Tuesday, November 8, 2016

သူမနှင့်အရာရာတိုင်းသည် ဤသို့

အရူးတစ်ယောက်၏ကဗျာများ(၁၆)
သူမနှင့်အရာရာတိုင်းသည် ဤသို့

အစွန်းရောက်လွန်းတဲ့.စကားတွေ
အများကြီးပြောခဲ့မိကြ....
အခုပဲ..လေဟုန်စီး...
အခုပဲ....ငရဲမီးသဖွယ်
တို့နှစ်ယောက်ဟာ....
နန်းတော်ကြီးထဲ..ရောက်လို့ရောက်
တောတန်းတွေထဲ...ရောက်လို့ရောက်နဲ့
ပျော်ရွှင်စရာတွေခုန်ပေါ်က်ပြီး
ညတွေစီးလို့ ခရီးထွက်ခဲ့ကြ....။။။
ဒါပေမယ့်..နင့်က...ငါမကြေခဲ့တဲ့ ငါ့ကျမ်းစာပါ
လေအဝှေ့မှာ မာယာတစ်ဆုတ်စာ ဖြန့်ကြဲလို့
ငါ့ဖို့လို့...ဟန်ဆောင်ပြောလည်း
ငါ့မှာတော့...မာယာပင်လယ်ကြီးအောက်
အသက်ဝဝရူရတာ...မလောက်လို့
အခု..သေဆုံးခွင့်....လိုချင်ပြီ။..။
March1.2009
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်