Wednesday, April 5, 2017

နားလည်ခြင်းထဲမှာ သံယောဇဉ်တွေပေါင်းထည့်ကြည့်

စတုဂံလွင်ပြင် - ၅

နားလည်ခြင်းထဲမှာ သံယောဇဉ်တွေပေါင်းထည့်ကြည့်



ရင်ဘတ်ထဲမှာ တိတ်ဆိတ်သွားတယ်
သူပစ်လိုက်တဲ့ ဗုံးက နှလုံးသားကို စင်တယ်
ဗရပွဖြစ်သွားတဲ့ အသားစတစ်ချို့မှာ
မယုံကြည်နိုင်ခြင်းတွေ လဲကျသေဆုံးသွားတယ်..
ကဲ...ဘာပြောဦးမှာလဲ.
ဝတ္တရားထက် ပိုကောင်းတဲ့စကားလုံးနဲ့
ဟော့ဒီက နှလုံးသားတစ်စုံကို လောင်ကြေးထပ်
မင်းအတွက် အမြတ်တော့ရှိပါတယ်
ခင်တွယ်ပြတဲ့ အကျိုးတရားမှာ
အဖိုးအခအားဖြင့် ငါ့ရင်ဘတ်ပုပ်သိုးခဲ့တာပဲလေ
မှိုတက်သွားတဲ့ ကတိတွေအတွက်
ငါ လေသံကျယ်ကျယ်နဲ့ပဲ တောင်းပန်တယ်
မင်းနားမလည်နိုင်လောက်တဲ့ ပုံပြင်တစ်ခုလိုမျိုး
အခါခါထပ်ဖတ်နေတာတောင်
မင်းအတွက်လွဲဆဲပဲဆိုရင်
ရှိပါစေပေါ့
ငါဟာ ပုံပြင်ထဲမှာတော့
မင်းသားတစ်ပါးတော့ ဖြစ်ခဲ့တယ်။

March6.2017
Minsetwai

posted from Bloggeroid

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်