Thursday, June 8, 2017

အလွမ်းတွေနဲ့သေနေတဲ့သစ်ပင်-c

(E)
တစ်ကယ်တော့ ကျွန်တော်ဟာ ဓားတစ်လက်ကို ကိုင်ထားတဲ့သူပါ။ကျွန်တော်​ ဘယ်သူ့​နောက်ကျောကိုထိုးရမလဲ။
မရဲ့​နောက်ကျောကိုလား။ ကိုဦးရဲ့​နောက်ကျောကိုလား။ ဒါမှမဟုတ်​ ကျွန်တော်​​နောက်ကျော ကျွန်တော်​ပြန်ထိုးရမလား။ ဘာမှသဲသဲကွဲကွဲကျွန်​​တော်​မဆုံးဖြတ်နိုင်ခဲ့ဘူး။ဒါပေမယ့်​တစ်ခုတော့​သေချာတယ်​။ မကိုတော့ လုံးဝနာကျင်မူ မရှိစေချင်ခဲ့ဘူး။ အဲဒါ ကျွန်တော်ရဲ့သစ္စာ အမှန်ပါ။ဒါကို မလည်းရိပ်မိပါတယ်လေ​။ ဒါကြောင့်မို့ကျွန်တော်စိတ်ကို စမ်းသပ်တဲ့အနေနဲ့ "မိုးစက်၊နင်​ငါကိုအဲဒီနေ့က စိတ်မပူဘူးမှတ်လား"လို့​မေးခဲ့တာမှတ်လား။
ကျွန်တော်​အဖြေက တက္ကစီကားနံပါတ်​ကို ရွတ်ပြလိုက်ရုံပါပဲ။ မ သဘောပေါ်က်သွားခဲ့တယ်။
ကျေနပ်ပြီး ပြုံးသွားတယ်။ အဲဒီအပြုံးထဲမှာ
ကျွန်တော် အရှုံးများခဲ့ရတာပါ။ မ ကျေနပ်ပျော်ရွှင်နေရင် ကျွန်တော်အရှုံးခံရဲခဲ့တဲ့သူမျိုးပါ မရယ်။
ကျွန်တော်မှာ မ အကြောင်းရေးထားတဲ့ ကဗျာတစ်ချို့ရှိတယ်။ဒါကို "မ"က ဖတ်ကြည့်ပြီး
ရယ်ပြုံးခဲ့ဖူးတယ်။ဒီလိုမျိုး
ကျွန်တော်ရဲ့ အမှတ်သညာထဲမှာ မက ဘယ်လောက်​အရေးပါမှန်း မ သိရှိလာခဲ့တယ်။မ ကျွန်တော်အပေါ် သနားစိတ်တွေ ယိုဖိတ်ခဲ့လိမ့်မယ်။ဒါပေမယ့်
ဒါဟာ မကိုစည်းရုံးသိမ်းသွင်းခဲ့တဲ့ မာယာလက်နတ်တွေ မဟုတ်ခဲ့ဘူးဆိုတာကို ကျွန်တော်​သစ္စာဆိုရဲပါတယ်​မရယ်။
ကျွန်တော်​ရင်ထဲက အမှန်တကယ်​​ပေါ်က်ဖွားလာတဲ့ စိုးရိမ်ပူပန်မူ​စစ်စစ်တွေပါ။
ဒါပေမယ့်မရယ်။ အချစ်ဟာ အလွမ်းတွေချီလာတဲ့
ဌက်တစ်ကောင်​ဖြစ်သွားမှာကို ကျွန်တော်​စိုးရိမ်ပူပန်နေတုန်းပဲ။ ကျွန်တော်​အဲဒီအိပ်မက်ထဲက လန်နိုးသွားမှာကိုလည်း​သေလောက်အောင်​ ကြောက်နေမိတုန်းပဲ။ကျွန်တော် ဖွင့်ပြောလိုက်ရင် ဒီဇတ်လမ်း တစ်ခန်းရပ်သွားမှာလား။အပြင်မှာ မိုးတွေသည်းနေတယ်။ မဖြစ်သေးပါဘူး။ ကျွန်တော် ရင်ဘတ်ကို ဆိတ်ဆိတ်နေခိုင်းလိုက်ရတယ်။
အဲလိုအဖြစ်မျိုးတွေနဲ့ပေါ့၊ မကို ကျွန်တော် တိတ်တိတ်လေးခိုးလွမ်းနေခဲ့တာ။တန်ပါတယ်။ မက အသိအမှတ်ပြုပေးခဲ့တာပဲလေ။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်