အလွမ်းတွေနဲ့ သေနေတဲ့သစ်ပင်(မင်းဆက်ဝေ)
(A)
မရေ....
ကျွန်တော်ဟာ အလွမ်းတွေနဲ့ သေနေတဲ့ သစ်ပင်တစ်ပင်ပါ။ ဒီသစ်ပင်မှာ မေ့ထားလို့မရနိုင်ခဲ့တဲ့ အတိတ်လေးတွေ ရှိတယ်။
အဲဒီသစ်ပင်လိုမျိုး
ရင်ဘတ်မှာ ကျန်ရစ်ခဲ့တဲ့ အမာရွတ်တစ်ချို့ကို ကျွန်တော် ဟာ တယုတယ နဲ့ ပွတ်သပ်နမ်းရှိုက်ရင်း ဟိုး...ဝေးဝေးကို
မျှော်လင့်ချတ်မျတ်လုံးတွေနဲ့ ငေးနေခဲ့ရသူပါဟာ။
တကယ်တော့ ပြန်ဆုံနိုင်ခြင်း၊ ပြန်မဆုံနိုင်ခြင်းဆိုတာ ကံကြမ္မာရဲ့ အလုပ်တစ်ခု ဖြစ်ခဲ့ပြီပဲလေ။ ဆိုတော့ ကျွန်တော် တတ်နိုင်တာက အတိတ်ကို ထိုင်လွမ်းနေရုံမှတစ်ပါး အခြားနတ္တိပါပဲလေ။
တစ်ချိန်က ကျွန်တော်ဟာ လမ်း၃၀က နာရီဆိုင်လေးတစ်ဆိုင်မှာ ဝင်အလုပ်လုပ်ခဲ့ဖူးပါတယ်။ ဒီနာရီဆိုင်လေးထဲမှာ ကျွန်တော်ဟာ ဓာတ်ခဲထည့်ရတဲ့ အလုပ်ကို လုပ်ပေးရတယ်။ ဝန်ထမ်းတွေအားလုံးဟာ ကိုယ့်ကောင်တာနဲ့ကိုယ် နေရပါတယ်။
အဲဒီနာရီဆိုင်လေးထဲမှာပေါ့..
"မ"က ကျွန်တော်နောက်ကျောဘက်မှာ အမြဲလာထိုင်ပြီး စကားတွေ လာပြောတတ်တယ်။
အဲဒီစကားတွေထဲမှာ ကျွန်တော်သူငယ်ချင်း ကိုဦးအကြောင်းတွေအမြဲ ပါခဲ့တယ်။ကိုဦးကို မ တစ်ကယ်ချစ်ခဲ့တာလား။ အဲဒီအချိန်က အဲဒီမေးခွန်းဟာ ကျွန်တော်ခေါ်င်းထဲ အမြဲလိုလို ရောက်လာခဲ့တဲ့ မေးခွန်းပါပဲ။
တစ်ကယ်တော့ မနဲ့ကိုဦးဟာ ပေါ်င်းစပ်လို့မရဘူးဆိုတာကို ကျွန်တော်အော်ဟစ်ပြောပြချင်ခဲ့မိသူပါ။
ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းစိတ်ဆိုးမှာ ကျွန်တော်ကြောက်နေခဲ့တယ်။ ပြီးတော့ ကျွန်တော့ ပြောစကားကို "မ" မယုံကြည်မှာလည်း ကျွန်တော်ကြောက်နေခဲ့တယ်။ အဲဒီအခြေအနေဟာ ကျွန်တော်အတွက်တော့ စိတ်အပင်ပန်းခဲ့ရဆုံး အခြေအနေတွေပါပဲ။
"မ" ဟာ အမြဲတစေ သွက်လတ်ပျော်ရွှင်စွာနေထိုင်တတ်တဲ့သူ
တစ်ယောက်ပါ။ အဲလိုလူမျိုးကို ကျွန်တော်ထုံဆေး မထိုးရက်ခဲ့ပါဘူး။မပျော်နေတာကိုပဲ အမြဲမြင်ချင်နေခဲ့မိတယ်။ အဲဒါကြောင်လည်း "မ" က နင် ဆိုင်ထဲက ဘယ်သူ့ကိုသဘောကျလည်းမေးတော့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ချယ်ရီကိုသဘောကျတယ်လို့ ကျွန်တော်ဖြေခဲ့မိတယ်။
တကယ်တော့ ဒါကဟာသတစ်ခုပါပဲဆိုတာ မ ကောင်းကောင်း သိပါလိမ့်မယ်။
ချယ်ရီနဲ့ကျွန်တော်ဟာ အမြဲရန်ဖြစ်နေတတ်တဲ့ ရန်သူတွေပါ။ သူနဲ့ကျွန်တော် နည်းနည်းလေးမှ အစေးမကပ်ဘူးဆိုတာ အားလုံးက သိနေကြတာပဲလေ။
ဘာဖြစ်ဖြစ် ကျွန်တော်ဟာ ကြေကွဲစရာကောင်းတဲ့ နေ့ရက်တွေနဲ့ အသက်ရှင်ခဲ့ရတယ်။
မ က ကိုဦးနေမကောင်းဖြစ်ပြီး ချောင်းဆိုးတော့ ဆေးတွေဝယ်ပေးခဲ့တယ်နော်။ ကျွန်တော်က ကိုဦးကို တစ်ဆင်သွားပေးခဲ့ရတာပေါ့။ ကိုဦးကတော့ မရဲ့ဂရုစိုက်မူကြောင့် ကျေနပ်နေရှာတယ်။
ကျွန်တော်ကတော့ သဝန်တိုခြင်းတွေနဲ့ ရင်ကွဲပတ်လတ်ဖြစ်ပြီး တစ်ခုခုကို နှမြောတမ်းတနေပါတယ်။ရှိပါစေ။
ဘဝမှာ အရှုံးသမားတစ်ယောက်ဟာ ခံစားချက်တွေ မျိုသိပ်ဖုံးကွယ်ထားရမှာ သဘာဝပါပဲ။ ပြီးတော့ ဘဝတစ်လျောတ်လုံး အနိုင်မယူတတ်တော့တာဟာလည်း ကျွန်တော်ရဲ့ ဝသီပါပဲ။
ဒါကြောင့်ကျွန်တော်လိုကောင်ကို မှန်အိမ်ထဲက နာရီတွေက ခိုးရယ်လိုနေကြတယ်။ မင်းဟာ အရှုးတဲ့။ ပြောပါစေတော့...နှင်းပွင့်တွေ ရင်ဘတ်မှာ ပေကျံနေရင်ပဲ ကျေနပ်နေခဲ့ပါပြီလေ။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်