အရူးတစ်ယောက်၏ကဗျာများ (၂၆)
သောကခြေရာ
အဲဒီနွံထဲကို ငါခုန်ချဖို့
တကယ်လိုအပ်သလား/မလိုအပ်ဘူးလား
ဝေခွဲလို့တောင် အမြင်တိမ်နေမိတဲ့အခါမျိုးမှာ
သေချာနေတာက
လူတွေဟာ ငါ့ကို အမြင်စောင်းနေပြီဆိုရင်
ငါ့ကိုယ်တိုင် ဒီဂရီမမှန်အောင် နေပစ်လိုက်မိတယ်
(စကားတွေ မရှုပ်ဖို့ဆိုတာက လိုကိုလိုပါတယ်)။
ငါ ကျဉ်းထဲကျပ်ထဲ ရောက်ခဲ့တာပဲ
တစ်ယောက်တည်း ပိတ်လှောင်မွန်းကျပ်ခဲ့တယ်
ငါ့မြင်နေရသမျှ အဆိပ်တွေသုတ်လိမ်း
အမှားကို ဇောနဲ့ ပုတ်ခတ်လှုပ်နိုး
အမှန်တရားဟာ လူသိပ်မသိသေးတဲ့အရာမို့
တစ်ယောက်တည်း သောကတွေထမ်းထားတဲ့ လူတစ်ယောက်
အိမ်မက်တွေကို မျက်မှန်တပ်
အရှေ့နဲ့အနောက်
တောင်နဲ့မြောက်
နှစ်ကိုယ်ခွဲပြီးရပ်ဖို့
ငါ အစီအစဉ်ဆွဲခဲ့ဖူးတယ်။
Aug30.2013
Minsetwai
ံ
သောကခြေရာ
အဲဒီနွံထဲကို ငါခုန်ချဖို့
တကယ်လိုအပ်သလား/မလိုအပ်ဘူးလား
ဝေခွဲလို့တောင် အမြင်တိမ်နေမိတဲ့အခါမျိုးမှာ
သေချာနေတာက
လူတွေဟာ ငါ့ကို အမြင်စောင်းနေပြီဆိုရင်
ငါ့ကိုယ်တိုင် ဒီဂရီမမှန်အောင် နေပစ်လိုက်မိတယ်
(စကားတွေ မရှုပ်ဖို့ဆိုတာက လိုကိုလိုပါတယ်)။
ငါ ကျဉ်းထဲကျပ်ထဲ ရောက်ခဲ့တာပဲ
တစ်ယောက်တည်း ပိတ်လှောင်မွန်းကျပ်ခဲ့တယ်
ငါ့မြင်နေရသမျှ အဆိပ်တွေသုတ်လိမ်း
အမှားကို ဇောနဲ့ ပုတ်ခတ်လှုပ်နိုး
အမှန်တရားဟာ လူသိပ်မသိသေးတဲ့အရာမို့
တစ်ယောက်တည်း သောကတွေထမ်းထားတဲ့ လူတစ်ယောက်
အိမ်မက်တွေကို မျက်မှန်တပ်
အရှေ့နဲ့အနောက်
တောင်နဲ့မြောက်
နှစ်ကိုယ်ခွဲပြီးရပ်ဖို့
ငါ အစီအစဉ်ဆွဲခဲ့ဖူးတယ်။
Aug30.2013
Minsetwai
ံ
No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်