ကျွန်တော်အက်ဆေးများ(၂)
ကြွေလွင့်သွားတဲ့ကြယ်
Linkin Park Bandရဲ့ အဆိုတော် ချက်စတာတစ်ယောက် သူ့ကိုယ်သူ အဆုံးစီရင်သွားတယ်လို့ သိရတော့ အတော် စိတ်မကောင်း ဖြစ်မိပါတယ်။ သူများတွေ ရူးသွပ်သလိုပါပဲ ကျွန်တော်လည်း ငယ်ငယ်လေးထဲက ချက်စတာကို ရူးသွပ်ခဲ့တာပါ။ သူရဲ့
Crawling၊ Breaking The Habit သီချင်းတွေဆိုရင် ကြိုက်လွန်းလို့ အလွတ်တောင်လိုက်ကျက်ခဲ့မိတယ်။ နောက်ပိုင်းထွက်လာတဲ့ New Divine၊ Black Outတို့ ဘာတို့လည်းကြိုက်တယ်။Messangerဆို အသဲထဲစွဲနေတယ်။ သူဟာ ကမ္ဘာပေါ်မှာ အအောင်မြင်ဆုံး အဆိုတော် တစ်ယောက်ပါ။ ဒါပေမယ့် သူဟာ အမြင်အာရုံ မကောင်းရှာပါဘူး။ သူ့ရဲ့ Showပွဲတွေမှာ ပရိတ်သတ်တွေဘယ်လောက်ရှိကြောင်း၊ ဘယ်လောက်ပျော်နေကြောင်း သူ မမြင်နိုင်ရှာပါဘူး။ ဒါပေမယ့် သူ ဆိုနေတယ်။ စင်ပေါ်မှာ လည်ချောင်ရိုးတွေ ထောင်လာတဲ့အထိ သီချင်းတွေ အော်ပြီးဆိုခဲ့တယ်။ ဒါကြောင့်လည်း သူ့ကို လူကြိုက်များခဲ့ရတာပေါ့။ ဒီလိုမျိုး အောင်မြင်မူကို ရဖို့ဆိုတာကလည်း မလွယ်ပါဘူး။ အောင်မြင်မူကို ရလာကြပြန်တော့လည်း ဒီအောင်မြင်မူကို ကြာရှည် ထိန်းသိမ်းထားဖို့ဆိုတာကလည်း မလွယ်ပြန်ပါဘူး။ ဘာလို့လည်း ဆိုတော့၊ အောင်မြင်မူက ထွက်လာတဲ့ Side Effectက နေ့စဉ် လူနေမူဘဝနဲ့ မိသားစုဘဝရဲ့ ပုံရိပ်တွေကို ထိခိုက်လာစေခဲ့ပါတယ်။ ဆိုရရင် မိသားစုအပေါ်မှာ တာဝန်ဝတ္တရားတွေ လစ်ဟင်းနေသလို ဖြစ်နေပါလိမ့်မယ်။ ဒါကို မိသားစုက နားလည်ပေးရင်တော့ ကောင်းတာပေါ့။ နားမလည်ပေးဘူးဆိုရင်တော့ အောင်မြင်မူဟာ ပြဿနာ ဖြစ်လာရပါတယ်။ ဒီအခါ လူ ဟာ ညစ်လုံးလုံးပြီး ထွက်ပေါ်က်ရှာလာပါတော့တယ်။အချိန်ကလည်း လုံလုံလောက်လောက် ရှိမနေတဲ့အတွက် ထွက်ပေါ်က်ကိုလည်း ကောင်းကောင်းရှာဖွေခွင့်မရပါဘူး။ ဒါကြောင့်လည်း ကိတ်ကိုဘိန်း၊ Advange Seven Fold အဖွဲ့က Drumသမား၊ အေမီဝိုင်ဟောက်စ်၊ အခု ချက်စတာတို့လို့ အဆုံးစီရင်မူတွေ ဖြစ်ပေါ်လာရတယ်။ လူတွေက မူးယစ်ဆေးဝါးကြောင့်လို့ ပြောကြပေမယ့် လုံလောက်တဲ့ အကြောင်းရင်းခံမရှိဘဲ ဘယ်သူမှ အကြောင်းမဲ့သက်သက် အဆုံးစီရင်မှာတော့မဟုက်ပါဘူး။
လူ့ဘဝမှာ လူဟာ တကယ်လိုအပ်တာ ဘာပါလဲ။ ကိုတကယ်လိုအပ်တာကို ကြိုးစားအားထုတ် ရရှိပြီးနောက်မှာကော လူဟာ ဘာကို မကျေမနပ် ဖြစ်နေရသေးတာလဲ။ တကယ်တော့ လူသားဟာ ဘာကိုမှ အလိုမကျပါဘူး။ လူ့ဘဝဟာ လိုပြီးရင် လိုအပ်နေတာပါ။ အဲဒီလိုအပ်မူတွေနဲ့ပဲ လူတွေဟာ ချာလည်လိုက်ပြီး ဘဝကို စိတ်ရှုပ်ထွေးလာရတာပါ။ စိတ်ရှုပ်ထွေးလာလေ ၊ လူဟာ သေချင်စိတ် ပေါ်က်လာလေ ဖြစ်လာတယ်။ တကယ်တော့ ဒါက နည်းလမ်းအမှန်တော့ မဟုက်ဘူး။ နည်းလမ်းအမှန်က စိတ်ငြိမ်းအေးစေမယ် တရားဓမ္မတစ်ခုခုကို နားလည် သဘောပေါ်က်မိသွားဖို့ပဲ လိုတယ်။ အဲဒီအတွက် လူဟာ အချိန်ပေးနေရမယ်။ မိမိရဲ့အလုပ်များနေတဲ့ကြားက တရားဓမ္မအတွက် တစ်နေ့ကို ဆယ်မီနစ်လောက်လေးပဲ ဖြစ်ဖြစ် အချိန်ပေးနိုင်ခဲ့မယ် ဆိုရင်ပဲ စိတ်ရှုပ်ထွေးမူတွေ လျော့ကျသွားစေနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါက လူတွေအတွက် စိတ်ကျခြင်း၊ စိတ်ရှုပ်ထွေးခြင်းတွေကို ကြိုတင်ကာကွယ်ပေးတဲ့ နည်းလမ်းကောင်းပါပဲ။ ဒါကြောင့် နောက်ထပ် ကြယ်ပွင့်တွေ ဒီလို အဆုံးစီရင်မူမျိုးတွေနဲ့ မကြွေလွင့်ဖို့ ကျွန်တော် မျှော်မှန်းမိပါတယ်။ တကယ်ပါပဲ လူတွေအတွက်က တရားဓမ္မပဲ လိုပါတယ်။
July21.2017
Minsetwai

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်