အယူအစွဲများ
မှော်ပညာတွင် ယုံကြည်မူကို ရှေ့တန်းတင် အထွတ်အထိတ်ထားရသည်။ယုံကြည်မူမှာ မှော်ပညာ၏ အဓိက အခြေခံလည်းဖြစ်သည်။ထိုယုံကြည်မူများ ဆင်းသက်လာရာတွင် အယူသီးမူများလည်း ကပ်ငြိပါလာခဲ့ပေသည်။အဆီရီယားလူမျိုးစုတို့သည် ရုတ်တရတ်သွေးထွက်သံယိုမူများဖြစ်လျှင် အပမှီနိုင်သည်ဟု ယုံကြည်ထားကြသည်။ထိုအပြင် အဆီရီယားတို့သည် မိန်းမတို့၏ ဓမ္မတာသွေးကို အလွန်စက်ဆုတ်ကြောက်လန့်လေရာ မိန်းမများရာသီးပနိးပွင့်နေချိန်တွင် ဝေးဝေးမှ ရှောင်ခွါနေတတ်ကြသည်။ယနေ့ခေတ်တွင်မူ အယူသည်းမူများကြောင့် ဆိုးကျိုးတရားခံစားရမူများကိုလည်း တွေ့မြင်နေရသည်။
လောကရှိအယူအစွဲများတွင်အချို့အယူအစွဲများသည်ဓာတ်ကူးမှော်ပညာမှတစ်ဆင့်ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ကျွန်တော်တို့၏မြန်မာလူမျိုးမှာပင်ဘုန်းကြီးအရိပ်မနင်းကောင်းဟူသော အယူအစွဲမှာ ဓာတ်ကူးမှော်ပညာနှင့် ဆက်စပ်လျှက်ရှိနေသည်။ထိုအစွဲကို ဓာတ်ကူးသည့်သဘောဖြင့်ကြည့်လျှင်ဘုန်းကြီးအရိပ်ဟူသည်တစ်နည်းအားဖြင့်ဘုန်းကြီးပင်ဖြစ်ရာ အရိပ်ကိုနင်းခြင်းဖြင့်ဘုန်းကြီးကိုနင်းသည်ဟုအဓိပ္ပါယ် သတ်ရောက်လေသည်။နောက်ထပ်အယူအစွဲတစ်ခုကိုလည်းကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာပင် တွေ့ရှိနိုင်သည်။ထိုအစွဲမှာ ချစ်သူကို လက်ကိုင်ပဝါ လက်ဆောင်ပေးလျှင် မကောင်းဟူ၏။လက်ကိုင်ပဝါမှာ ခွဲခွါခြင်းကို ကိုယ်စားပြုသောကြောင့်ဖြစ်သည်ဟူ၏။ထိုအတူပင် ဆင်တူမှော်ပညာမှ ခွဲထွက်လာသော အယူအဆများလည်း ရှိပါသေးသည်။ဥပမာပြရလျှင် မင်္ဂလာဆောင်တွင်အိုးခွက်ပန်းကန်တို့ မကွဲစကောင်းချေ။အကယ်၍ကျကွဲခဲ့ သော ထိုလူသားနှစ်ဦးပေါင်းစည်းသော အိမ်ထောင်ရေးဘဝသည်လည်း ကွဲတတ်သည်ဟူ၏။အမှန်စင်စစ် အယူအစွဲတို့သည် ပြင်းထန်စွာယုံကြည်နေမိလျှင် မကောင်းမူကိုသာ ဖြစ်စေတတ်သည်မှာ အမှန်ပင်ဖြစ်၏။
ထိုကြောင့်အချို့အယူအစွဲများကို ကျွန်တော်တို့အနေဖြင့် ခေတ်နှင့်အတူ နောက်မှချန်ရစ်ထားခဲ့ရန်လိုပေသည်။

No comments:
Post a Comment
ကော်မန့် လေးတွေချန်ပြီးတော့လည်းအကြံပေးခဲ့ နိုင်ပါတယ်