Wednesday, February 25, 2015
ကျွန်တော်၏ဘလော့များ
Blog.3
နော်စတြာဒေးမတ်စ်(Nostradamus)
ကျွန်တော်တို့ နေထိုင်ရာ ကမာပေါ်တွင် စက္ခုအာရုံဟူသော မျတ်စိဖြင့်မြင်နိုင်သော အာရုံထက် တစ်ဆင့်ပို၍ မန အာရုံတည်းဟူ
သော စိတ်အာရုံဖြင့် မြင်နိုင်စွမ်းရှိသော ပါရမီရှင်ကြီးများရှိကြသည်။
ထိုအထဲမှ နော်စတြာဒေးမတ်စ်သည် လွန်ခဲ့သော ၁၆ရာစုလောက်က
ပေါ်ပေါ်က်ခဲ့သော ပါရမီရှင်ဖြစ်ပြီး သူဟောခဲ့သော ကြိုတင်ဟောကိန်း
များသည် တိကျမှန်ကန်နေသောကြောင့် ယနေ့တိုင် မေ့ထား၍မရသော
လူတစ်ယောက်အဖြစ် သမိုင်းဝင်ခဲ့ပေသည်။သူကို ပြင်သစ်နိုင်ငံ၊ ဆလို
ရန်(Sloan)မြို့မှာမွေးဖွားခဲ့သည်။သူမွေးဖွားသည့်ညက ထိုဒေသရှိ
ကောင်းကင်ပြင်တွင် ထိန်လင်းသော စက်ဝိုင်းကြီးများ ရုတ်တရတ်ပေါ်
ထွက်လာကြောင်း မှတ်တမ်းများက ဖော်ပြထားသည်။သူသည် ငယ်ရွယ်
စဉ်ကတည်းကပင် မယုံကြည်နိုင်လောက်အောင် ညဏ်ပညာထက်မြတ်
ပြီး အရွယ်နှင့်မလိုက်အောင် ဘာသာစကားအမျိုးမျိုးကို ပိုင်ပိုင်နိုင်နိုင်
ပြောနိုင်စွမ်းရှိခဲ့သည်။သူသည် အသက်၂၃နှစ်အရွယ်ထိပညာသင်ပြီး
နောက် လိုင်စင်ရသမားတော်တစ်ဦးဖြစ်လာခဲ့သည်။ထိုစဉ်က ဥရောပ
တစ်ခွင်တွင် ကြောက်စရာပလိပ်ရောဂါဆိုးကြီး ကပ်ဆိုက်နေလေရာ လူ
အတော်များများမှာ ထိုရောဂါ၏သားကောင်များဖြစ်ခဲ့ရသည်။သို့သော်
သူသည် ပလိပ်ရောဂါဆိုးများကြောင့် သေဆုံးသွားသော လူသေအ
လောင်းများကြားတွင် လပေါ်င်းများစွာ နေထိုင်အလုပ်လုပ်ခဲ့သည့်တိုင်
သူကို ရောဂါပိုးကူးစက်ခြင်းမရှိခဲ့ချေ။
နော်စတြာဒေးမတ်စ်သည် စိတ်အာရုံဖြင့် ရှေ့ရေးကိုတိကျစွာ ဟောကိန်းများထုတ်ပေးနိုင်ခဲ့သောကြောင့် ဘုရင်၊ဘုရင်မများနှင့် တော်
ဝင်မျိုးနွယ်တို့၏ ချီးမြှောက်ခြင်းကို ခံခဲ့ရသည်။သူသည် သက္ကရာဇ် ၁၅၅၅
ခုနှစ်တွင် ကမ္ဘာကြီး၏ရှေ့ရေးနှင့် ပတ်သတ်ပြီး ဟောကိန်းများကို
ရေးစပ်ထုတ်ခဲ့ရာ ယနေ့တိုင် နာမည်ကျော်ကြားလူသိများလျှက်ရှိသည်။
ထိုဟောကိန်းအရ ထိုစဉ်ကပြင်သစ်နိုင်ငံကို အုပ်စိုးရသော ဒုတိယ
မြောက် ဟင်နရီ (Henery ll)ဘုရင်ကြီးသည် မျတ်စိကွယ်ပြီး နတ်ရွာ
စံလိမ့်မည်ဟုဆိုခဲ့ရာ သက္ကရာဇ် ၁၅၅၉ခုနှစ်၏ နွေရာသီတွင် ဘုရင်ကြီး
သည် စစ်သူကြီးတစ်ဦးနှင့် ဘေးချင်းယှဉ်၍ မြင်းစီးနေစဉ် စစ်သူကြီးကိုင်
ဆောင်ထားသော လှံတံအချွန်သည် ဘုရင်ကြီး၏ဝဲဘက်မျတ်လုံးအား
ထိုးစိုက်မိပြီးမျတ်လုံးကွယ်ကာ ထိုနေရာမှပင်နတ်ရွာစံခဲ့ရသည်။ထိုအတူ
သူသည် ၁၆၃၂ခုနှစ်တွင် ပြင်သစ်မြို့စားကြီး မွန်မိုရင်စီ ခေါ်င်းဖြတ်ခံရမည့်
အကြောင်းနှင့် ၁၆၃၃ခုနှစ်တွင် ၁၃ကြိမ်မြောက် လူဝီဘုရင် နန်းတတ်
မည့်အကြောင်းဟောကိန်းများ ထုတ်ခဲ့ရာ မုချမလွဲမှန်ကန်ခဲ့သည်။တစ်
ဖန်အနာဂတ်နှင့်ပတ်သတ်ပြီးဟောကိန်းများထုတ်ခဲ့ပြန်ရာ ကြောက်မက်
ဖွယ်ရာ အနုမြူဗုံးအကြောင်း ၊ပထမနှင့်ဒုတိယစစ်တွင် အာဏာရှင်တစ်
ဦးပေါ်ထွန်းမည့်အကြောင်း!သမ္မတ ကနေဒီလုပ်ကြံခံရမည့်အကြောင်း
နှင့်အဏ္ဏဝါရေအောက်တွင် စက်ယန္တားယားများဖြင့် စစ်ခင်းကြမည့်အ
ကြောင်းများကိုဟောခဲ့ရာ ရာနူန်းပြည့် မှန်ကန်ခဲ့သည်။နောက်ထပ်လည်း
ဟောကိန်းများ ထပ်မံထုတ်ခဲ့ရာ ဝေးလံသော စကြာဝဠာ၏တစ်နေရာမှ
ufoခေါ် ပန်ကန်ပြားပျံများဖြင့် ဂြိုလ်သားများရောက်လာပြီး လူတို့နှင့်ခင်
မင်စွာအဆက်အသွယ်ပြုကြမည့်အကြောင်း စကြာဝဠာအတွင်း ခေတ်မှီ
လက်နတ်ဆန်းများဖြင့် ပြင်းထန်သောစစ်ပွဲများဖြစ်ဟွးမည့်အကြောင်း
မှောင်မိုက်သောညသည် ရုတ်တရတ် နေ့လည်ခင်းကဲ့သို့ ထိန်လင်းသွား
မည့်အကြောင်းနှင့် အမေရိကန်နိုင်ငံ ဖော့နောက်(fort knox)မြို့ရှိ
ကမာ#ရွှေချောင်းများ သိုလှောင်ရာဌာနမှ ရွှေချောင်းများအခိုးခံရမည့်
အကြောင်းများကိုလည်း ဟောကိန်းထုတ်ခဲ့ရာ လူအများစိတ်ဝင်စားဖွယ်
ရာအဖြစ် စောင့်ကြည့်နေရဆဲ ဖြစ်ပေတော့သည်။
feb 22.2015
Minsetwai
မှတ်ချက်။ ။ကိုးကားစာရင်းကိုမမှတ်မိတော့သောကြောင့် စာဖတ်သူများ နားလည်ပေးကြပါရန်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်