Friday, December 2, 2016

ချစ်ရဲ့ယုံကြည်မူကို ကိုယ်ဆာလောင်တယ်

အရူးတစ်ယောက်၏ကဗျာများ (၂၅)
ချစ်..ရဲ့ယုံကြည်မူကို ကို... ဆာလောင်တယ်

တစ်ခါတစ်လေတော့လည်း ငါ့တပ်မက်ထားတဲ့ ငါ့ဘဝ

ငါ့ဟာငါ့.. ရွံရှာမုန်တီးတယ်...။
ငါ့အမေတောင် ငါကိုနာမလည်ခဲ့တာ..
သူ့အတွတ်ဆိုရင်တော့ ပိုဆိုးလိမ့်မယ်...။
ထွက်ပြေးနေတဲ့ ငါ့ခြေထောက်တွေ
ဘာလို့.. ငါ့ကိုသစ္စာဖောက်ခဲ့ကြတာလဲ။
ရင်ဘတ်တစ်ခြမ်း ရင်းနှီးမြှပ်နှံထားလျှက်
ဘာကြောင့် သံသယချည်း မြင်ကြည့်နေရတာလဲ
ညကမှောင်နေမှာပဲလေ..
လင်းဦးတော့..လ..လောက်တော့ဘယ်လင်းမလဲ..။
မီးမှိတ်မှ မြင်ရတဲ့ အဆင်းတစ်ခုလိုမျိုး
ငါ့ဘဝ မင်းအလင်းထဲမှာ..ဘယ်လိုလင်းလတ်မှာလဲကွယ်
ချစ်သူ...ထားခဲ့လည်းရင်ကွဲခံရတော့မှာပေါ့
အရှုံးနဲ့က ဆွေမျိုးတော်ခဲ့ပြီးသား..သူပဲလေ
မင်း...ဘာမှတော့..စိတ်မပူနဲ့သိလား..
မယုံကြည်ဘူး..ဆိုရင်
ရင်ဘတ်ကို...ဓားနဲ့ဟတ်တတ်ခွဲသွား
ငါ့..သေသွားတဲ့ဘဝမှာ
ဆက်ပြီးရွတ်ဆိုနေဦးမှာ
ထာဝရ.....
အစဉ်ထာဝရ.....
ငါ့...ရင်ဘတ်ထဲမှာ...သိမ်းဆည်းထားတဲ့..
မပြောင်းလဲသော..ချစ်ခြင်းမေတ္တာ.....။
Dec1.2016
Minsetwai

No comments:

Post a Comment

ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်