ကျောက်တုံးများ
++++++++
ဘေဘီလုံ၏ မှော်ပညာတွင် ကျောက်တုံးများ၏ အရည်အသွေးသည် ဆေးဘက်ဝင်အပင်များနှင့်ပင် နိုင်းယှဉ်နိုင်စွမ်းရှိသည်။
ကျောက်တုံးများတွင် မှော်ဆိုင်ရာ ဂုဏ်သတ္တိများရှိသည်ဟု ယင်းတို့က ယူဆခဲ့ကြသည်။ထိုကြောင့်လည်း မှော်ဆိုင်ရာ ကျောက်တုံးများကို ရှည်လျားစွာ စာရင်းပြုလုပ်ထားကြသည်။သို့သော် ကျောက်တုံးများ၏ အမည်နာမများကိုမူ ရှင်းလင်းစွာ ဖော်ပြခဲ့ခြင်းမျိုးတော့
မရှိခဲ့ပေ။ဖြစ်နိုင်ခြေရှိသည်မှာ ကျောက်တုံးများနှင့် မှော်ဆိုင်ရာ အကျိုးသက်ရောက်မူများမှာ ဆက်နွယ်မူရှိနေသည်။ဥပမာပြရလျှင်
ကျောက်တုံးကို မှော်ပညာဆိုင်ရာ ဂုဏ်သတ္တိများ ရှိစေဖို့ အသက်သွင်းခြင်းနှင့်ရုပ်တု ပြုလုပ်ခြင်းများအတွက် အသုံးပြုခဲ့ကြသည်။
ထိုအပြင် ရှေးဘေဘီလုံလူမျိုးများသည် ကျောက်တုံးများကို ကြိုးတစ်ကြိုးဖြင့် ချိတ်ဆွဲပြီးအဆောင်များအဖြစ်လည်း အသုံးပြုခဲ့ကြသည်။၎င်းကျောက်တုံးအဆောင်သည် စိတ်ကိုတိမ်းညွှတ်စေသော အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။ထိုအတူ ကျောက်တုံးများဖြင့် အစာအိမ်အောင့်ခြင်းရောဂါကို ကုသရာတွင် ကျောက်တုံးအား နာကျင်သောနေရာတစ်ဝိုက်၌ ပတ်တီးဖြင့် စည်းထားပေးခြင်းဖြင့် ပျောက်ကင်းစေအောင် အထောက်အကူ ပြုစေခဲ့သည်။ထိုကြောင့် ဘေဘီလုံလူမျိုးများသည် ကျောက်တုံးများကို ဆေးဝါးအဖြစ်ရည်ရွယ်ပြီး အသုံးပြုနိုင်ခဲ့ကာ ရောဂါကို ကာကွယ် ဟန့်တားနိုင်ခဲ့ကြသည်။

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်