ကျွန်တော်အမြင်များ၎
မင်းဆက်ဝေ=ကျွန်တော်ကြိုက်ခဲ့သောကဗျာ၂ပုဒ်
ကျွန်တော်မှာကိုယ်တိုင်လည်းကဗျာရေးသ
လို ကဗျာဖတ်ရတာကိုလည်း
အလွန်မှစိတ်ဝင်းစား
တဲ့သူတစ်ယောက်ဖြစ်သည်။ထိုကြောင့်ငယ်ငယ်ကဆိုလျှင် ကျွန်တော်ကြိုက်သော့ ကဗျာများကို ကူးပြီးသိမ်းထားတဲ့အထိကဗျာတွေကိုမြတ်နိုးခဲ့သူတစ်ယောက်ဖြစ်သည်။ထိုသို့ကဗျာတွေဖတ်ခဲ့ရတဲ့အထဲမှာမှကျွန်တော်ကြိုက်ခဲ့ရသောကဗျာ၂ပုဒ်ကို ပြန်ဖော်ပြချင်ပါသည်။ပထမဦးဆုံးဖော်ပြချင်တဲ့ ကဗျာကတော့ကဗျာဆရာနေမျိုးရေးသောဒုတိယအကြိမ်ဖတ်ရန်မလိုသည့်ကဗျာဖြစ်ပါသည်။ထိုကဗျာမှာ အောက်ပါအတိုင်းဖြစ်သည်။
ဒုတိယအကြိမ်ဖတ်ရန်မလိုသည့်ကဗျာ
ကျွန်တော်မယုံတာ(၃)ခုရှိတယ်
၁။ကျွန်တော်၂။ခင်ဗျား၃။အခြားတစ်ယောက်
ကျွန်တော်ယုံတာ(၃)ခုရှိတယ်။
၁။ကျွန်တော်၂။ခင်ဗျား၃။အခြားတစ်ယောက်
နေမျိုး
ကဗျာမှာတိုပါသည်။သို့ သော် ထိုကဗျာသည် ကဗျာဖတ်သူ၏စိတ်ကို ကောင်းကောင်းကြီးအလုပ်
ပေးချေသည်။ထိုအတူ ကဗျာဆရာနေမျိုး၏ ဒုတိ
ယအကြိမ် ဖတ်ရန်မလိုသောကဗျာမှာ အမှန်တ
ကယ်ပဲ နောက်တစ်ကြိမ်ဖတ်စရာမလိုအောင်
နှလုံးသားမှာ စွဲမြဲသွားစေပါသည်။ကဗျာမှာ တို
သည်ဆိုသည်မှာမှန်သောလည်း ကဗျာမှ ပေးချင်
သော massage မှာ အလွန်မှ ကျယ်ပြန့်လွန်းပါ
သည်။ထိုကဗျာကို ကျွန်တော်ခံစားမိသလိုပြန်တင်
ပြရမည်ဆိုလျှင် ပထမစာကြောင်းမှာ မယုံတာ
(၃)ခုနှင့် ဒုတိယစာကြောင်းမှယုံတာ(၃)ခုမှာ အတူတူ ပင်ဖြစ်နေသည်။ထိုကြောင့် ကောက်ချက်
ဆွဲမည်ဆိုလျှင် ယုံလည်းယုံတယ်၊မယုံလည်းမယုံ
ဘူးဆိုသောသဘောကိုသက်ရောက်သည်။ထိုသ
ထိုသဘောကို သေချာပြန်စဉ်းစားကြည့်ပါက မယုံ
ရဲယုံရဲဖြစ်သော အခြေအနေဟုဆိုရပေမည်။ထို
ကြောင့် ကဗျာဆရာပေးချင်သော massage မှာ
ယခုကဲ့သို့ ကောက်ချက်ဆွဲနိုင်သည်။
ကျွန်တော် မယုံရဲယုံရဲဖြစ်မိတာ (၃)ခုရှိတယ်
၁။ကျွန်တော်၂။ခင်ဗျား၃။အခြားတစ်ယောက်
ထိုသို့ဆိုလျှင် ကဗျာဖတ်ရသည့် အဓိပ္ပါယ်ကို
နားလည်သွားပြီဖြစ်သည်။ယခုကဗျာသည် ကဗျာ
၏အငွေ့အသက်များ ကင်းမဲ့နေသည်ဟု ခံစား
ကောင်းခံစားရပေလိမ့်မည်။သို့သော် ကဗျာဆရာ
သည်က ထိုကဗျာကို ကဗျာပါဟု ရဲရဲဝံ၀ံကြွေး
ကြော်နေပေလိမ့်မည်။မည်သို့ပင်ဖြစ်ဖြစ် ယင်း
သည် စိတ်ဝင်စားစရာကောင်းခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။(ဆတ်ရန်)

posted from Bloggeroid
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်