မြန်မာ့အစီအရင်များ
ညောင်ရမ်းခေတ်က ညောင်ရမ်းမင်းနန်းတတ်ချိန်တွင်ဗားမဲ့ဆရာတော်ကြီးသည် ညောင်ရမ်းမင်းကို အစီအရင်များပြုလုပ်ပေးခဲ့ဖူးသည်။ထိုအစီအရင်မှာ မင်းနေပြည်တော်အတွတ်လုံခြုံမူ ရရှိစေရန်ဆောင်ရွတ်ခဲ့ခြင်းဖြစ်သည်။အစီအရင်ပြုလုပ်ထားပုံမှာ အရှေ့တံခါးမုဒ်တွင်ဂဠုန်နှင့်နဂါးထွက်ပြီး ကျားနှင့်ခြင်္သေဝင်သောပုံ၊အနောက်ဘက်မုခ်တွင်ခြင်္သေနှင့်ဆင်ရိုင်းထွက်ပြီးဆင်နှင့်ဂဠုန်ဝင်သောပုံ၊တောင်တံခါးမုခ်တွင်ကြောင်နှင့်ကြွက်ထွက်ပြီးမြေခွေးနှင့်နဂါးဝင်သောပုံ၊မြောက်ဘက်တွင်မြွေနှင့်ကျားထွက်၍အောင်းဝင်သည့်ပုံတို့ကိုမန္တန်စုတ်ပြီးစီရင်ကာ မြို့တံခါးအထက် မျတ်နှာကျက်နှင့်တံခါးရွတ်များတွင်လည်း အင်းချစီရင်ခဲ့လေသည်။စီရင်ခဲ့သော အင်းများမှာ သုဝဏ္ဏဘူမိအင်း၊အနုဋရအင်း၊ အောင်နမောနရနိအင်း၊အဌာနနိအင်း၊ဥဒ္ဓဟာဝအင်းနှင့် သရဏဂုံအင်းကျယ်တို့ ပင်ဖြစ်သည်။ဆရာတော်သည် ထိုအင်းများကိုချပြီးနောက် နန်းတော်တိုင်ထိတ်ဖျားတွင်အင်းထပ်မံစီရင်စေပြီး နန်းတော်၏နံရံတွင် နွားနောက်ရုပ်၊ကျားရုပ်၊ဗိဿနိုးရုပ်နှင့်ပုရောဟိတ်ရုပ်တို့ကို ထပ်မံစီရင်စေခဲ့လေသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်