ကျွန်တော်၏ဘလော့များ
Blog.2
မြွေများ
မြွေများကို အအေးပိုင်းတိုင်းပြည်များထက် အပူပိုင်းတိုင်းပြည်
များနှင့် ပူအိုက်စွတ်စိုသောတိုင်းပြည်များတွင် အများဆုံးတွေ့ရတတ်
သည်ဟု သုတေသီတို့ကဆိုသည်။မြွေကို လူတိုင်းတွေ့ဖူးကြပေလိမ့်
မည်။သို့သော် ထူးဆန်းသောမြွေများကိုမူ လူတိုင်းတွေ့နိုင်ဖို့ မလွယ်ကူ
ချေ။အချို့မြွေများသည် ခေါ်င်းတွင်အမောက်ပါ၏။ အချို့က ဦးချိုသ
ဖွယ် အချွန်အတတ်နှစ်ခုပါ၏။ အချို့မြွေများကမူ ခေါ်င်းနှစ်လုံးပင် ပါချေ
သည်။ထိုခေါ်င်းနှစ်လုံးပါသော မြွေမှာနှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ ခေါ်င်းပိုင်းတွင်တစ်လုံး အမြီးပိုင်းတွင်တစ်လုံးပါသောမြွေဖြစ်ပြီး၊ ဒုတိယ
တစ်မျိုးမှာ ခေါ်င်းပိုင်းတွင် ဦးခေါ်င်းနှစ်ခုစလုံးပါရှိသောမြွေတို့ပင်ဖြစ်
သည်။ထိုအပြင် အချို့ကျေးရွာများမှာ မြွေဦးခေါ်င်းပိုင်းတွင် ခေါ်င်းနှစ်
လုံး၊သုံးလုံးပါသော မြွေများကိုတွေ့ရတတ်သည်။ ထိုအတူ ထိုခေါ်င်းအ
လုံးများသောမြွေများကိုပင် နီပေါနိုင်ငံနှင့် ဟိမဝန္တတောင်ခြေရှိရွာများတွင်
တွေ့နိုင်ပါသည်။
မြွေထဲတွင် အံသြဖို့ကောင်းသောမြွေများစွာရှိရာ ကြော့ကွင်း
မြွေမှာလည်း အလွန်ထူးဆန်းပြန်သည်။ထိုမြွေသည် မိမိကိုယ်မိမိတစ်
ပတ်လျိုထားကာ မိမိအမြီးကိုမိမိပြန်ခဲထားပြီး တောင်စောင်းဆင်ခြေ
လျောမှ သံခွေလှိမ့်သလို လှိမ့်ပြီးဆင်းတတ်သော မြွေမျိုးဖြစ်သည်။ထို
ကဲ့သို့သောမြွေသည် အမြီးတွင် အဆိပ်ရှိသော အစွယ်တစ်မျိုးရှိပေသည်။
ထိုအစွယ်မှ အဆိပ်သည် အလွန်မှပြင်းထန်သောကြောင့် သက်ရှိသတ္တ
ဝါမဆိုထားဘိ၊သစ်ပင်ကြီးများကိုပင် ထိုအမြီးဖျားနှင့်ပေါ်က်မိလျှင် ချက်
ချင်းအရွတ်တွေဝါ ၊အကိုင်းတွေခြောက်ပြီး ချက်ချင်းသေသွားရပေသည်။
တစ်ဖန် မြွေနှင့်ပတ်သတ်ပြီးထူးဆန်းသည်မှာ အိန္ဒိယမှ ဒြာဗီဒီယန် တိုင်း
ရင်းသားတို့သည် ဂုတ်ကျောပေါ်တွင် စက်ဝိုင်းပုံပါသော မြွေဟောက်မျိုး
အား နတ်မြွေဟု ယုံကြည်ထားကြသည်။ထိုအတူ ဘုန်းတော်ကြီးတစ်
ချို့မှာလည်း အစွယ်ချိုးထားသော မြွေဟောက်များကို ကျောင်းဝန်းထဲ
တွင်မွေးမြူထားတတ်ကြသည်။ထိုကျောင်းဝင်းထဲမှ မြွေတစ်ကောင်သေ
လျှင် လူကဲ့သို့ပင် အဝတ်နှင့်ပတ်၍ မီးသဂြိုလ်ပေးကြသည်။
မြွေသုတေသီများသည် မြွေအမျိုးပေါ်င်းကို မှတ်တမ်းတင်ခဲ့ရာ
အမျိုးပေါ်င်း၁၇၀၀ကျော်ရှိပြီး ထိုအထဲမှ အမျိုးပေါ်င်း၃၀၀ကျော်မှာ အသက်ကိုသေစေနိုင်သည်။ထိုမြွေတို့၏အဆိပ်သည် ဓာတ်ကြီးလေးပါး
နှင့်ယှဉ်ပြီး အဆိပ် ၄ မျိုးကွဲသည်။ ထိုလေးမျိုးမှာ_
၁။ပထဝီဓာတ်နှင့်ယှဉ်ပြီးဖြစ်သောအဆိပ်သည် တအေးအေးနှင့်စိမ့်ပြီး
တတ်သည်။
၂။တေဇောဓာတ်နှင့်ယှဉ်၍ဖြစ်သော အဆိပ်သည် ကင်းကိုက်ခံရသကဲ့သို့
ပူ၍တတ်လာသည်။
၃။အာပေါဓာတ်နှင့်ယှဉ်၍ဖြစ်သော အဆိပ်သည် ယောင်ရမ်းပြီး အဆိပ်
တတ်သည်။
၎။ဝါယောဓာတ်နှင့်ယှဉ်၍ဖြစ်သော အဆိပ်သည် မခံသာအောင် ယားယံ
၍ အဆိပ်တတ်ခြင်းတို့ပင်ဖြစ်ချေသည်။မည်သို့ပင်ဖြစ်ဖြစ် မြွေတို့သည် မိမိကိုရန်မမူပါက ပြန်၍ရန်မူမည်မဟုတ်သည်က အလွန်သေချာပါသည်။
Jan19.2013
Minsetwai
ကိုးကား=ဆရာဦးညွှန့်တင်၏ထူးဆန်းသောမြွေများ

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်