ကျွန်တော်အက်ဆေးများ(၄)
သစ်ပင်တစ်ပင်အကြောင်း
ကျွန်တော်က သစ်ပင်တစ်ပင်ပါ။ သစ်ပင်တစ်ပင်ဖြစ်တဲ့အတွက် ကျွန်တော်မှာ ဘာခံစားချက်မှ ရှိမနေဘူးလို့ ခင်ဗျားတို့ ထင်ကြမှာပဲ။ ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်မှာ ခံစားချက် ရှိပါတယ်။ အထူးသဖြင့် ကျွန်တော်မှာ လူသားတွေနဲ့ ပတ်သက်ပြီး ခံစားချက်ရှိပါတယ်။ ကျွန်တော် လူသားတွေရဲ့စိတ်ကို တကယ်နားမလည်နိုင်ပါဘူး။ လူသားတွေဟာ အတော်မှ အပြောင်းအလဲမြန်လွန်းတဲ့ အမျိုးတွေပါ။
တစ်ချိန်က ကျွန်တော်ဟာ
အကိုင်းအခတ်တွေ၊အရွက်တွေနဲ့ အလွန်မှ ကြည့်ပျော် ရှုပျော် ကောင်းခဲ့တဲ့ သစ်ပင်တစ်ပင်ပါ။ ဒါကြောင့် ကျွန်တော်ဟာ ဌက်အပေါ်င်းနဲ့ လူအပေါ်င်းတို့ရဲ့ အေးမြခိုနားစရာ ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်တော် ရှင်သန်နေထိုင်ရာဟာ အလွန်ဆိုးဝါးပြီး ဖုန်ထူတဲ့လမ်းတစ်ခုရဲ့ ဘေးမှာပါ။
ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်နေထိုင်ရာ ဒေသဟာ ရေမြေဒေသ မကောင်းသော်လည်း ကျွန်တော်ဟာသက်ရှိတွေအတွက် အလွန် အသုံးဝင်နေခဲ့ပါတယ်။လမ်းသွားလမ်းလာ ခရီးသည်တွေအတွက် ကျွန်တော်ရဲ့ ပင်စည်ပေါ်မှာ အေးမြတဲ့ သောက်ရေအိုးလေး တစ်ခုလည်း ရှိနေခဲ့ပါတယ်။ လူတို့ခေတ္တ အမောပြေ နားနေဖို့အတွက် ထိုင်ခုံလေးလည်း ရှိနေခဲ့ပါတယ်။ ဒါတွေအကုန်လုံးကို ကျွန်တော်ရဲ့ပိုင်ရှင် ဦးဝတုတ်က စေတနာ ၊ မေတ္တာရှေ့ထားပြီး လုပ်ဆောင်ပေးထားတာပါ။ ဦးဝတုတ်ကို ကျွန်တော်က ပိုင်ရှင်လို့ သတ်မှတ်ထားပေမယ့် တကယ်တမ်း ကျွန်တော်က သူရဲ့ခြံအပြင်ဘက်မှာ ဖြစ်သလို သူစိုက်ပျိုးထားခြင်းမဟုက်ဘဲ ကျွန်တော်ဟာ အလေ့ကျပေါ်က်ခဲ့တဲ့ သစ်ပင်တစ်ပင်ပဲ ဖြစ်ပါတယ်။
ကျွန်တော်ဟာ ဘယ်လိုအပင်မျိုးပဲ ဖြစ်ဖြစ်ပါ လူသားတွေကို အကျိုးပြုနိုင် စွမ်း ရှိတဲ့အတွက် ကျွန်တော်ကိုယ်ကျွန်တော် ဂုဏ်ယူပါတယ်။ တကယ်တော့ ကျွန်တော်အကျိုးပြုတယ်ဆိုတာ လူသားတွေတင်မကပါဘူး။ တိရိစ္ဆာန်တွေကိုလည်း ကျွန်တော်အကျိုးပြုတာပဲ။ ကျွန်တော်ခန္ဓာပေါ်မှာ တီတီတာတာမြည်နေတဲ့ ဌက်တွေကိုပဲ ကြည့်ဦး။ သူတို့ နေ့တိုင်း ပျော်ရွှင်မြူးတူးနေကြတယ်။ ပုတ်သင်ညို စုံတွဲကို ကော ကြည့်ဦးမလား ကျွန်တော်ဟာ သူတို့မိသားစုအတွက် အကောင်းဆုံးသောအိမ် ဖြစ်နေခဲ့တယ်။
ရာသီတွဟာ တရွေ့ရွေ့ပြောင်းလဲ လာခဲ့ပါတယ်။ ကျွန်တော်အသက်ဟာလည်း အိုမင်းရင့်ရော်လာတယ်။ ဒါပေမယ့် ကျွန်တော်တို့အမျိုးတွေဟာ ကျွန်တော်တို့ဟာ ထာဝရသေဆုံးခြင်း မရှိနိုင်ဘူးဆိုတာကို ယုံကြည်ထားကြတယ်။ ဒါပေမယ့်
တစ်နေ့မှာပေါ့ လူတွေဟာ မိုးရာသီရောက်လာခဲ့ရင်ကျွန်တော်ရှေ့က လမ်းဆိုးကြီးကို အသုံးပြုရလို့ မရတော့မှာကို စိုးရိမ်လာခဲ့ကြတယ်။ ဒါဟာ ဖြစ်သင့်ပါတယ်။ ဒီလမ်းမကြီးဟာ လူတွေကို အကျိုးပြုခဲ့တာ ကြာလှပေါ့။ ဒီအတွက် လူသားတွေ သူ့ကို ပြင်ဆင်ပေးသင့်တာပေါ့။
ဒီလိုနဲ့ လူသားတွေဟာ
ကိုယ်ထူကိုယ်ထ လမ်းလေးခင်းကြပါတယ်။ ကျွန်တော်ပိုင်ရှင်ကြီး ဦးဝတုတ်ကလည်း ဝိုင်းဝန်း ကူညီလုပ်ပေးရှာပါတယ်။ ဒီလူကြီးဟာ အတော်မှ တာဝန်သိတဲ့ လူကြီးပါ။ ဒါပေမယ့် စိတ်မကောင်းစရာ တစ်ခုက လမ်းနဲ့မလွတ်လို့ဆိုပြီး ကျွန်တော်အောက်က ထိုင်ခုံလေးကို ဖယ်ထုတ်ပစ်လိုက်ကြတယ်။ ဦးဝတုတ်ကြီးကလည်း တရားနည်းလမ်း ကျနေတော့ ဘာမှ မပြောသာဘူးပေါ့။ ကျွန်တော်က ထိုင်ခုံလေးမရှိတော့တဲ့အတွက် စိတ်မကောင်း ဖြစ်နေမိတယ်။ကျွန်တော်ဟာ ဒီထိုင်ခုံလေးကို အနေကြာပြီဖြစ်တာကြောင့်သံယောဇဉ် တွယ်နေမိတယ်။တကယ် ပေါ်က်ပေါ်က်ရှာရှာ တွေးကြည့် မယ် ဆိုရင်တောင် ထိုင်ခုံလေးဟာလည်း လူတွေကို တစ်ဖတ်တစ်လမ်းက အကျိုးပြုခဲ့တာပဲလေ။ ခရီးပန်းလာတဲ့လူတွေဟာ ကျွန်တော်အရိပ်မှာ ခိုတယ်။ ထိုင်ခုံ လေးပေါ်မှာ ထိုင်တယ်။ ရေအိုးထဲက အေးမြတဲ့ရေကို သောက်ကျတယ်လေ။
အခုတော့ လူတွေဟာ
ထိုင်ခုံလေးရဲ့ အသုံးဝင်မူကို မေ့သွားခဲ့ကြပြီပေါ့လေ။
ဒါပေမယ့် ကောင်းလာတဲ့ အချက်တစ်ခုကတော့ ရှိပါတယ်။ အဲဒါဘာလဲဆိုတော့၊
ကျန်ရှိနေသေးတဲ့ သောက်ရေအိုးလေးက လက်မလည်အောင်ဖြစ်နေရတာပါ။ လမ်းပြင်သမားတွေဟာ အလုပ်လုပ်ရင်း မောပန်းလာကျတဲ့အခါ ကျွန်တော့်အရိပ်မှာ လာခိုနားပြီး ရေကိုသောက်ကြပါတယ်။ ဒီအတွက် ဦးတုတ်ကြီးကလည်း ရေကို အဆက်မပြတ်အောင် ဖြည့်ပေးထားပါတယ်။ ဒါကို ကြည့်ပြီး ကျွန်တော်မှာ ပိတိဖြစ်ရပြန်တယ်။တကယ်တော့ သောက်ရေအိုးလေးဟာ လမ်းပြင်သမားတွေအတွက် အလွန် အဖိုးအနဂ္ဃထိုက်တန်လွန်း ပါတယ်။
ဒါပေမယ့် မမြဲခြင်း တရားဟာ အခါအခွင့်သင့်တိုင်း ပေါ်ပေါ်လာတတ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တစ်နေ့မှာ ဦးဝတုတ်ရဲ့မိန်းမ ဒေါ်ဂျပုမဟာ ကျွန်တော်နဲ့ ခပ်လှမ်းလှမ်းလေးမှာ အိမ်ဆိုင်လေးတစ်ဆိုင် ဖွင့်လာပါတော့တယ်။ ကျွန်တော်က ဒီဒေါ်ဂျပုမကြီးကိုတော့ သိပ်ကြည့်မရပါဘူး။ ဒီမိန်းမကြီးဟာ အလွန်မှ ပွစိပွစိနိုင်လွန်းတဲ့ အမျိုးသမီးကြီးပါ။ အပေါ်က်က အတော်ဆိုးတာကြောင့် ဦးဝတုတ်က သူ့ကို အတော်လေး ကြောက်ရပါတယ်။
ဒေါ်ဂျပုမဟာ သူ့ဆိုင်လေးမှာ အအေးနဲ့ရေသန့်ဘူးတွေကို ရောင်းချပါတယ်။
ဆိုတော့ ဒေါ်ဂျပုမဟာ ဒီရေအိုးစင် ရှိနေသမျှ ကာလပတ်လုံး သူ့ပစ္စည်းတွေ မရောင်းရနိုင်ဘူးလို့ တွက်ပြီး ဦးဝတုတ်ကို ချက်ချင်းပဲ ရေအိုးစင်ကို အဖြုတ်ခိုင်းပါတော့တယ်။ မိန်းမကြောက်ရတဲ့ ဦးဝတုတ်လည်း လုပ်ရတော့တာပေါ့။ ဆိုတော့ ကျွန်တော်မှာ ဒုတိယမြောက် စိတ်မကောင်းခြင်းတွေ ဖြစ်ပေါ်လာရပြန်ပါတယ်။ မောင်ရေအိုးခမျ အလိုမတူပါဘဲ ဖြုတ်သိမ်းဆည်းခြင်း ခံလိုက်ရပါပြီ။ စဉ်းစားကြည့်ရင် မောင်ရေအိုးဟာ ကျွန်တော်ထက်တောင်မှ လူတွေကို ပို အကျိုးပြုပါသေးတယ်။ရေအသက် တစ်မနက်ဆိုတဲ့
စကားအတိုင်း လူတွေကို သူအသက်ဆက်ပေးခဲ့ပါတယ်။
ယခုတော့ ဒေါ်ဂျပုမရဲ့ အတ္တကြီးမူကြောင့် မောင်ရေအိုးခမျ ကံကုန်ရရှာလေပြီ။
အခု လမ်းကြီးလည်း အတော်ကောင်း မွန်လာခဲ့ပါပြီ။ ဒါပေမယ့် အပြီးသတ် အဆင့်ထိတော့ ရောက်မလာသေးပါဘူး။ လူတွေကတော့ ဒီလမ်းမကြီးပေါ်မှာ စိတ်လက်ချမ်းသာစွာနဲ့ သွားလာနေကြပါတယ်။ သူတို့အတွက် မိုးကျလာမှာကို ပူပန်စရာ မရှိတော့ပါဘူး။ အရင်လို ရွံတွေ၊ဗွက်တွေအပေခံပြီး သွားလာစရာ မလိုတော့ပါဘူး။
ဒါကိုမြင်ပြီး ကျွန်တော်မှာ သဒ္ဓါဟွးပြီး
စိတ်ကြည်နူးရပါသေးတယ်။
ဒီလိုနဲ့ အချိန်ကာလတွေ ပြောင်းလဲခဲ့ပြန်ပါတယ်။ ကျွန်တော် မြင်ရတဲ့ မြင်ကွင်းတွေဟာလည်း ဟိုအရင်နဲ့ လုံးဝမတူတော့ပါဘူး။ ဟိုအရင်က ဒီလမ်းမကြီးပေါ်မှာ နွားလှည်းတွေ၊ထော်လာဂျီတွေ သွားခဲ့ကြပါတယ်။ အခု ဒီလို မဟုက်တော့ပါဘူး။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ အစားထိုး ရောက်ရှိလာခဲ့ပါတယ်။ အဲဒီလို ပြောင်းလဲမူနှင့်အတူ ကားကြီးတွေပါ လမ်းထဲကို ဝင်ရောက်လာခဲ့ကြပါတယ်။ ဒီကားကြီးတွေကတော့ တကာ့်ပြဿနာကောင်ကြီးတွေပါ။ သူတို့ဟာ ကျွန်တော်ရဲ့အကိုင်းအခတ်တွေကို ထိခိုက်အနာတရ ဖြစ်အောင် လုပ်တတ်ကြပါတယ်။ ဒါကို မြင်ပြင်ကပ်လာတဲ့ ဒေါ်ဂျပုမက ထုံးစံအတိုင်း ဦးဝတုတ်ကို အကိုင်းတွေကို ခုတ်ပစ်ခိုင်းပါတော့တယ်။
ဒီတစ်ကြိမ်ဟာ ကျွန်တော်အလွန်တရာမှ ဝမ်းအနည်းရဆုံး အကြိမ်ပါပဲ။တစ်ချိန်က အရိပ်ပေးခဲ့ပါသည်ဆိုသော အကိုင်းအခတ်တို့ဟာ ယခုတော့ သူတို့အတွတ် ရန်သူ ထင်မှတ်လာခဲ့ကြလေပြီ။
အကိုင်းအခတ်မရှိတော့တဲ့နောက်ကျွန်တော်ဘဝဟာ အလွန်မှ အရုပ်ဆိုးအကျည်းတန်သွားရပါတော့တယ်။ အရင်လို ကျေးဌက်တို့လည်း တီတီတာ မအော်မြည်ကြတော့ပါဘူး။ နေရောင်ခြည်ဒဏ်ကိုလည်း ကျွန်တော် မကာကွယ်ပေးနိုင်တော့ပါဘူး။ ဒီတော့ ကျွန်တော်ဟာ ဒေါ်ဂျပုမအတွက် တစ်နေ့တစ်ခြား မျတ်စိ
စပါးမွှေးစူးစရာ ဖြစ်လာပါတယ်။
တစ်နေ့တော့ ဒေါ်ဂျပုမဟာ လူသုံးယောက်လောက်ကို ခေါ်လာပါတယ်။ ဒီလူတွကို ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒီလူတွေဟာ မကြာခဏ ကျွန်တော့်အရိပ်မှာ ခို ခဲ့ဖူးတဲ့ လူတွေပါ။ သူတို့ဟာ ဒေါ်ဂျပုမရဲ့ ခိုင်းစေချက်အရ
ကျွန်တော်ကို ပင်စည် လက်တစ်တောင်လောက်သာသာချန်ပြီး ခုတ်လှဲပစ်လိုက်ကြပါတယ်။ ကျွန်တော်ဘဝမှာ အနာကျင်ရဆုံး အချိန်ပါပဲ။ ကျွန်တော်ရဲ့အလိုမပါဘဲ လူတွေဟာ ထင်တိုင်းပြုခဲ့ကြပါတယ်။ ကျွန်တော်ရဲ့ စေတနာတွေကို လူတွေဟာ မျတ်ကွယ်ပြု ခဲ့ကြပါတယ်။
ကျွန်တော်မှာ ပြောစရာစကားလုံးတွေ ဘာမှ မကျန်နိုင်တော့အောင်ပါပဲ။
အချိန်နည်းနည်းလေး ရလာတော့လည်း ကျွန်တော်နေတတ်လာပါတယ်။ တစ်တောင်လောက်သာ ကျန်တော့တဲ့ ကျွန်တော်ဟာ ငါ့တာဝန်တွေကြေပြီပဲလေလို့ ပေါ့ပေါ့တွေးပြီး အေးအေးဆေးဆေးနေထိုင်တတ်လာပါတယ်။ ဒီလို ရောင့်ရဲလိုက်တဲ့ အချိန်ရောက်လာမှပဲ ဦးဝတုတ်က အိမ်ထဲကနေ တူရွင်းကြီးကိုင်ပြီး ထွက်လာပါတော့တယ်။ ကျွန်တော်ကြည့်ပြီး အလွန်ထိတ်လန့် အံသြသွားတယ်။ သူ ကျွန်တော်နား ရောက်လာတယ်။ ကျွန်တော်စိတ်တွေ အတော်လေး အစိုးမရ ဖြစ်သွားတယ်။ ကျွန်တော် ထင်မိတဲ့အတိုင်းပဲ ဦးဝတုတ်ဟာ
ကျွန်တော်ရဲ့အမြစ်တစ်ဝိုက်ကို စိတ်ရှိလက်ရှိ တူးစွနေပါတော့တယ်။ ကျွန်တော် ဘာများ လုပ်ခဲ့မိလို့ပါလိမ့်။ ကျွန်တော်ရင်ထဲမှာ မျတ်ရည်တွေ အလိမ့်လိုက် တတ်လာတယ်။ တစ်ချိန်က ကျွန်တော်ကို သံယောဇဉ်ကြီးခဲ့တဲ့ ဦးဝတုတ် အခု သူ့ကိုယ်တိုင် ကျွန်တော်ကို သတ်နေပါရောလား။
ဒီတစ်ခါတော့ ကျွန်တော် ဝမ်းမနည်းမိပါဘူး။ အလွန်တရာကို ဒေါသထွက်တာပါ။ မည်သို့သော် အကြောင်းပြချက်နဲ့ ဦးဝတုတ်ဟာ
ကျွန်တော်ကို ရက်ရက်စက်စက် သက်နေရပါသလဲ။ သူ့မိန်းမ ဒေါ်ဂျပုမကြောင့်လား။ မဖြစ်နိုင်ဘူး။ ဒေါ်ဂျပုမ အိမ်မှာမရှိတာ ကြာပြီပဲ။ ဒီမိန်းမကြီး သူ့အကုသိုလ်ကံနဲ့ ဆေးရုံရောက်နေတာပဲ။ ဒါဆို ဘာကြောင့်လဲ။
ဒီအချိန်မှာ အနီးကို လူတစ်ယောက်ရောက်လာပါတယ်။
"ဆရာကြီး ဘာလုပ်နေတာလဲဗျ။"
"ဆိုင်ချဲ့မလို့လေဗျာ၊ ဒီသစ်ပင်က ရှုပ်နေလို့။"
ကျွန်တော်နားထဲကို မိုးကြိုး အစင်းတစ်ရာလောက် ပစ်ချလိုက်သလိုပဲ ။ ဦးဝတုတ် ကိုယ်တိုင် ပြောလိုက်တာပဲ။ ကျွန်တော် နားကြားမလွဲပါဘူး။
ဘာတဲ့။
"ဒီသစ်ပင်က ရှုပ်နေလို့"
"ဒီသစ်ပင်က ရှုပ်နေလို့"
"ဒီသစ်ပင်က ရှုပ်နေလို့"တဲ့။
1:28Am
July26.2017
Minsetwai

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်