီး ကြိုးစားအားထုတ်ရေးထားရတာ ဖြစ်တာကြောင့် ဖတ်ရှုခဲ့ရတဲ့ သူငယ်ချင်းတွေအနေနဲ့ အားမရမူတွေဖြစ်ခဲ့ရင် ခွင့်လွှတ်ကြဖို့ပါ။ပြီးတော့
ကျွန်တော်ကြိုးစားရေးထားတာလေးကို ဝိုင်းဝန်းအားပေး ဖတ်ရှုခဲ့ကြတဲ့ သူငယ်ချင်းအားလုံးကိုတော့ ကျွန်တော်မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျ။
Apr22.2017
မင်းဆက်ဝေ

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်