Tuesday, May 9, 2017

အနောက်အရပ်ကတိမ်တိုက်တွေအကြောင်း

စတုဂံလွင်ပြင် - ၈ -

အနောက်အရပ်ကတိမ်တိုက်တွေအကြောင်း

***
တစ်ကိုယ်စာနေ့သစ်တွေထဲ
နေ့ရောညရောတစ်ပုံစံတည်းရယ်
လင်းခြင်းမှောင်ခြင်းက
ကွာခြားလွန်းခြင်းမရှိတဲ့
အဖော်မဲ့နာရီတွေကြား
ဟိုးးးး
မိုးသားကောင်းကင်က
တိမ်ဖြူတစ်သိုက်က
ပုံစံအမျိုးမျိုးနဲ့
တင်ဆက်နေကြတာလေ
အလွမ်းမပြေပေမယ့်
အပျင်းတော့ပြေပါရဲ့
မနေ့ကများစွာရဲ့
ဟိုးးးးအနောက်အရပ်က
တိမ်ဖြူတွေလောက်
စွဲဆောင်အားမကောင်းလွန်းတာ
ဘယ်သူအသိဆုံးဖြစ်မလဲလေ.......
အော်...
သူတို့တွေပြသမှု
ခဏနားချိန်လောက်မှာ
အနောက်အရပ်ကတိမ်ဖြူတွေအကြောင်း
ဖောင်ဖွဲ့စာစီပြောပြရဦးမယ်...

Snow Hninn
6 Jan 2017
9:12 AM

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်