အလွမ်းတွေနဲ့သေနေတဲ့သစ်ပင်(minsetwai)
(B)
မိုးကလေးက တဖွဲဖွဲ ကျဆင်းနေတယ်။ မိုးအေးအေးနဲ့ ရုပ်ရှင်ဝင်ကြည့်ကြတဲ့ အတွဲတစ်ချို့လည်း ကြိုတင်စောပြီး ရောက်နေကြလိမ့်မယ်။
သမ္မတရုပ်ရှင်ရုံရှေ့က ယောင်လမ်းမှတ်တိုင်။
ကျွန်တော် ဒီနေရာမှာ
"မ"ကို အမြဲလာစောင့်နေခဲ့တယ်။မိုးဘယ်လောက်ရွာရွာ၊
နေဘယ်လောက်ပူပူပေါ့။ကျွန်တော်ကတော့ ဂရုမစိုက်ခဲ့ဘူး။
လူတွေပြောကျတယ်။ ကျွန်တော်တို့ရဲ့ အပေါ်ယံ အရေခွံကို ကြည့်ပြီး
ကျွန်တော်ကိုလည်းကလေကချေတစ်ကောင်ပါတဲ့။
အပေအတေတစ်ကောင်ပါတဲ့။ ဆိုလိုကျတယ်။ဒါကြောင့်မကို ကျွန်တော်တို့်နဲ့မပတ်သတ်ဖို့မ သူငယ်ချင်းတွေက
တားမြစ်ထားကြတယ်။ဒါပေမယ့်မက ကျွန်တော်တို့နဲ့ ခင်မြဲတိုင်းခင်ခဲ့ကြတယ်။ အိမ်ပြန်ချိန်တိုင်း "မ" က ကျွန်တော်တို့နဲ့ အတူရှိခဲ့တယ်။ ပထမဦဆုံး မတို့နှစ်ယောက်နောက်ကို ကျွန်တော်လိုက်ခဲ့စဉ်ကပေါ့။ ကျွန်တော်မှတ်မိပါတယ်။ မနဲ့ကျွန်တော်ပြဿနာတတ်ခဲ့ကြတယ်။မကဆေးလိပ်မီးခိုးငွေ့မခံနိုင်ဘူးလေ။
ကျွန်တော်ပါးစပ်က ဆေးလိပ်မီးခိုးငွေ့တွေ အဆက်မပြတ်မှုတ်ထုတ်နေခဲ့တာမှတ်လား။အဲဒီအချိန်ကတော့ မ အမြင်မှာ ကျွန်တော်ဟာ တစ်ကယ့်လူပေလူတေလေပေါ့နော်။ နောက်ဆုံး ကျွန်တော် အလျော့ပေးပြီး ဆေးလိပ်ကို ဖိနပ်နဲ့နင်းချေခဲ့တယ်။ ဒါပေမယ့် ကိုဦးဝင်ပြောလို့ လျော့ပေးလိုက်တာတော့ လုံးဝမဟုက်ပါဘူး။
ဒီနောက် ကျွန်တော်တို့ ပိုရင်းနှီးသွားခဲ့ကြတယ်။ ဒါပေမယ့် အခြေအနေတစ်ခုထက် မပိုခဲ့ပါဘူး။ ပိုခဲ့တာက မနဲ့ကိုဦးနဲ့ ကတောက်ကဆဖြစ်ခဲ့ပြီး နောက်ပိုင်းမှာပါ။ ကျွန်တော်တို့ချင်း ခံစားချက်ချင်းပိုနီးခဲ့ကြတယ်။
ဒီလိုနဲ့ ကျွန်တော်ရဲ့အိမ်အပြန်လမ်းဟာ လှပလာခဲ့တယ်။သူငယ်ချင်းတစ်ယောက်မပါဘဲနဲ့ပေါ့။ဒီကောင် ရင်ထဲမှာတော့ မကျေနပ်စိတ်တွေ ပြည်လျံနေမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် တစ်နေ့မှာ ဒီကောင် ကျွန်တော်ကို နားလည်ပေးလိမ့်မယ်ဆိုတာလည်း ကျွန်တော်ကောင်းကောင်းကြီး
ကြိုသိနေခဲ့ပါတယ်။ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက်ဟာ နောက်ဆုံးမှာ ဘယ်အခြေအနေပဲရောက်ရောက် ပြန်တည့်ကြစမြဲလေ။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်