မင်းဆက်ဝေ-အလွမ်းတွေနဲ့သေနေတဲ့သစ်ပင်-f
(F)
အဲဒီနေ့ကလား။ ဒီနေ့လိုမျိုးပဲလေ။၊မိုးက သဲကြီးမဲကြီး ရွာနေခဲ့တာ။မိုးရွာသွန်းမူကြောင့် အနော်ရထာလမ်းမပေါ်မှာ လူကြဲသွားတယ်။ အဲဒါကြောင့်ပဲ ကျွန်တော်တို့နာရီ
ဆိုင်လေးထဲကို လူဝင်နည်းသွားခဲ့တယ်။ ဒီအတွက် ပိုင်ရှင် တရုတ်အဘိုးကြီးကတော့ ဘုရားစာတွေ တတွတ်တွတ် ရွတ်နေတော့တာပေါ့။ ဒါကတော့ သူရဲ့ လုပ်ထုံးလုပ်နည်းပဲလေ။ ဘုရားစာရွတ်နေရင်းနဲ့ ဝန်ထမ်းတွေကို မယုံသင်္ကာမျတ်လုံးတွေနဲ့ ကျီးကန်းတောင်မှောက် သူကြည့်ရူနေတယ်။
ဝန်ထမ်းတွေကတော့ ဒီလိုအချိန်မျိုးမှာ ကော်ဖီသောက်တဲ့သူကသောက်၊စကားပြောတဲ့ သူကပြောနဲ့ လုပ်ချင်ရာလုပ်နေကြတာပေါ့။
ကျွန်တော်ကတော့ မကို တစိမ့်စိမ့်ထိုင်ငေးနေမိတယ်။ ကျွန်တော် မကို မျတ်တောင်မခတ်တမ်းကြည့်နေတယ်ဆိုတာ မလည်း သိပါတယ်။
မက ကျွန်တော်မျတ်စိထဲမှာ လိပ်ပြာလေးတစ်ကောင်လို ဟိုဘက်ကိုလွင့်ဝဲသွားလိုက်၊ဒီဘက်ကိုလွင့်ဝဲသွားလိုက်နဲ့အရမ်းကို လှပနေတာပေါ့။ကျွန်တော်အတွက်တော့ မ ဟာ တကယ်ကို ရင်ခုန်စရာကောင်းတဲ့ ရှုမျှော်ခင်း တစ်ခုလိုပါပဲ။ဒီလိုပဲ၊
မိုးရနသင်းတဲ့ လေကလည်း မ ကို ပိုလှအောင် ဆေးခြယ်ပေးနေသလိုပါပဲ။ဒါကြောင့်ပဲ မကိုရည်ရွယ်တဲ့ကဗျာတွေ ကျွန်တော့်ရင်ဘက်ထဲမှာပေါ်က်ဖွားလာခဲ့ရတာပေါ့။မက ဆိုင်ပိတ်ချိန်နီးပြီမို့ နာရီတွေကို ရေတွက်နေတယ်။ဒီလိုအချိန်မှာ
ကျွန်တော်လိုပဲကိုဦးကလည်း သူ့နာရီပြင်ခန်းထဲကနေ မအလှကို ရူစားနေမယ် ဆိုတာလဲ ကျွန်တော်အသေအချာသိနေပါတယ်။ အဲဒီ
အချိန်မှာပဲ မက နာရီစာရင်းစာအုပ်ကိုယူဖို့ ကောင်တာအနောက်ဘက်ကိုဝင်လာတယ်။ အမြဲတမ်းပျာယာခတ်နေတတ်တဲ့ မ ဟာ မှန်ဘောင်နဲ့ခြေမနဲ့ တိုက်မိပြီး ခြေမကွဲသွားခဲ့တယ်။ ကျွန်တော်ဆီ နာရီဓာတ်ခဲထည့်စရာတွေ ရောက်ရှိလာတာမို့ ဒီအဖြစ်အပျတ်ကို ကျွန်တော်သတိမထားလိုက်မိခဲ့ဘူး။
မကသွေးထွက်နေတဲ့ဒဏ်ရာကို မသွန်းမီမြင်အောင် ပြနေရင်း ညည်းညူနေရှာတယ်။မခြေမက ထိခိုက်ဒဏ်ရာကလည်း
သွေးတွေထွက်လို့ပေါ့။ကျွန်တော် ဓာတ်ခဲထည့်ပြီးချိန် မက ကျွန်တော်ကိုခေါ်ပြီး အပေါ်ရုံးခန်းမှာ ပလာစတာသွားပေးဖို့ အကူအညီတောင်းတယ်။ ကျွန်တော်ချက်ချင်းပဲ အပေါ်ပြေးတက်သွားပြီး ပလာစတာကို ရအောင်ယူလာခဲ့တယ်။မအနားကို ကျွန်တော် လျှောတ်သွားလိုက်တယ်။
အဲဒီအချိန်မှာ ကျွန်တော်ရင်ထဲမှာ မကလွဲလို့ ကျွန်တော်မျတ်လုံးထဲမှာ ဘယ်အရာကိုမှ မမြင်ခဲ့ဘူး။ စိုးရိမ်ပူပန်စိတ်နဲ့အရာအားလုံးကို တကယ်မေ့လျော့နေခဲ့တယ်။ ကျွန်တော်
ရင်ထဲမှာသွေးတွေဆူပွက်နေတယ်။ မရဲ့နာကျင်ခံစားရမူဟာ ကျွန်တော်ကို ဝေဒနာဖြစ်နေစေခဲ့တယ်။ အဒီစိတ်ကြောင့်ပဲ မအနားရောက်တာနဲ့ မခြေထောက်ကို အသာအယာမယူပြီး ခြေမမှာ ပလာစတာလေးကို အသာအယာ ကပ်ပေးလိုက်တယ်။
ကျွန်တော်ရင်ဘတ်ထဲမှာဗလာပါပဲ။ အဲဒီအတွက်
ဘာမျော်လင့်ချက်တစ်ခုမှမပါခဲ့ဘူး။
ယောကျာ်းတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ခြေထောက်ကိုကိုင်ရလို့ ဘုန်းနိမ့်တာတွေ၊ဘာတွေလည်း မတွေးမိပါဘူး။
ကျွန်တော် မရဲ့နာကျင်မူကို ပြေပျောက်စေချင်ခဲ့တာ။ဒီလောက်ပါပဲ။
ကျွန်တော်ကပ်ပေးလိုက်တဲ့ ပလာစတာလေးဟာ မခြေထောက်မှာ မြမြံနေတယ်။အဲဒီကျွန်တော်ကပ်ပေးလိုက်တဲ့ ပလာစတာလေးကို ကျွန်တော်သဘောကျစွာ ငေးနေမိတယ်။
အာလုံးပြီးဆုံးချိန်မကို ကျွန်တော်မော့ကြည်လိုက်တော့ ကျွန်တော်ကိုအသေအချာ စူးစိုက်ကြည့်နေတဲ့ မရဲ့မျတ်လုံးတွေကိုမြင်ရတယ်။မအကြည့်တွေက ကျွန်တော်ကို အထူးအဆန်းတစ်ကောင်လို မြင်နေပုံရတယ်။အဲဒီနောက် ကျွန်တော်ပက်ဝန်းကျင်ကို သတိထားကြည့်လိုက်တယ်။အဲဒီနောက်မှာ
ပတ်ဝန်းကျင်က သို့လော၊ သို့လော ပြောလာတော့မယ့်မျတ်လုံးတွေကိုမြင်လိုက်ရတယ်။ထားလိုက်ပါလေ။ အချိန်တန်တော့ ပြောဆိုတာတွေ ရပ်တန့်သွားမှာပါ။ ကျွန်တော်သိက္ခာဆိုတာ သိပ်အဖိုးတန်တဲ့အရာမှ မဟုက်တာပဲလေ။
ဘာတွေပဲဖြစ်ဖြစ်ပါမရယ်။ရင်ထဲက ဆန္ဒတွေကို ကျွန်တော် ထပ်ပြီး သိုဝှတ်ထားနေရဦးမှာပါ။ အဲဒီလိုပဲ
ရှုပ်ထွေးနေခဲ့တဲ့ ရင်ဘတ်ရဲ့လှိုင်းပုတ်ခတ်သံတွေက အပြင်ထွက်ကျလာဖို့ ကြာရှည်နေဦးမှာ။ ပြီးတော့ မအကြည့်တစ်ချို့ကို ထာဝရသိမ်းထားရင် သေရာပါဒဏ်ရာတစ်ခုလို အမှတ်ရနေဦးမှာပါ ။ ကျွန်တော်ဟာ အချစ်နဲ့ပတ်သက်လာရင် အမြဲ အရှုံးဘက်ကပဲ ရပ်တည်နေနေရဦးမှာ။ဒါပေမယ့်မရယ် မကိုချစ်ခဲ့တဲ့ ကျွန်တော့်အချစ်တွေက ဖြူစင်ရိုးသားခဲ့တယ် ဆိုတာကိုတော့ မ အမှတ်ရနေပေးပါ ။ အဲဒီတစ်ခုဟာ ကျွန်တော်အလိုချင်ဆုံး စိတ်ဆန္ဒပါ မရယ်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်