မင်းဆက်ဝေ=ကျွန်တော်အမြင်များ၃
တာရာမင်းဝေ၏ခံယူချက်နှင့်အမြင်များ
ဆရာတာရာမင်းဝေ၏စာအုပ်များသည်
တစ်ချိန်က လူငယ်များကြား အတော်ကလေးမှ
ရေပန်းစားခဲ့ပါသည်။ထိုအတူ ဆရာတာရာမင်း
ဝေ၏ လတ်ဆတ်သောအရေးအသားများနှင့် စာပေခံယူချက်များကလည်း စာဖတ်သူအများ
စုကို နှစ်သက်သဘောကျစေခဲ့သည်။ထိုနှစ်
သက်သဘောကျသူများထဲတွင် ကျွန်တော်
လည်းရှေ့ဆုံးမှပါခဲ့ပါသည်။ကျွန်တော်သည်
ဆ၇ာတာရာမင်းဝေကိုနှစ်သက်သူပီပီ သူ၏
ထူးခြားသောစာသားများနှင့် စာပေခံယူချက်
များကို မဖတ်လိုက်ရသေးသူများအတွတ် ပြန်
လည်မျှဝေချင်မိသည်။ ထိုကြောင့် ဦးစွာ ဆရာ
တာရာမင်းဝေ၏ ပြိုင်မြင်းတို့၏ခွါသံဆိုသော
စာအုပ်ကို ဖော်ပြပါမည်။ထိုစာအုပ်ထဲတွင်
ဆရာတာရာမင်းဝေက_
(အနုပညာဟူသောစကားလုံး၏ အဓိ
ပ္ပါယ်ကို ယနေ့ထက်တိုင်မည်သူကမျှ ပြည့်စုံ
အောင်မဖွင့်ဆိုနိုင်ပါ။တတ်စွမ်းသမျှသော ဖွင့်
ဆိုချက်များသည်လည်း တစ်ယောက်နှင့်တစ်
ယောက်ကွဲလွဲခဲ့ကြပါသည်။အနုပညာဆိုတာ
ဒါတော့အနုပညာမဟုတ်ဘူးဟု ပြောနိုင်ကြ
သောလည်း၊ အနုပညာဆိုတာ ဒါပဲဟူ၍ကား
ပြတ်သားစွာဖွင့်ဆိုနိုင်ခြင်းမရှိကြ။ထိုသို့ အနုပ
ညာအပေါ် အမြင်မညီညွတ်မူများသည် ကွဲလွဲ
သော အနုပညာလုပ်ဆောင်မူများကိုလည်း
ဖြစ်ပေါ်စေခဲ့သည်။pg.6)ဟု အနုပညာ၏သ
ဘောသဘာဝကို ထိထိမိမိရှင်းပြထားသည်။
ထိုနောက် ထပ်၍ဖော်ပြပြန်သည်က_
စာပေအနုပညာကို လေ့လာရသည်
မှာ ပျော်စရာကောင်းသလို ရယ်စရာလည်း
ကောင်းလှပါသည်။ အရှေ့တိုင်းအလဏ်ကျမ်း
တစ်စောင်ဖြစ်သော သုဗောဓာလဏ်ရကျမ်းက
ယခုရေးသားနေကြသော သိစိတ်အလျဉ်ရေး
နည်းကို အပေတတ္တဒေါသ သင့်သည်ဟုဆို
ထားပါသည်။စိတ်ထဲမှာ ထင်ရာမြင်ရာများကို
အရှုးလို လျှောတ်ရေးသောကြောင့်ဟုဆိုသည်။
အတိသယ၀ုတ္တိအလဏ်ကိုမူ ဟိုက်ပါဘိုလီ(
Hyperbole)ဒေါသ သင့်သောအရေးအသားအ
ဖြစ် အနောက်တိုင်းအလဏ်ကျမ်းတစ်စောင်
မှာတွေ့ရသည်။မဖြစ်နိုင်သည်များကို မောက်မို့
ချဲ့ ကားစွာ ရေးထားသောကြောင့်ဟုဆိုသည်။
ထိုကျမ်းနှစ်စောင်ကို ပြန်ဖျေပေး၍ရမည်မ
ဟုတ်ပါ။သို့သော် အနုပညာမြောက်အောင်ဖော်
ဆောင်နိုင်လျှင် ဒေါသကိုရေးလင့်ကစား အလ
ဏ မြောက်၏ဟုထိုကျမ်းနှစ်စောင်လုံးကဆို
သည်။ကျွန်တော်အလွန်လေးစားသွားမိပါသည်။အနုပညာကို တရားသေဆုတ်ကိုင်၍မရ
ကြောင်းကို နားလည်ခဲ့ရပါသည်။pg.7)ဟူ၍ဖြစ်
ရာ အနုပညာ၏သဘောသဘာဝကို အမြင်
ကျယ်ကျယ်ဖြင့်သုံးသပ်ပြထားသည်ကိုတွေ့ရ
ပေသည်။(ဆက်ရန်)
တာရာမင်းဝေ၏ခံယူချက်နှင့်အမြင်များ
ဆရာတာရာမင်းဝေ၏စာအုပ်များသည်
တစ်ချိန်က လူငယ်များကြား အတော်ကလေးမှ
ရေပန်းစားခဲ့ပါသည်။ထိုအတူ ဆရာတာရာမင်း
ဝေ၏ လတ်ဆတ်သောအရေးအသားများနှင့် စာပေခံယူချက်များကလည်း စာဖတ်သူအများ
စုကို နှစ်သက်သဘောကျစေခဲ့သည်။ထိုနှစ်
သက်သဘောကျသူများထဲတွင် ကျွန်တော်
လည်းရှေ့ဆုံးမှပါခဲ့ပါသည်။ကျွန်တော်သည်
ဆ၇ာတာရာမင်းဝေကိုနှစ်သက်သူပီပီ သူ၏
ထူးခြားသောစာသားများနှင့် စာပေခံယူချက်
များကို မဖတ်လိုက်ရသေးသူများအတွတ် ပြန်
လည်မျှဝေချင်မိသည်။ ထိုကြောင့် ဦးစွာ ဆရာ
တာရာမင်းဝေ၏ ပြိုင်မြင်းတို့၏ခွါသံဆိုသော
စာအုပ်ကို ဖော်ပြပါမည်။ထိုစာအုပ်ထဲတွင်
ဆရာတာရာမင်းဝေက_
(အနုပညာဟူသောစကားလုံး၏ အဓိ
ပ္ပါယ်ကို ယနေ့ထက်တိုင်မည်သူကမျှ ပြည့်စုံ
အောင်မဖွင့်ဆိုနိုင်ပါ။တတ်စွမ်းသမျှသော ဖွင့်
ဆိုချက်များသည်လည်း တစ်ယောက်နှင့်တစ်
ယောက်ကွဲလွဲခဲ့ကြပါသည်။အနုပညာဆိုတာ
ဒါတော့အနုပညာမဟုတ်ဘူးဟု ပြောနိုင်ကြ
သောလည်း၊ အနုပညာဆိုတာ ဒါပဲဟူ၍ကား
ပြတ်သားစွာဖွင့်ဆိုနိုင်ခြင်းမရှိကြ။ထိုသို့ အနုပ
ညာအပေါ် အမြင်မညီညွတ်မူများသည် ကွဲလွဲ
သော အနုပညာလုပ်ဆောင်မူများကိုလည်း
ဖြစ်ပေါ်စေခဲ့သည်။pg.6)ဟု အနုပညာ၏သ
ဘောသဘာဝကို ထိထိမိမိရှင်းပြထားသည်။
ထိုနောက် ထပ်၍ဖော်ပြပြန်သည်က_
စာပေအနုပညာကို လေ့လာရသည်
မှာ ပျော်စရာကောင်းသလို ရယ်စရာလည်း
ကောင်းလှပါသည်။ အရှေ့တိုင်းအလဏ်ကျမ်း
တစ်စောင်ဖြစ်သော သုဗောဓာလဏ်ရကျမ်းက
ယခုရေးသားနေကြသော သိစိတ်အလျဉ်ရေး
နည်းကို အပေတတ္တဒေါသ သင့်သည်ဟုဆို
ထားပါသည်။စိတ်ထဲမှာ ထင်ရာမြင်ရာများကို
အရှုးလို လျှောတ်ရေးသောကြောင့်ဟုဆိုသည်။
အတိသယ၀ုတ္တိအလဏ်ကိုမူ ဟိုက်ပါဘိုလီ(
Hyperbole)ဒေါသ သင့်သောအရေးအသားအ
ဖြစ် အနောက်တိုင်းအလဏ်ကျမ်းတစ်စောင်
မှာတွေ့ရသည်။မဖြစ်နိုင်သည်များကို မောက်မို့
ချဲ့ ကားစွာ ရေးထားသောကြောင့်ဟုဆိုသည်။
ထိုကျမ်းနှစ်စောင်ကို ပြန်ဖျေပေး၍ရမည်မ
ဟုတ်ပါ။သို့သော် အနုပညာမြောက်အောင်ဖော်
ဆောင်နိုင်လျှင် ဒေါသကိုရေးလင့်ကစား အလ
ဏ မြောက်၏ဟုထိုကျမ်းနှစ်စောင်လုံးကဆို
သည်။ကျွန်တော်အလွန်လေးစားသွားမိပါသည်။အနုပညာကို တရားသေဆုတ်ကိုင်၍မရ
ကြောင်းကို နားလည်ခဲ့ရပါသည်။pg.7)ဟူ၍ဖြစ်
ရာ အနုပညာ၏သဘောသဘာဝကို အမြင်
ကျယ်ကျယ်ဖြင့်သုံးသပ်ပြထားသည်ကိုတွေ့ရ
ပေသည်။(ဆက်ရန်)
posted from Bloggeroid
အားပေးသွားပါတယ်ရှင်
ReplyDeleteနောက်လည်းဒိထက်မကရေးနိုင်ပါစေ