ံအရူးတစ်ယောက်၏ကဗျာများ(၂၇)
ဒီဇင်ဘာပုံပြင်
လူငယ်လေးဟာ ဒီဇင်ဘာမနက်ခင်းမှာ အပူအပင်မဲ့စွာနိုးလာတယ်
လူတစ်ဦးတစ်ယောက်က..အိမ်ရှေ့တံခါးပေါ်က် လာပြီး
ညကလေ...ညကပေါ့..
ဟင့်အင်း.....မဖြစ်နိုင်လောက်ပါဘူးဗျာ..
သူ...မရှိတော့ဘူးလား?
ညဆို ကျွန်တော်ဘေးမှာ ထ.ထ.ယောင်တဲ့သူလေ
၂၅ရက်ရဲ့ ည..၂နာရီမှာ..
သူ..မြေလျိုးမိုးပျံသွားသလားပဲ.....
ဒီဇင်ဘာကတော့ တည်ငြိမ်ချင်ယောင် ဟန်ဆောင်လို့
သူပေးတဲ့..ဆိုးမွေ..တစ်ချို့ဟာ ခုလို စိတ်မှာ သံမှိုဆွဲလို့
ဘာတဲ့...သိပ်သိပ်ချစ်ရတဲ့...နွဲ့တင်ရယ်...
အဖေရောက်တဲ့အခါ...ပြန်နိုးပါ
အဲဒီသံစဉ်နဲ့...အဲဒီငိုသံ..ကျွန်တော်မကြားရတော့ဘူး..။
ရင်ထဲက စိတ်မကောင်းခြင်းများစွာကျန်ခဲ့တယ်
အမေ..တစ်ချို့ရက်တွေမှာ...အိပ်မပျော်ဘူးလား..
အမေကြီးကတော့..သူ့သားကြီးအကြောင်း
ကျွန်တော်သွားတိုင်း..ပြောနေတယ်..
လူတွေက...ဘာသတင်းကြားရသေးလဲမေးတော့
အဖြေမရှိ..အဖြေမသိတဲ့ကျွန်တော်ရင်ဘတ်ထဲမှာ
လူငယ်တစ်ယောက်လို အပူအပင်းကင်းပစ်လိုက်တယ်။
ဟန်ဆောင်မူဟာ..ရေရှည်မခံပါဘူး
ဆောင်းကာလမှာ အိမ်မက်ရိုင်းတစ်ချို့နဲ့ နှစ်ပါးသွားခဲ့
အိပ်စက်တိုင်း ခေါ်င်းအုံးလေးပေါ်
မျတ်ရည်တို့ကို ဖိပွတ်ပစ်လိုက်တယ်
ရင်ထဲက..ဒဏ်ရာတွေအတွတ်..အမေကို..သနားတယ်
သူချန်ထားတဲ့အိမ်အတွင်းမှာ..လူသုံးယောက်ရဲ့ဘဝ
သူလိုပဲ...ကျွန်တော်ဘာအသုံးမှ..မကျဘူး
သူလိုပဲ..သူလိုပဲ...နင့်အဖေလိုပဲ..
လူတွေအမြင်ကို ဘာမှရှင်းပြမနေချင်ဘူး
ကျွန်တော်ဟာ ဒီဇင်ဘာအပေါ် အကြွေးရမယ့်သူပါပဲ
ဒီဇင်ဘာက ပုံမှန် အတိုးတော့ ပေးပါတယ်
ဟုက်ကဲ့.....
ကျွန်တော်အဖေလား....
သူ..ခရီးထွက်သွားတယ်..လေ
ကြာချိန်က..အကန့်အသတ်မဲ့မူနဲ့..
ခုဆို..၁၂နှစ်ကျော်ခဲ့ပြီပေါ့ဗျာ......။
Dec5.2016
Minsetwai

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်