Tuesday, June 25, 2013

စာရေးဆရာဖြစ်ရန်လိုအပ်ချက် စာအုပ်ကိုမကြည့်ဘဲနေသည့်ရက်ကျွန်တော်တွင်မရှိ စာအုပ်သည် ကျွန်တော်၏အသက်၊ စာအုပ်သည်ကျွန်တော်၏ဘ၀။ စာအုပ်ရေးနိုင်သလောက်ရေးပြီး တိုင်းပြည်နှင့်လူမျိုးကို တိုးတတ်အောင်လုပ်မည်။ ကျွန်တော်သည် အသက်ရှင်နေထိုင်နိုင်ရန်စာမရေး၊ စာရေးရန်သာအသက်ရှည်ဖို့ ဆုတောင်းသည်။ (ဒဂုန်ရွှေမျှား) အောင်မြင်သော စာရေးဆရာတစ်ယောက်ဖြစ်ရန်အတွတ် ပထမဦးဆုံးလိုအပ်ချက်မှာ စာမရေးဘဲမနေနိုင်လောက် အောင် ရေးချင်နေသည့်စိတ်များဆူပွတ်နေရပေမည်။ ဒုတိယအချက်အနေဖြင့် စာပေ၀မ်းစာပြည့်စုံရပေမည်။ ထိုသို့ စာပေ၀မ်းစာပြည့်စုံရန် အတွတ်စာအုပ်မျိုးစုံကိုဖတ်ရမည်ဖြစ်သည်။ဘာသာရေး၊စီးဟွးရေး ၊ လူမူရေး၊နိုင်ငံရေး အားလုံးကိုသိနေဖို့ လိုသည်။ သို့ မှသာ မည်သည့် အကြောင်းအရာကိုရေးရေး ဂန္ဓာဝင်မြောက်မည်ဖြစ်သည်။ သို့ သော်စာအုပ်ထဲက ဖော်ပြချက်အတိုင်းကို လိုက်နာနေဖို့ ကမလိုချေ။ မိမိဆုံးဖြတ်ချက်ဖြင့်မိမိမှန်ရာကို ရွေးချယ်တတ်ရမည်ဖြစ်သည်။သာဓကတစ်ခုအနေဖြင့် သန်းထိုက်စိုးရေးသော စာအုပ်ကြီးသမားတစ် ယောက်၏ဖွင့်ဟ၀န်ခံချက်တွင်- ကျွန်မကျောင်းသားတွေဖတ်ရမည့်စာအုပ်စာရင်းကိုပြန်ကြည့်မိသည်။ စာရေးဆရာက(၂၅)ယောက်၊စာအုပ်ကတစ်ရာ ကျော်ရှိသည်။ ထိုစာရင်းကိုမြင်မှ ကျွန်မစာအုပ်စင်နှစ်စင်ပေါ်က မဆံမပြဲအယ်ထွက်နေသောစာအုပ်များကိုသတိထားမိသွားသည်။ကျွန်မမှာ ဂျွန်ဂါဒီနာ၏ The art of fiction (၀ထ္ထူရေးနည်းအနုပညာ) ၀ီလျံစတုန်း၏ The craft of writing (၀ထ္ထူရေးနည်းနိသ-ရည်း) ဒေါ်ရိုသီဘ ရန်ဒီ၏ Be coming a writer (ကျွန်မ စာရေးဆရာ)များအပြင် Art and Fearဆိုသည့်စာအုပ်သေးသေးလေးတစ်အုပ်ပါရှိနေသည်။ စာအုပ်စင်နှစ်စင်လုံးပြည့်နေသည့်စာအုပ်များက ကျွန်မကိုဘာလုပ်၊ဘာမလုပ်နဲ့ ဟုလမ်းညွှန်နေသည်။ ကျွန်မကလည်း စာအုပ်တွေက ပြောသမျှအားလုံးခေါ်င်းထဲထည့်သည်။ ထိုစာအုပ်များ၏ကောင်းမူကြောင့် စာရေးဖို့ ထိုင်ပြီဆိုလျှင် ဘယ်သူအတွတ်ရေးမှာလဲ ဆိုသည်ကို စဉ်းစားရမည့်အစား ဈေးကွတ်ကိုအရင်တွတ်သည်။ ခေါ်င်းထဲရှိအိုင်ဒီယာများကို ချမရေးရသေး ဘယ်ထုတ်ဝေသူနှင့် သွားချိတ်ရမလဲကိုအ ရင်စဉ်းစားသည်။ ထိုသို့ စာအုပ်အားကိုးစိတ်ကြောင့် ကိုယ်ကိုကိုယ်ယုံကြည်မူလျော့ကာ အပြင်ဖိအားတွေများလာခဲ့ သည်။ ကျွန်မအ တွတ် ထိုစာအုပ်များက ဆရာသမားများနှယ်ဖြစ်လာသည်။ ဘာကိုအာရုံစိုက်ရမယ်၊ ဘာကိုဖယ်ထုတ်ပစ်ရမယ်နဲ့  ယင်းတို့ ကနည်း ပေး လမ်းညွှန်နေကြသည်။ သို့ သော် ထိုစာအုပ်တွေကို ကျွန်မ ဘယ်လောက်ဖတ်ဖတ် စာရေးတိုင်းအလိုမကျဖြစ်နေရဆဲဖြစ် သည်ဟု ဖော်ပြ ထားသည်ကိုသတိပြုသင့်ပေသည်။ယင်းနှင့်ပတ်သတ်ပြီးဆရာကြီး၇ှိန်ကလည်း ၇သစာပေဆိုင်ရာ ဒသ-နအမြင်အမျိုးမျိုးဟူသောဆောင် ပါးတွင် စာများစွာဖတ်ပြီး ထိုစာတွင် ဖော်ပြပါရှိသောအကြောင်းအရာအားလုံးသည် အကုန်အမှန်ဟုယူဆရ်ျမရချေ။ စာတွေ့ ဟူသည် စာမှာတွေ့ သောအမြင်ဖြစ်ပြီး စာရေးသူကပြီင်္းစလွယ်ရေးလိုက်သောအခါ အမှားများပါသွားတတ်သည်။ ဥပမာ- ယနေ့ မဂ္ဂဇင်းတစ်ခု၏ ဘာသာရေးဆောင်းပါးတစ်ခုတွင် အဇာတသတ်သည် ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား ခြေဖ၀ါးတွင် ဓါးခွဲဆားသိပ်ပြီးသတ်စေသည်။ ဟုေ၇းသားဖော်ပြခဲ့ သည်။ အမှန်မှာအဇာတသတ်မင်း၏ဖခင်သည် သုဒ္ဓေါဒနမင်းကြီးမဟုတ်၊ ဗိမ္ဗိသာရမင်းကြီးသာဖြစ်သည်။ သို့ သော် စာရေးသူသည် အမှတ်တမဲ့  ဘုရင်အမည်ကိုမှားရေးသည်။ ယင်းကိုစာပြင်ဆရာအယ်ဒီတာက အမှားကိုသတိမထားဘဲ အမှားအတိုင်း မဂ္ဂဇင်းတွင်ထည့်သည်။ထိုအရာကိုစာရေးဆရာပေါ်က်စတစ်ဦးမှ အမှန်ထင်ပြီးကိုးကားပြန်ရေးပါက အမှားပေါ်အမှားဆင့်သွားပေ တော့သည်။

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်